Thursday, April 18, 2024

မိုင်းကျက်

လားရှိုးမြို့နယ် ညီနောင်မဟာမိတ်ဖွဲ့ ပြည်သူနေအိမ် ဝင်ရောက်ဖျက်ဆီး၊ ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူနေအိမ်များကို ဝင်ရောက်ဖျက်စီးနေပြီး တိုက်ပွဲကာလ သုံးပတ်အတွင်း ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်‌ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး”...

မိုင်းယော်တိုက်နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်နေ့)က လားရှိုးမြို့ နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်...

လားရှိုးမြို့နယ်အတွင်း ကျေးလက်ဒေသခံများ လူ၊ ကား ချောဆွဲခံနေရ

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် မိုင်းကျက်အုပ်စုဘက်လှုပ်ရှားသည့်အစိုးရတပ်မတော်သည် ဒေသခံရွာသားများထံမှ ၀ါး၊ သစ်များဆင့်ဆိုခြင်း ကား၊ထော်လာဂျီများအား ချောဆွဲခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။ လားရှိုးမြို့အရှေ့ဘက်ရှိ မိုင်းကျက် အုပ်စု တွင်အခြေချသည့် အစိုးရတပ်မတော် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၅ သည် မိုင်းကျက်ဒေသခံများထံမှ ကား၊ ထော်လာဂျီများ တရက်လျင် ၄ စီးဆင့်ဆိုချောဆွဲနေ...

ကျမတို့တောသူတောင်သားဆီကနေ ပြည်သူ့စစ်တပ်က ပိုက်ဆံကောက်တဲ့ကိစ္စ တာဝန်ရှိများကူညီပေးကြပါ

သို့- သျှမ်းသံတော်ဆင့် အယ်ဒီတာ မှတဆင့် ရှမ်းပြည်နယ်အစိုးရ ၊ ပြည်ထောင်စုအစိုးရသို့ ကျမ တို့ရွာဟာ လားရှိုးမြို့အရှေ့ဘက် မိုင် ၆၀ လောက်ဝေးပါတယ်။ လားရှိုး - မိုင်းယော် - မိုင်းကျက် အသွားလမ်း မိုင်းကျက်ရွာမ ကြီးရဲ့ အနောက်ဘက် ၉ မိုင်လောက်ဝေးပါတယ် ကျမတို့ရွာက။ တခြား ရွာတွေတော့...

လက်နက်ကြီးပစ်ခတ်သံကြောင့် လားရှိုးမြို့နယ်အတွင်းကျေးလက် ဆီမီးပူဇော်ပွဲပျက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်ရှိမိုင်းကျက်အုပ်စုတွင် သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲတော် ကျင်းပနေစဉ်  လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံကြောင့်  ရိုးရာ မီးထွန်းပွဲတော်ပျက်ခဲ့ရကြောင်း သိရသည်။ အောက်တိုဘာလ ၂၄ ရက်ညနှင့် ၂၅ ရက်ည   မိုင်းကျက်ရွာလယ်ရှိ ကျောင်းလုံကျောင်းတိုက်တွင် ၂ ည တိုင်တိုင်  ဆီမီးပူဇော်ပွဲကျင်းပမည်ဖြစ်ရာ သီတင်းကျွတ်လပြည့်ည ၈ နာရီအချိန်ခန့်က အဆိုပါကျောင်းတိုက်ရှိ...

လားရှိုးမြို့အရှေ့ဘက်ကျေးရွာတချို့ တပ်မတော်မှ ရွာသားများအား ချောဆွဲခြိမ်းခြောက်နေဟု ရွာသားများပြော

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်အရပ်ရှိ မိုင်းကျက်အုပ်စုတွင် အစိုးရတပ်မ ၉၉ လက်အောက်ခံတပ်ရင်းများသည်ဒေသခံများ၏ အိမ်မွေးကြက်ဝက်များအား ဖမ်းယူစားသောက်ခြင်း ထော်လာဂျီများအား ချောဆွဲ လုပ်အားခိုင်းစေ မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ “သူတို့အဖွဲ့အကျီမှာ တပ်မ ၉၉ လို့ရေးထားတယ်။ ၁၀ ရက်နေ့တုန်းက သူတို့အဖွဲ့ ၄-၅ ယောက် မိုင်းကျက်အုပ်စု...

လားရှိုးမြို့မြောက်ဘက်ကျေးလက်ဒေသတွင် ဌာနေပြည်သူ့စစ်များ အခွန်ကောက်ခံမှုကြောင့် ရွာသားများအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ဒေသတွင်းအုပ်ချုပ်ရေးမှူးအဆင့်ရှိ ဒေသဌာနေပြည်သူ့စစ်က ကျေးလက်အုပ်စု သားများအပေါ် အခွန်ကောက်ခံမှုကြောင့် ရွာသားများအခက်တွေ့နေကြောင်းသိရသည်။ မတ်လ ၁၃ ရက်က ဒီဇယ်အရောင်းခွန် ဟုဆိုကာ ကောက်ခံခဲ့သည်ဟု ရွာသားများကပြောသည်။ “မတ်လ ၁၃ ရက်နေ့က ပြည်သူ့စစ်ရဲ့ ဒေသတွင်း အုပ်ချုပ်ရေးမှူးအဆင့်ရှိသူ စိုင်းထွန်း က မိုင်းကျက် အုပ်စုမှာရှိတဲ့...

Latest news