မိုးကုတ် TNLA မှ မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံထပ်မံထွက်ပြေးရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

မတ်လ (၆) ရက်မှ စတင်ပြီး မိုးကုတ်မြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများကို TNLA ဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ကာ မြို့စောင့်တပ် ဖွဲ့စည်းရန်နှင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား ကျား/မ မရွေး တပ်သားစုဆောင်းမည်ဟု ညွှန်ကြားခဲ့ခြင်းကြောင့် ဒေသခံများ ထပ်မံထွက်ပြေး နေရကြောင်း မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

“မိုးကုတ်မှာ လီဆူတို့ ကချင်တို့ လော်ဝေါ်တို့ ဂေါ်ရခါးတို့ မျိုးနွယ်အများကြီးရှိတော့ တစ်အိမ်တစ်ယောက်နှုန်း ကောက်တယ်လို့တော့ ပြောတယ်၊ တချို့လူတွေတောင် ပြန်ပြေးနေကြပြီ။ စစ်မှုထမ်းပုံစံမျိုး အိမ်ထောင်စုတစ်စုကို တစ်ယောက်နှုန်းတော့ ပေးရမယ်ပေါ့ အဲ့လိုမျိုး၊ မပေးရင်လည်း သူတို့ကို ငွေ သိန်း ၂၀ လောက် ပေးရင် လွှတ်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

မိုးကုတ်မြို့တွင် TNLA မှ မြို့စောင့်တပ် ထပ်မံဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

မတ်လ (၁၀) ရက်နေ့တွင် မိုးကုတ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်နေပြည်သူများကို အကြောင်းစုံ ပြန်လည်ရှင်းပြခဲ့ပြီးနောက် မြို့စောင့်တပ် ဖွဲ့စည်းရန် တပ်သားစုဆောင်းခြင်းကို ကန့်ကွက်ကြောင်း ယမန်နေ့ (မတ်လ ၁၂ ရက်)တွင် မြို့မိမြို့ဖများမှ ဦးဆောင်ကာ TNLA ထံ စာပေးပို့ခဲ့သည်ဟု သိရသည်။

ပုံစာ – ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် မိုးကုတ်ဗျူဟာ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ

မိုးကုတ်မြို့ကို TNLA သိမ်းပိုက်ထားသည့် ၇ လ အတောအတွင်း လူမျိုးဘာသာ၊ ကျား/မ မရွေး တပ်သားစုဆောင်းရန် လုပ်ဆောင်လာခြင်းဖြစ်ပြီး မြို့ပေါ်ရှိ လီဆူးနှင့် ဂေါ်ရခါးလူမျိုးတို့ကို စစ်သင်တန်းပေးပြီး တပ်ရင်းအဖြစ် ဖွဲ့စည်းထားကြောင်း ဒေသခံများက ပြောဆိုသည်။

“မိုးကုတ်ကျတော့ လူအင်အားက မိုးကုတ်ဗျူဟာ ရှိတယ်လေ၊ ပလောင်ဆိုရင် TNLA က ယူသွားတယ်။ လီဆူတို့၊ ဂေါ်ရခါးတို့ ဆိုလည်း သူတို့တပ်ရင်းတွေဆီ သွားရတယ်။ လူကောက်တာတော့ TNLA အာဏာနဲ့ သွားတာပေါ့။ အဲ့အဖွဲ့တွေကို ကိုယ့်မြို့နဲ့ကိုယ်ပဲ ထားခဲ့တာ။ ကျန်တဲ့ဟာတော့ တိုက်ခိုက်ရေးသွားရမယ် အဲ့လိုရှိလာတယ်”ဟု မိုးကုတ်ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

မိုးကုတ်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း ယမန်နှစ် ၂၀၂၄ ဇူလိုင်လ ၂၄ ရက်တွင် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်နေစဉ် ဒေသခံအများစု နေရပ်ပြန်ခဲ့ကြသည်။

ယခင်က မိုးကုတ်မြို့ပေါ်ရှိ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မာရှယ်လော ကန့်သတ်ထားသည့် အချိန်အတောအတွင်း ဖမ်းဆီးရမိသူများကိုလည်း TNLA စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ပြီး စစ်သင်တန်းပေးကြောင်း ဒေသခံများက ပြောသည်။

“မူးယစ်ဆေး သုံးတဲ့လူတို့၊ မြို့မှာ ဆိုရင် အပျော်အပါး သွားတဲ့လူတို့ အဲ့တာတွေကို TNLA က ဆွဲတာလေ။ နောက်ဆုံးပြစ်ချက်က ဘာလဲဆိုတော့ အချိန်မတော် သွားလာလို့၊ သူတို့က ည ၆ နာရီ မာရှယ်လော ထုတ်တာတို့ အမျိုးမျိုးပေါ့။ တကယ်တမ်းက လူစုချင်လို့၊ ဘာမှ မပေးနိုင်တဲ့လူဆိုရင်တော့ စစ်သားစုဆောင်းတဲ့ထဲ ပါသွားတယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် မိုးကုတ်ဗျူဟာ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ

TNLA မှ ယခုထပ်မံ ဖွဲ့စည်းမည့် မြို့စောင်တပ်အတွက် ဒေသခံများကို စစ်သင်တန်းပေးမည်ဟု ကနဦး ကြားသိရသော်လည်း မြို့မိမြို့ဖများမှ ကန့်ကွက်ထားခြင်းကြောင့် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိနိုင်သေးကြောင်း ၎င်းဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

သျှမ်း-မန္တလေးနယ်စပ် ကျောက်မျက်ရတနာ ထွက်ရှိသည့် မိုးကုတ်မြို့တွင် TNLA က အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့လည်း သွားလာလှုပ်ရှားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...