PNO တွင် စစ်မှုထမ်းရန်အတွက် ဆယ်ရက်တစ်ကြိမ် တပ်သားသစ် စုဆောင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြောက်ဘက်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ဆယ်ရက် တစ်ကြိမ် တပ်သားသစ် (၅) ယောက်စီ စုဆောင်းနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် ( PNO)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဆီဆိုင်ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

PNO တပ်သားများ

ယခုလက်ရှိတွင် ဆီဆိုင်မြို့အတွင်း တိုက်ပွဲများရပ်နားနေပြီး ကျေးရွာအများစုမှာ တိုက်ပွဲ ပြင်းထန်လျက်ရှိကာ တိုက်ပွဲရပ်တန့်နေ့သည့် ဆီဆိုင်မြို့တွင်း လာရောက်နေထိုင်ရန်အတွက် (PNO) မှ စစ်ဘေးရှောင်ပြည်သူများကို ပြန်ခေါ်ကာ စစ်မှုထမ်းခိုင်းနေကြောင်းသိရသည်။

“ စစ်ရှောင်တွေကို နေအိမ်ပြန်လာခိုင်းတယ်။ မပြန်လာရင် ခြံဝိုင်းသိမ်းမယ်လို့ပြောလို့ ပြန်လိုက်ရတယ်။ ပြန်ရောက်တော့ ဆယ်ရက်တစ်ခါ လူ(၅) ယောက် ပေးရမယ်ပြောတယ်။ ပိုက်ဆံလည်း ထည့်ရတယ်။ “ ဟု ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်မှုထမ်းဆင့်ခေါ်မှုကြောင့် ဆယ်ရက်လျှင် လူ(၅)ယောက်ပေးနေရပြီး ယခုဆိုလျှင် သုံးကြိမ်မြောက် စုဆောင်းသွားကြောင်း ၎င်းကဆက်ပြောသည်။

ဒါ့အပြင် (PNO) မှ စစ်ဖိနပ်နှင့် ယူနီဖောင်း အတွက် တစ်အိမ်လျှင် ကျပ်ငွေ( ၄သောင်းအထက်) ကောက်ယူနေပြီး ကားရှိသည့် အိမ်လျှင် ကျပ်ငွေ တစ်သိန်းနှင့် ထော်လာဂျီ ရှိသည့် အိမ်လျှင် ကျပ်ငွေ( ၅သောင်း) စသည်ဖြင့် ကောက်ယူနေလျှက်ရှိသည်။

စစ်သင်တန်းတက်ပြီးသည့် သူများကို လုံခြုံရေးဂိတ်စောင့်အဖြစ်ထားပြီး အချို့သောသင်တန်းသားကို ရှေ့တန်းသို့ပို့ဆောင်နေကြောင်းသိရသည်။

“ ဘာမှမတတ်တဲ့ သူတွေကို ရှေ့တန်းပို့တာ။ တချို့မိဘတွေဆို ငိုပြီး (PNO) ကိုတောင်းပန်တယ်။ သူတို့ကို မသွားခိုင်းဖို့ ဒါပေမဲ့ မရဘူး သွားရတယ်။ ရှေ့တန်းပို့လိုက်တဲ့ လူတွေအတွက် မိဘတွေက ဗေဒင်မေးပြီး ယတြာတွေ လုပ်ပေးနေရတယ်။” ဟု အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ယခု လက်ရှိဆီဆိုင်မြို့တွင် အလုပ်အကိုင်ရှားပါးလာကာ ကုန်ဈေးနူန်းတွေ တက်လာကြောင့် စားဝတ်နေရေးအတွက် ခက်ခဲနေပြီး သူခိုးများ ပေါများနေကြောင်းသိရသည်။

ယခုဆီဆိုင်မြို့နယ်အတွင်း တကျော့ပြန်တိုက်ပွဲကြောင့် ကျေးရွာဒေသခံအများစု စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီမှ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...