Tuesday, January 27, 2026

တပ်သားစုဆောင်း

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

မိုးကုတ် TNLA မှ မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံထပ်မံထွက်ပြေးရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မတ်လ (၆) ရက်မှ စတင်ပြီး မိုးကုတ်မြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများကို TNLA ဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ကာ မြို့စောင့်တပ် ဖွဲ့စည်းရန်နှင့် အသက် ၁၈ နှစ်မှ...

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...

PNO တွင် စစ်မှုထမ်းရန်အတွက် ဆယ်ရက်တစ်ကြိမ် တပ်သားသစ် စုဆောင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြောက်ဘက်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ဆယ်ရက် တစ်ကြိမ် တပ်သားသစ် (၅) ယောက်စီ စုဆောင်းနေကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် ( PNO)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA) တို့ တိုက်ပွဲ...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...

စစ်ကောင်စီဝါဒဖြန့် တပ်သားစုဆောင်းမှု လှုံ့ဆော်ခြင်း သတိပြုရန်လိုအပ်

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာသည့်နှင့်အမျှ နှစ်ဖက်ထိခိုက်သေဆုံးမှု အကျအဆုံးများလာစဉ်တွင် အပြန်အလှန် တပ်သားစု ပြုလုပ်လာနေကြောင်း တွေ့ရသည်။ လက်ရှိ သျှမ်းမြောက်ဒေသအတွင်း ဖြစ်ပေါ်နေသော “ ၁၀၂၇ စစ်ဆင်ရေး “ အပါအဝင် နေရာအနှံ့အပြား တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ မြေပြင်စစ်ရေး ကျဆုံးမှု...

လက်နက်ကိုင်တပ်ဖွဲ့အချို့ တပ်သားစုဆောင်းရေး၊ အခွန်ကောက်ယူမှု ပြန်လည်လျော့ချပေးရန် ကျားဖြူပါတီ တောင်းဆို

လက်နက်ကိုင်တပ်ဖွဲ့အချို့၏ တပ်သားစုဆောင်းရေးပေါ်လစီနှင့် ဘဏ္ဍာရှာဖွေရေး အခွန်အကောက်ပေါ်လစီများ ပြန်လည်လျော့ချပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီက တောင်းဆိုလိုက်သည်။ ယခုကာလသည် ပြည်တွင်းစီးပွားရေးကျဆင်းမှု အလုပ်အကိုင်ရှားပါးမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများတိုးပွားလာမှု၊ စစ်ဘေးရှောင်နေကြရမှု၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့ တပ်သားသစ်စုဆောင်းမှုနဲ့ ဘဏ္ဍာရေး အခွန်ကောက်ယူမှုကြောင့် တိုင်းရင်းသားများသည် တိုင်းတပါးသို့ ရွှေ့ပြောင်းသွားကြကြောင်း SNDP ထုတ်ချက်တွင်ရေးသားထားသည်။ ထို့သို့ တိုင်းတပါးသို့ အလုံးအရင်းဖြင့်...

Latest news