Sunday, February 5, 2023

လက်နက်ကြီးပစ်ခတ်သံကြောင့် လားရှိုးမြို့နယ်အတွင်းကျေးလက် ဆီမီးပူဇော်ပွဲပျက်

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်ရှိမိုင်းကျက်အုပ်စုတွင် သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲတော် ကျင်းပနေစဉ်  လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံကြောင့်  ရိုးရာ မီးထွန်းပွဲတော်ပျက်ခဲ့ရကြောင်း သိရသည်။

Photo Credit to မိုင်းကျက်မီဒီယာ ဖေ့စ်ဘု / ဆီမီးပူဇော်ပွဲကျင်းပသည့် မိုင်းကျက်ဒေသရှိ စေတီတော်။ အဆိုပါစေတီတော်အရှေ့ဘက် ရွာအပြင်ပိုင်းတွင် လက်နက်ကြီးကျည်ပေါက်ကွဲသံကြားရဟုရွာသားများပြော။

အောက်တိုဘာလ ၂၄ ရက်ညနှင့် ၂၅ ရက်ည   မိုင်းကျက်ရွာလယ်ရှိ ကျောင်းလုံကျောင်းတိုက်တွင် ၂ ည တိုင်တိုင်  ဆီမီးပူဇော်ပွဲကျင်းပမည်ဖြစ်ရာ သီတင်းကျွတ်လပြည့်ည ၈ နာရီအချိန်ခန့်က အဆိုပါကျောင်းတိုက်ရှိ ဆီမီးပူဇော် သည့်စေတီတော်၏အရှေ့ဘက် ရွာအပြင်ပိုင်းတွင်  လက်နက်ပေါက်ကွဲသံ ၅ ကြိမ်ဆက်တိုက်ကြားရကြောင်း မိုင်းကျက်ဒေသခံ လုံစိုင်းဆာမ် ကပြောသည်။

“သီတင်းကျွတ်လပြည့်ည ဆိုရင် အဲ့ကျောင်းမှာ သက်ကြီးရွယ်အိုတွေက ဥပုပ်စောင့်ကြတယ်။ ရိုးရာ ဆီမီးထွန်း ပူဇော်ပွဲကောကျင်းပတယ်။ ရိုးရာကပွဲတွေ မုန့်တွေဘာတွေရောင်းတဲ့ဈေးတန်းလေးတွေလဲရှိတယ်။ ဒါမယ့်ဒီနှစ်ကျ တော့ ဗြောက်လုံး၀ မဖောက်ရ ၊ လုံး၀ မရောင်းရလို့တားထားတယ်။ ရောင်းတဲ့လူလည်းမရှိလူး။ ဒါမယ့် ည ၈ နာရီလောက်တုန်းက ပေါက်ကွဲသံဆက်တိုက် ၅ ကြိမ်ကြားရလို့ ပွဲပျက်သွားတယ်။ ဥပုပ်သည်တွေ ကောင်းကောင်းဥပုပ်သီလ မစောင့်နိုင်ကြဘူး။ ဒီည သီတင်းကျွတ်လဆုတ် ၁ ရက်၊ ရွာသားတွေစုပေါင်းပြီး ကျောင်းထိုင်ဆရာတော်ကိုကန်တော့ကြမှာ။ အဲတာ ပေါက်ကွဲသံထပ်ဖြစ်မှာကို အားလုံးက စိုးရိမ်ပူပန်နေကြတယ် ”- ဟု လုံးစိုင်းဆာမ် က သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ဗုံးဖောက်မှုလက်သည်ကို မသိရကြောင်း၊ ပေါက်ကွဲမှုကြောင့်လည်း စစ်တပ်အပါအဝင် ပြည်သူ့စစ်တပ်၊ ကျေးလက်အကြီးအကဲများ အလေးထားစုံစမ်မေးမြန်းမှုမပြုခဲ့ကြောင်း၊ လုံခြုံရေးလည်း တိုးမြင့်ယူပေးခြင်းမရှိကြောင်း ထို့ကြောင့် ယခုည ထိုသို့ ပေါက်ကွဲမှုထပ်မံဖြစ်ပွါးမည်ကို ရွာသားများစိုးရိမ်ပူပန်နေကြကြောင်း လားရှိုးရောက် မိုင်းကျက်ဒေသခံကလည်းပြောသည်။

“ပေါက်ကွဲမှုမဖြစ်မှီလေးမှာ ၉၉ တပ်က တပ်ရင်းမှူး ဖြိုးစိန်သူထွန်း ဆိုသူဦးဆောင်တဲ့အဖွဲ့က ဒီစေတီတော်မှာ သာကူ လာပြီးလှူနေသေးတယ်။ သူတို့ပြန်သွားပြီးမကြာခင်မှာဘဲပေါက်ကွဲတာ။” – ဟု လုံးစိုင်းဆာမ် ကဆက်လက်ပြောပြ သည်။

လားရှိုးမြို့နယ် အရှေ့ဘက်မိုင် ၅၀ ကျော်ရှိ မိုင်းကျက်အုပ်စုတွင် ယခင်က မန်ပန်ပြည်သူ့စစ်များ လှုပ်ရှားပြီး ၂၀၁၄ ခုနှစ်ကစပြီး တပ်မ ၉၉ ကလာရောက်အခြေချလှုပ်ရှားသည်။

Leave a Comments

- Advertisement -spot_img

Latest article