နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။

ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့် မိဘများကို တစ်လကျော်သည့်တိုင် ပြန်မလွှတ်သေးဘဲ မိသားစုဝင်ထဲမှ သားယောကျ်ားဖြင့် အစားထိုး လဲလှယ်ရန် ပြောဆိုကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“မိုင်းရင်ဘက်တော့ SSPP က တပ်သားသစ်စုတာ ရှိတယ်၊ အိမ်က လူကြီးတွေကို ဖမ်းခေါ်သွားတာမျိုး မပြောမဆို ဒီတိုင်းခေါ်သွားတာ။ လောလောဆယ် သိတာတော့ သားနှစ်ယောက် သုံးယောက်ရှိတဲ့အိမ် တစ်ရွာနည်းနည်းဆီ ပါသွားတယ်၊ စာရင်းတော့ မရှိထားဘူး။ သျှမ်းတပ်က ဖမ်းထားတာ”ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် SSPP မှ စစ်သင်တန်းပေးနေစဉ်

နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုမှ SSPP ၏ ဖမ်းဆီးခေါ်ဆောင်ခံထားရသူများထဲတွင် အသက် ၅၀ ကျော်အရွယ် သက်ကြီးအမျိုးသမီးများလည်း ပါဝင်နေပြီး မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်ခွင့်မပေးဘဲ အတွေ့မခံကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

နမ္မတူမြို့နယ်အတွင်း SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် သက်ကြီးရွယ်အိုများကို ဖမ်းဆီးပြီး သားသမီးလူစားထိုး လဲလှယ်ခိုင်းခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုနှင့် ဗိုလ်မှူးစိုင်းဖုန်းဟန်တို့ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ထို့အပြင် ဖမ်းဆီးခံထားရသူများကို SSPP မှ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စု၌ပင် စစ်သင်တန်းပေးနေခြင်းကြောင့် ရောဂါအခံ ရှိထားသည့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စိတ်ပူရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောဆိုသည်။

“အပြင်လူနဲ့ လူစားသွားထိုးတာ လက်မခံဘူး၊ သားသမီး မဟုတ်ရင် ဖခင် သွားမှရတာတဲ့။ အိမ်က ယောကျ်ားသား မရှိလို့ လူကြီးခေါ်သွားတာ မလွှတ်သေးဘူး။ လူကြီးဆိုတော့ ရောဂါ‌အခံလည်း ရှိတော့ ကျန်းမာရေးပိုင်း စိတ်ပူတာပေါ့။ သားနဲ့ အစားသွားထိုးရင်တော့ လွှတ်တယ်။ အဲ့လိုတော့ ပြောတာပဲ”ဟု မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ္မတူမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ၂၀၂၃ ဒီဇင်ဘာလ နှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး နမ္မတူမြို့နယ်အတွင်း သျှမ်းတပ် SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့လည်း သွားလာလှုပ်ရှားလျက်ရှိသည်။

ယမန်နှစ် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလာပြီးနောက် စစ်ကောင်စီနှင့် စစ်ရေး မပြုလုပ်သည့် သျှမ်းတပ် ၂ တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ကလည်း သျှမ်းလူထုများ သျှမ်းတပ်ထဲသို့ ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်မှု အသီးသီး ပြုလုပ်ခဲ့သည့်အပြင် မြို့နယ်အသီးသီး၌ တပ်သားသစ်စုဆောင်းမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...