လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက ပြောသည်။

“စစ်မဖြစ်ခင်တုန်းက စစ်မှုထမ်းခေါ်ဖို့ တစ်ခါ ကြားသေးတယ်လေ။ အိမ်မှာ သား ၂ ယောက်နဲ့ သမီး ၁ ယောက်ရှိတာ စာရင်းယူသွားတယ်၊ အဲ့တုန်းက ၁၀၂၇ အစပဲ ရှိသေးတယ်။ အိမ်ထောင်မကျသေးရင် စစ်မှုထမ်းသွားရမယ်၊ မိန်းကလေးလည်း ခေါ်မယ်ဆိုပြီး ကြားထဲမှာ ငြိမ်သွားတယ်။ အခုလည်း ရပ်ကွက်လူကြီးတွေကိုယ်တိုင် ရပ်ကွက်ထဲ ထပ်ဆင်းနေပြီဆိုတော့ အဲ့တာ စိုးရိမ်နေရတာ” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” အစပိုင်း ၂၀၂၄ ခုနှစ်တွင် လားရှိုးမြို့ပေါ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းခေါ်ယူရန် ရပ်ကွက်အလိုက် လူငယ်များကို မဲနှိုက်ခိုင်းခဲ့သော်လည်း မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်၏ ဖိအားပေးမှုကြောင့် ယမန်နှစ် ၂၀၂၅ ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင်အကွာအဝေးတွင် ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်တပ်မှ ပြန်လည်အုပ်ချုပ်ခဲ့သည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင်လည်း MNDAA ဘက်မှ တပ်သားသစ် (၄၀) ယောက် စုဆောင်းပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ‌ခေါ်ယူကာ တောင်းဆိုထားကြောင်း နမ့်ပေါင်ဒေသခံများက ပြောသည်။

“နမ့်ပေါင်မှာ ကိုးကန့်ဘက်က ရပ်ကွက် (၈) ခု ပြန်လာဖွဲ့ပေးထားတော့ တစ်ရပ်ကွက်ကို ၅ ယောက်စီ တောင်းထားတယ်။ ပြောတာတော့ ပြည်သူ့စစ် လုပ်ပြီး ရွာစောင့်ဖို့ပဲ။ ဒါပေမယ့် စစ်သင်တန်းလည်း တက်ရမယ်၊ စစ်ဝတ်စုံနဲ့ သေနတ်လည်း ထုတ်ပေးမယ်၊ လစာလည်း ပေးမယ် ရွာမှာပဲ ပြန်နေရမယ်လို့တော့ ပြောတာပေါ့။ ဒီတစ်ခေါက် လူထပ်ရှာပေးရရင် သုံးကြိမ်မြောက် ရှိပြီ” ဟု နမ့်ပေါင်ကျေးရွာအုပ်စုမှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား MNDAA ထိန်းချုပ်ထားသည့် မန်ပျဉ်၊ မန်စယ်၊ နားနန်း၊ မိုင်းပိုင်၊ ကွန်သျှိုး၊ ကုံးမုံ စသည့် ကျေးရွာအုပ်စုများတွင် အတင်းအကြပ် တပ်သားသစ် စုဆောင်းနေပြီး အချို့ကျေးရွာများမှာ လူရှာမရခြင်းကြောင့် သံလွင်စံပြကျေးရွာရှိ MNDAA တပ်စခန်းသို့ သွားရောက်တောင်းပန်ထားရကြောင်း ဒေသခံများက ပြောဆိုသည်။

“ကိုးကန့်ထိန်းချုပ်တဲ့ နေရာတိုင်းလိုလို စစ်သားကောက်နေတယ်။ မန်ပျဉ်အုပ်စုဘက်လည်း ၁၀ ယောက် တောင်းထားတာ၊ ပေးစရာလူမရှိလို့ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေက သံလွင်ရွာမှာ ကိုးကန့်ကို သွားတောင်းပန်ထားရတယ်။ သူတို့ဘက်ကလည်း အထက်ကို ပြန်ပြောကြည့်မယ်လို့ပဲ အကြောင်းပြန်ထားတယ်။ မိုင်းပိုင်အုပ်စုဘက်လည်း ၃ ရွာပေါင်း ၅ ယောက် အဲ့လို တောင်းနေတာ” ဟု နမ့်ပေါင်ဒေသခံ အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို တရုတ်ဖိအားကြောင့် စစ်ကော်မရှင်တပ်ထံ ယမန်နှစ် ၂၀၂၅ ဧပြီလအတွင်း ပြန်လည်အပ်နှံခဲ့ပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်တို့ အပြိုင်အဆိုင် တပ်သားသစ် စုဆောင်းနေသည့်ကြားက MNDAA ဖမ်းဆီးထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀၀ ဦးနှင့် အကျဉ်းသား ၅ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း MNDAA သတင်းများ ဖော်ပြနေသည့် ကိုးကန့်သတင်းကွန်ရက်မှ ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...