စစ်ကောင်စီဝါဒဖြန့် တပ်သားစုဆောင်းမှု လှုံ့ဆော်ခြင်း သတိပြုရန်လိုအပ်

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာသည့်နှင့်အမျှ နှစ်ဖက်ထိခိုက်သေဆုံးမှု အကျအဆုံးများလာစဉ်တွင် အပြန်အလှန် တပ်သားစု ပြုလုပ်လာနေကြောင်း တွေ့ရသည်။

လက်ရှိ သျှမ်းမြောက်ဒေသအတွင်း ဖြစ်ပေါ်နေသော “ ၁၀၂၇ စစ်ဆင်ရေး “ အပါအဝင် နေရာအနှံ့အပြား တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ မြေပြင်စစ်ရေး ကျဆုံးမှု များလာပြီးနောက် စစ်မှုထမ်းဟောင်း ခေါ်ယူခြင်း၊ တပ်သားအသစ်စုဆောင်းခြင်း ပြုလုပ်နေသလို ကိုကန်းတပ်ဖွဲ့ MNDAA မှ ၎င်းထိန်းချုပ်ရာ ဒေသအတွင်း တပ်သားအသစ် စုဆောင်း နေကြောင်း တွေ့ရသည်။

ယခုတစ်ခါတွင် စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်မှ လူမှုကွန်ပေါ် စစ်တပ်ထောက်ခံသူများကို ကော့မန့်၊ မက်ဆင်ဂျာ Chat Box မှတစ်ဆင့် ဆက်သွယ်၍ တပ်သားအသစ်စုဆောင်းခိုင်းရန် လှုံ့ဆော်နေသည်။

Archive Link – https://archive.ph/YtiFK

ထို့ကြောင့် လူငယ်များအနေဖြင့် အထူးသတိပြုရန် လိုအပ်သည်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့နေသော အကြောင်းအရာ၊ အလုပ်ခေါ်စာ အခွင့်အလမ်း စသည့်ဖြင့် အလုပ်မျိုးကို အလွယ်တကူ မယုံကြည်ကြရန် လိုအပ်သည်။

ယခုခေတ်ကာလ အခြေအနေ မကောင်းသည့်ကြားတွင် လူငယ်များကို မက်လုံးအမျိုးမျိုးပေးပြီး သွေးဆောင်ဖြားယောင်း လိမ်လည်မှုများ ရှိနေသည်။

မူရင်းလင့် – https://burmese.shannews.org/archives/35128

ထို့အပြင် စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်များသည် စစ်ရေးအတွက် ထောက်တိုင်တစ်ခု အဖြစ်အသုံးပြု နေကြောင်း၊ လှုမှုကွန်ရက်ပေါ်မှ တစ်ဆင့် စစ်တပ်ဝေဖန်သူများ၊ NUG နှင့် PDF ပတ်သက်သူများကို လိပ်စာဖော်ပြခြင်းဖြင့် ဖမ်းဆီးရန် လှုံ့ဆော်မှုကြောင့် ဖမ်းဆီးခံရသူများ ရှိနေသည်။

စစ်တပ်အာဏာသိမ်းချိန် ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန် အထိ လှုမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံ အားပေးသည့် ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁,၃၁၆ ဦး ရှိကြောင်း Data For Myanmarက အောက်တိုဘာလတွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...