UWSA ၀ ဌာနချုပ်နယ်မြောက်ဘက် မိုင်းမောမြို့တွင် ပေါက်ကွဲမှုဖြစ်ပွါး သေကြေဒဏ်ရာရသူများ

သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ဟိုပန်ခရိုင် မိုင်းမောမြို့ UWSA ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေတွင် ပေါက် ကွဲမှုတခုဖြစ်ပွါးရာ သေကြေဒဏ်ရာရသူများရှိခဲ့ကြောင်းသိရသည်။


မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲကျော်ခန့်က မိုင်းမောမြို့ရှိ စက်ရုံတရုံပေါက်ကွဲခြင်းဖြစ်ပြီး အနီး တဝိုက်ရှိ လူနေအိမ်များ ထိခိုက်ပျက်စီးမှုများပြားကြောင်း မိုင်းမောဒေသခံများပြောပြချက်အရသိရသည်။

“မီးခိုးတွေအူတက်လာတယ်။ ပြီးတော့ မီးလုံးကြီးတွေနဲ့ ပေါက်ကွဲရော ရပ်ကွက်တဝက်လောက် ထိသွားတယ်။ ပေါက်ကွဲမှုက တအားပြင်းတာ။ ၀ တပ်ပိုင် စက်ရုံပဲလေ။ စစ်သားတွေအမြဲစောင့်တော့ သာမန်ပြည်သူဝင်မရဘူးလေ” – မိုင်းမောမြို့နယ် ဦးဆိုင်ပေါင်း ကပြောသည်။

“ကျောက်မိုင်းခွဲရာမှာ အသုံးပြုတဲ့ ကတ်ယမ်း ပေါက်ကွဲတာဖြစ်ကြောင်း၊ မည်သည့်အကြောင်း ကြောင့်ပေါက်ကွဲသည်ကို မသိရသေးကြောင်း ၊ လူသူထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း သို့သော် စစ်ဆေးမှုပြုနေဆဲဖြစ်ကြောင်း ”- ၀ အထူးဒေသ ၂ ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကပြောကြောင်း ရွှေတြိဂံသတင်းဌာနတွင်ဖော်ပြထားသည်။

လာမည့် ဧပြီလတွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတော်ကြီးကို ပန်ဆန်းတွင်ကျင်းပရန်အတွက်ပြင်ဆင်နေဆဲအချိန်ဖြစ်ရာ ၀ တပ်ဖွဲ့မှ လုံခြုံရေးတင်းကျပ်ထားသော်လည်း ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွါးခဲ့မှုကြောင့် ဒေသခံလူထုများ လုံခြုံရေးအတွက် အထူးစိုးရိမ်နေကြောင်းလည်း ပန်ဆန်းဒေသခံကပြောသည်။ မိုင်းမောမြို့သည် လားရှိုးမြို့အရှေ့ဘက်တည့်တည့် သံလွင်အရှေ့ခြမ်း တွင်ရှိပြီး ပန်ဆန်းမြို့၏ မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့် အကွာတွင်တည်ရှိကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...