အသက်မပြည့် ကလေးငယ်များကို မက်လုံးအမျိုးမျိုးပေးပြီး ဖြားယောင်းမှုရှိလား

သျှမ်းပြည်အတွင်းရှိ ခေတ်ကာလ အခြေအနေ မကောင်းသည့်ကြား အသက်မပြည့်သေးသည့် ကလေးငယ်များကို မက်လုံးအမျိုးမျိုးပေးပြီး လိမ်လည်ဖြားယောင်းနေကြောင်း စုံစမ်းသိရသည်။

လိမ်လည်ဖြားယောင်းသွားတဲ့ အမျိုးသား

ပြီးခဲ့သည့် မေလ ၂၇ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်မှ နေအိမ်ကနေ ပျောက်ဆုံးသွားသည့် မောင်ဉက္ကာဆိုသူကို ၎င်းမိသားစုဝင်များက အဆင့်ဆင့်ချိတ်ဆက်ပြီး ရှာဖွေခဲ့ရာ မိုးကုတ်မြို့၌ ပြန်လည်တွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် မောင်ဉက္ကာ ကို အွန်လိုင်းပေါ်မှ မိုးကုတ်မြို့နေ အမျိုးသားတစ်ဦး နှင့် အပြန်အလှန် ချိတ်ဆက်ပြီး အလုပ်ရှာဖွေပေးခြင်း ကျောင်းထားပေးခြင်း နှင့် ခရီးထွက်ရမည် ဟုသည့် မက်လုံးပေးကာ ခေါ်ဆောင်သွားကြောင်း မောင်ဉက္ကာ၏ ဉီးလေးဖြစ်သူက ပြောသည်။

“သူ့ကို ဘယ်လိုခြေရာခံမိတုန်းဆိုတော့ အစက ပျောက်သွားတာ ဖုန်းလည်းပိတ်ထားတယ်။ ဒီကလေး ဘယ်မှ မသွားတတ်၊ မလာတတ် ကလေးလည်းဟုတ်တော့ ကျနော်တို့ ရှာဖို့က တော်တော်ခက်ခဲတယ်။ ရှာဖို့ ခက်ခဲတော့ အဲ့မှာသူ့အစ်မက သဲလွန်စလေးရမလားဆိုပြီး အဲ့ည မွှေနှောက်ပြီးရှာတော့ သူရဲ့ဖေ့ဘုတ် Password စာအုပ်ထဲမှာ တွေ့တယ်။ တွေ့တော့ မိုးကုတ်ကတစ်ယောက်နဲ့ အချိတ်ဆက်၊ အပြန်အလှန်စကားပြောတဲ့ဟာတွေ့တယ် “ ဟု ၎င်းဦးလေးက ပြောသည်။

မောင်ဉက္ကာသည် မေလ ၂၇ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ၎င်းနေအိမ်မှ ထွက်သွားပြီး ရဲထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ နှင့် မန္တလေး ကားလက်မှတ်ကို ဖြတ်ယူပြီး မန္တလေးမြို့ရှိ အမည်မဖော်လို ဟိုတယ်တစ်ခု၌ ထိုမိုးကုတ်မြို့နေ အမျိုးသားတစ်ဦး နှင့်အတူ တစ်ညတည်းခဲ့ပြီးသည့်နောက် မိုးကုတ်မြို့ကို လိုင်းကားအဆင့်ဆင့်စီးပြီး သွားခဲ့သည်။

ကားလက်မှတ်

“မန္တလေးဟိုတယ်တစ်ခုမှာ သူတစ်ညတည်းခဲ့တယ်လို့ သတင်းရတော့ အဲ့ဟိုတယ်ဆီကို ဖုန်းဆက်မေးခဲ့တာ။ ပျောက်သွားကလေးနဲ့ ခေါ်သွားတဲ့သူရဲ့ ဓာတ်ပုံကို ပို့ပေးတယ်။ ဟိုဖက်ကလည်း ဟုတ်တယ်။ ဒီကလေးနဲ့ ဒီလူတစ်ယောက် မနေ့က ဟိုတယ်မှာလာတည်းသွားတယ်လို့ ပြောတယ်။ အဲ့ဆို ကျနော်တို့ကို ကူညီပေးပါ၊ ဒါ ရာဇဝတ်မြောက်တယ် အသက်မပြည့်သေးတဲ့ ကလေးကို ခေါ်သွားတာဆိုတော့ သူတို့ ဘယ်ကိုသွားသလဲ ဆိုပြီး အကူညီတောင်းခဲ့တယ် “ ဟု ၎င်း ဦးလေးက ဖြစ်ပျက်ခဲ့သည့် အကြောင်းကို ပြောသည်။

ထို မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုမှတစ်ဆင့် မောင်ဉက္ကာ နှင့် ၎င်းကိုခေါ်ဆောင်သွားခဲ့သည့် အမျိုးသားတစ်ဦးသည် Taxi ကားစီးပြီး လိုင်းကား ထပ်မံစီးခဲ့ရာ မိုးကုတ်မြို့သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ မောင်ဉက္ကာကို ၎င်းမိသားစုဝင်များက ပြန်လည်ရှာဖွေတွေ့ရန်အတွက် အဆင့်ဆင့် ဖုန်းနံပါတ်တောင်းယူပြီး လိုက်လံစုံစမ်းခဲ့ရာ မိုးကုတ်မြို့တွင်း ရောက်ရှိနေသည့် မောင်ဉက္ကာကို နေရပ်လိပ်စာ အတိအကျ သိခဲ့သည်။

“အဲ့မှာ ကျနော်တို့လည်း အချိတ်အဆက် တဖြည်းဖြည်း နဲ့ ရလာတော့ မိုးကုတ်ကိုခေါ်သွားတဲ့ ကားသမား ဖုန်းနံပါတ် ထပ်ရနိုင်မလားတောင်းတယ်။ မိုးကုတ်မြို့ ဘယ်ရပ်ကွက်၊ ဘယ်လမ်း၊ အိမ်ခြံနံပါတ် ဘယ်လောက်ဆိုပြီး သူက အိမ်တိုင်ရာရောက် ပို့ပေးခဲ့တယ်လို့ ပြောတယ်။ ပို့ပေးခဲ့တဲ့ ရပ်ကွက်က ကျနော်တို့ရဲ့ အသိမိတ်ဆွေ တစ်ယောက်နေတဲ့ ရပ်ကွက်ဖြစ်တယ်။ အဲ့နေ့ ကျနော်တို့ မိတ်ဆွေကို အကူအညီ လှမ်းတောင်းခဲ့တယ် “ ဟု ၎င်းကထပ်လောင်းပြောသည်။

ယင်းကဲ့သို့ အကူအညီ လှမ်းတောင်းခဲ့သည့်အတွက် မေလ ၃၀ ရက်တွင် မောင်ဉက္ကာကို ပြန်လည်အဆက်သွယ် ရခဲ့ပြီး ၎င်း၏ မိသားစုဝင်များက သွားရောက်ခေါ်ယူခဲ့ကာ ယနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းတွင် အိမ်ကို ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးကို ခေါ်ဆောင်သွားသည့် အမျိုးသားကိုတော့ တရားစွဲဆိုခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။

အလားတူ မေလ ၁၅ ရက် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့်အတူ ၎င်း၏ သူငယ်ချင်း ၂ ဦးကို အသက် ၂၀ နှစ်အရွယ် အမျိုးသမီး လိမ်လည်ဖြားယောင်းခံရပြီး အဆိုပါ ကလေးငယ် ၃ ဦး အနက် အမျိုးသမီးငယ်တစ်ဦးကို မေလ ၂၀ ရက်မှာ “ဝ” UWSA တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းပေါက်မြို့ ၌ ပြန်လည်တွေ့ရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူပျောက်မှု မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ လူပျောက်မှု နောက်ကွယ်မှာ သတ်ဖြတ်ခံရခြင်း၊ လိမ်လည် ဖြားယောင်းခံရခြင်းကြောင့် နယ်စပ်ဒေသ လောက်ကိုင်၊ မိုင်းပေါက်မြို့တွင် လိမ်လည် ဖြားယောင်းခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...