Tuesday, January 27, 2026

လက်နက်ကိုင်တပ်ဖွဲ့အချို့ တပ်သားစုဆောင်းရေး၊ အခွန်ကောက်ယူမှု ပြန်လည်လျော့ချပေးရန် ကျားဖြူပါတီ တောင်းဆို

လက်နက်ကိုင်တပ်ဖွဲ့အချို့၏ တပ်သားစုဆောင်းရေးပေါ်လစီနှင့် ဘဏ္ဍာရှာဖွေရေး အခွန်အကောက်ပေါ်လစီများ ပြန်လည်လျော့ချပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီက တောင်းဆိုလိုက်သည်။

SNDP

ယခုကာလသည် ပြည်တွင်းစီးပွားရေးကျဆင်းမှု အလုပ်အကိုင်ရှားပါးမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများတိုးပွားလာမှု၊ စစ်ဘေးရှောင်နေကြရမှု၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့ တပ်သားသစ်စုဆောင်းမှုနဲ့ ဘဏ္ဍာရေး အခွန်ကောက်ယူမှုကြောင့် တိုင်းရင်းသားများသည် တိုင်းတပါးသို့ ရွှေ့ပြောင်းသွားကြကြောင်း SNDP ထုတ်ချက်တွင်ရေးသားထားသည်။

ထို့သို့ တိုင်းတပါးသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြပါက ပြည်တွင်းလယ်ယာစိုက်ပျိုးရေးလုပ်သားရှားပါးမှု၊။ ပြည်ပသို့ တတ်သိပညာရှင်များ၏ ဦးနှောက်ယိုစီးမှု တို့ကြောင့် နိုင်ငံ့စီးပွားရေး ပိုမိုကျဆင်းစေမည့်အပြင် ပြည်သူ့ အခြေပြုအဖွဲ့အစည်းအသီးသီးတို့၏ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးသည်လည်း အလှမ်းဝေးနေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စီးပွားရေး ခက်ခဲသောကာလတွင် နိုင်ငံရေးဆိုင်ရာ မူဝါဒအခြေခံ(သို့မဟုတ်) အမျိုးသားရေး အခြေခံအဖွဲ့အစည်းအသီးသီး တို့သည် တိုင်းရင်းသားပြည်သူများအပေါ် ကြီးမားစွာရိုက်ခတ်ဒဏ်ပိစေသည့် လက်နက်ကိုင်ပဋိပက္ခများ တပ်သားသစ်စုဆောင်းရေး နှင့် ဘဏ္ဍာရှာဖွေရေးအခွန်အကောက်ပေါ်လစီများကို ပြန်လည်စဥ်းစားသုံးသပ်ပြီး လျော့ချပေးရန် SNDP က အလေးအနက် တိုက်တွန်းပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

လားရှိုး-တန့်ယန်းကြား တရုတ်ထုတ်ကုန် သျှမ်းတောင်ပေးမသယ်၊MNDAA နှင့် UWSA အခွန်အဆမတန်ကောက်

0
သျှမ်းပြည် လားရှိုး--တန့်ယန်း လမ်းမကြီးပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့က ကုန်တင်ကားများကို အခွန် အဆမတန် တောင်းခံနေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တရုတ်နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသော လားရှိုးမြို့ ကျော်လျှင် လားရှိုး-မိုင်းရယ်-တန့်ယန်း...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...