Tuesday, January 27, 2026

စစ်ကောင်စီဝါဒဖြန့် တပ်သားစုဆောင်းမှု လှုံ့ဆော်ခြင်း သတိပြုရန်လိုအပ်

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာသည့်နှင့်အမျှ နှစ်ဖက်ထိခိုက်သေဆုံးမှု အကျအဆုံးများလာစဉ်တွင် အပြန်အလှန် တပ်သားစု ပြုလုပ်လာနေကြောင်း တွေ့ရသည်။

လက်ရှိ သျှမ်းမြောက်ဒေသအတွင်း ဖြစ်ပေါ်နေသော “ ၁၀၂၇ စစ်ဆင်ရေး “ အပါအဝင် နေရာအနှံ့အပြား တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ မြေပြင်စစ်ရေး ကျဆုံးမှု များလာပြီးနောက် စစ်မှုထမ်းဟောင်း ခေါ်ယူခြင်း၊ တပ်သားအသစ်စုဆောင်းခြင်း ပြုလုပ်နေသလို ကိုကန်းတပ်ဖွဲ့ MNDAA မှ ၎င်းထိန်းချုပ်ရာ ဒေသအတွင်း တပ်သားအသစ် စုဆောင်း နေကြောင်း တွေ့ရသည်။

ယခုတစ်ခါတွင် စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်မှ လူမှုကွန်ပေါ် စစ်တပ်ထောက်ခံသူများကို ကော့မန့်၊ မက်ဆင်ဂျာ Chat Box မှတစ်ဆင့် ဆက်သွယ်၍ တပ်သားအသစ်စုဆောင်းခိုင်းရန် လှုံ့ဆော်နေသည်။

Archive Link – https://archive.ph/YtiFK

ထို့ကြောင့် လူငယ်များအနေဖြင့် အထူးသတိပြုရန် လိုအပ်သည်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့နေသော အကြောင်းအရာ၊ အလုပ်ခေါ်စာ အခွင့်အလမ်း စသည့်ဖြင့် အလုပ်မျိုးကို အလွယ်တကူ မယုံကြည်ကြရန် လိုအပ်သည်။

ယခုခေတ်ကာလ အခြေအနေ မကောင်းသည့်ကြားတွင် လူငယ်များကို မက်လုံးအမျိုးမျိုးပေးပြီး သွေးဆောင်ဖြားယောင်း လိမ်လည်မှုများ ရှိနေသည်။

မူရင်းလင့် – https://burmese.shannews.org/archives/35128

ထို့အပြင် စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်များသည် စစ်ရေးအတွက် ထောက်တိုင်တစ်ခု အဖြစ်အသုံးပြု နေကြောင်း၊ လှုမှုကွန်ရက်ပေါ်မှ တစ်ဆင့် စစ်တပ်ဝေဖန်သူများ၊ NUG နှင့် PDF ပတ်သက်သူများကို လိပ်စာဖော်ပြခြင်းဖြင့် ဖမ်းဆီးရန် လှုံ့ဆော်မှုကြောင့် ဖမ်းဆီးခံရသူများ ရှိနေသည်။

စစ်တပ်အာဏာသိမ်းချိန် ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန် အထိ လှုမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံ အားပေးသည့် ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁,၃၁၆ ဦး ရှိကြောင်း Data For Myanmarက အောက်တိုဘာလတွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...