Tuesday, January 27, 2026

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။

ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့် မိဘများကို တစ်လကျော်သည့်တိုင် ပြန်မလွှတ်သေးဘဲ မိသားစုဝင်ထဲမှ သားယောကျ်ားဖြင့် အစားထိုး လဲလှယ်ရန် ပြောဆိုကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“မိုင်းရင်ဘက်တော့ SSPP က တပ်သားသစ်စုတာ ရှိတယ်၊ အိမ်က လူကြီးတွေကို ဖမ်းခေါ်သွားတာမျိုး မပြောမဆို ဒီတိုင်းခေါ်သွားတာ။ လောလောဆယ် သိတာတော့ သားနှစ်ယောက် သုံးယောက်ရှိတဲ့အိမ် တစ်ရွာနည်းနည်းဆီ ပါသွားတယ်၊ စာရင်းတော့ မရှိထားဘူး။ သျှမ်းတပ်က ဖမ်းထားတာ”ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် SSPP မှ စစ်သင်တန်းပေးနေစဉ်

နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုမှ SSPP ၏ ဖမ်းဆီးခေါ်ဆောင်ခံထားရသူများထဲတွင် အသက် ၅၀ ကျော်အရွယ် သက်ကြီးအမျိုးသမီးများလည်း ပါဝင်နေပြီး မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်ခွင့်မပေးဘဲ အတွေ့မခံကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

နမ္မတူမြို့နယ်အတွင်း SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် သက်ကြီးရွယ်အိုများကို ဖမ်းဆီးပြီး သားသမီးလူစားထိုး လဲလှယ်ခိုင်းခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုနှင့် ဗိုလ်မှူးစိုင်းဖုန်းဟန်တို့ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ထို့အပြင် ဖမ်းဆီးခံထားရသူများကို SSPP မှ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စု၌ပင် စစ်သင်တန်းပေးနေခြင်းကြောင့် ရောဂါအခံ ရှိထားသည့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စိတ်ပူရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောဆိုသည်။

“အပြင်လူနဲ့ လူစားသွားထိုးတာ လက်မခံဘူး၊ သားသမီး မဟုတ်ရင် ဖခင် သွားမှရတာတဲ့။ အိမ်က ယောကျ်ားသား မရှိလို့ လူကြီးခေါ်သွားတာ မလွှတ်သေးဘူး။ လူကြီးဆိုတော့ ရောဂါ‌အခံလည်း ရှိတော့ ကျန်းမာရေးပိုင်း စိတ်ပူတာပေါ့။ သားနဲ့ အစားသွားထိုးရင်တော့ လွှတ်တယ်။ အဲ့လိုတော့ ပြောတာပဲ”ဟု မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ္မတူမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ၂၀၂၃ ဒီဇင်ဘာလ နှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး နမ္မတူမြို့နယ်အတွင်း သျှမ်းတပ် SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့လည်း သွားလာလှုပ်ရှားလျက်ရှိသည်။

ယမန်နှစ် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလာပြီးနောက် စစ်ကောင်စီနှင့် စစ်ရေး မပြုလုပ်သည့် သျှမ်းတပ် ၂ တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ကလည်း သျှမ်းလူထုများ သျှမ်းတပ်ထဲသို့ ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်မှု အသီးသီး ပြုလုပ်ခဲ့သည့်အပြင် မြို့နယ်အသီးသီး၌ တပ်သားသစ်စုဆောင်းမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...