လားရှိုးမြို့နယ် ညီနောင်မဟာမိတ်ဖွဲ့ ပြည်သူနေအိမ် ဝင်ရောက်ဖျက်ဆီး၊ ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူနေအိမ်များကို ဝင်ရောက်ဖျက်စီးနေပြီး တိုက်ပွဲကာလ သုံးပတ်အတွင်း ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့နယ် မြေပုံ

လားရှိုးမြို့နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်‌ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာ ၂၇ ရက်ကတည်းက ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဝမ်လုံ၊ ဝမ်ကတ်ကျေးရွာများတွင် စခန်းချနေသည့် ညီနောင်မဟာမိတ်တပ်များက ပြည်သူနေအိမ် ဝင်ရောက်ဖျက်ဆီးမှုများ ရှိနေကြောင်း လားရှိုးမြို့နယ် မိုင်းကျက်ဒေသခံများက ပြောသည်။

“ဝမ်လုံ၊ ဝမ်ကတ်ဘက်က ပြည်သူနေအိမ်တွေကို ညီနောင်မဟာမိတ်တပ်သားတွေက ဝင်ဖောက်ပြီး အိမ်ထဲက ဥစ္စာပစ္စည်းတွေကို ယူသွားရောင်းနေတာ။ ဝမ်ကတ်မှာ ရှိတဲ့ ကုန်စုံဆိုင် ၆ ဆိုင်နဲ့ ဝမ်လုံမှာရှိတဲ့ ကုန်စုံဆိုင်တွေ အကုန်လုံးကို သူတို့စစ်သားတွေ ဖောက်နေတာ။ အိမ်တံခါးပိတ်ထားလဲ သူတို့ဖျက်ပြီး ဝင်မွှေကြတယ်။ ဆိုင်ကယ်တွေလဲ ယူစီးသွားပြီး ဆီကုန်တဲ့နေရာမှာ ပစ်ထားခဲ့တယ်”ဟု လားရှိုးမြို့နယ် မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းကျက်

ထို့အပြင် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေသည့် သုံးပတ်အတွင်း ညီနောင်မဟာမိတ်တို့၏ သေနတ်ပစ်သတ်ခံရ၍ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး၊ နောက်တစ်ဦး ပျောက်ဆုံးနေကြောင်း လားရှိုးမြို့နယ် မိုင်းကျက်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ် လဆုတ် (၁၀)ရက် (နိုဝင်ဘာ ၈ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် ဦးတျပ်ဆိုသည့် အမျိုးသားတစ်ဦးကို ညီနောင်မဟာမိတ်တပ်သားများက ဖမ်းဆီးရိုက်နှက်စဉ် ထိုသူက ထွက်ပြေးရန် ပြုလုပ်သဖြင့် သေနတ်ပစ်ခတ်ခံခဲ့ရကြောင်း မိုင်းကျက်ဒေသခံများက ပြောသည်။

“အဲ့ ဦးတျပ် သေနတ်ပစ်ခံရတဲ့ရက်မှာပဲ နားပေါင်းရွာက အသက် ၅၈ နှစ်အရွယ် ဦးယွမ်းမတ် လည်း ပျောက်နေတယ်။ ပြီးတော့ အသက် ၆၀ အရွယ် ဦးလူ ကတော့ လေယာဉ်ဗုံးကြဲတာ ထိမှန်တယ်”ဟု လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် နိုဝင်ဘာလ ၂၀ ရက်မှစကာ နှစ်ဘက်တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဝမ်ကတ်ကျေးရွာရှိ နေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ (နိုဝင်ဘာ ၂၁ ရက်)ကတော့ ဂျက်တိုက်လေယာဉ် တစ်စီးထဲက ၃ ခေါက်လာတာ။ အရင် ၂ ခေါက်လာတာက ဗုံးကြဲသွားတယ်၊ ၃ ကြိမ်မြောက်လာတော့ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်သွားတာ။ မဟာမိတ်တပ်သားတွေကတော့ ရွာထဲမှာ နေရာယူထားတာ။ အခုထိ မထွက်သေးဘူး။ အိမ်တွေကတော့ အလုံး ၃၀ ထက်မနည်း ပျက်ကုန်ပြီ”ဟု လားရှိုးမြို့နယ် မိုင်းကျက်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင်လည်း မိုင်းကျက်ရှိ စစ်ကောင်စီ တပ်စခန်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်စဉ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အဆိပ်ငွေ့ဗုံး အသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...