Friday, April 26, 2024

လက်နက်ကိုင်တပ်ဖွဲ့

လက်နက်ကိုင်တပ်ဖွဲ့များ ကွမ်းလုံ – သိန္နီ လမ်းပိုင်းမှာ ဆက်ကြေးကောက်မှုကြမ်းလာ

သျှမ်းပြည် ကွမ်းလုံ - သိန္နီ လမ်းပိုင်း တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ဆက်ကြေးကောက် များပြားနေကြောင်း စုံစမ်းသိရသည်။ . ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် သန္နီ နှင့် ကွမ်းလုံကြား...

ခေတ်မီလာတဲ့ ငွေညစ်ခြိမ်းခြောက်နည်းသစ်

“ဗုံးတလုံး၊ ကျည်တစ်တောင့်” ပုံကို Viber ကနေတဆင့် ငွေညစ်ခြိမ်းခြောက်မှုတွေဟာ အခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပါတယ်။ များသောအားဖြင့် အခုလို ခြိမ်းခြောက်ခံရမှုတွေဟာ သျှမ်းပြည်တဝှမ်းမှာ ဖြစ်ပျက်နေပြီး၊ အဓိက ပစ်မှတ်ခံရတဲ့ မြို့ကတော့ မြန်မာ - တရုတ်နယ်စပ် ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) တကြော မူဆယ်မြို့၊ နမ့်ခမ်းမြို့...

နမ့်ခမ်းမြို့မှ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၆၀၀ ဖြင့် လဲလှယ်ခိုင်း

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး မြန်မာကျပ်ငွေသိန်း ၆၀၀ ဖြင့် လာရောက်လဲလှယ်ခိုင်းကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နမ့်ခမ်းမြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ နန်းခင်မာဦးကို မျက်နှာဖုံးစွပ် အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့်...

မူဆယ်မြို့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ စျေးရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀) ရက် နံနက် ၅ နာရီခွဲကျော်တွင် မူဆယ်မြို့ ဈေးရပ်ကွက်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦး တရုတ်ကျောင်းသွားရန်အတွက် အိမ်ရှေ့၌...

အပစ်ရပ် EAOs (၅) ဖွဲ့နှင့် စစ်ကောင်စီတို့ ၂၀၀၈ ပြင်ဆင်ရေး အပါအဝင် သဘောတူညီချက် (၄) ချက်ရရှိ

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အပစ်ရပ် EAOs ၅ ဖွဲ့တို့က ၃ ရက်တိုင် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် သဘောတူညီချက် (၄) ချက် ရရှိခဲ့ကြောင်း သိရသည်။ NSPNC ၏ ၂၀၀၈ ဖွဲ့စည်းပုံ...

လက်နက်ကိုင်တပ်ဖွဲ့အချို့ တပ်သားစုဆောင်းရေး၊ အခွန်ကောက်ယူမှု ပြန်လည်လျော့ချပေးရန် ကျားဖြူပါတီ တောင်းဆို

လက်နက်ကိုင်တပ်ဖွဲ့အချို့၏ တပ်သားစုဆောင်းရေးပေါ်လစီနှင့် ဘဏ္ဍာရှာဖွေရေး အခွန်အကောက်ပေါ်လစီများ ပြန်လည်လျော့ချပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီက တောင်းဆိုလိုက်သည်။ ယခုကာလသည် ပြည်တွင်းစီးပွားရေးကျဆင်းမှု အလုပ်အကိုင်ရှားပါးမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများတိုးပွားလာမှု၊ စစ်ဘေးရှောင်နေကြရမှု၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့ တပ်သားသစ်စုဆောင်းမှုနဲ့ ဘဏ္ဍာရေး အခွန်ကောက်ယူမှုကြောင့် တိုင်းရင်းသားများသည် တိုင်းတပါးသို့ ရွှေ့ပြောင်းသွားကြကြောင်း SNDP ထုတ်ချက်တွင်ရေးသားထားသည်။ ထို့သို့ တိုင်းတပါးသို့ အလုံးအရင်းဖြင့်...

မူဆယ်မြို့ ဗိုလ်ကျားနက် တပ်ဖွဲ့သစ်မှ ည ၈ နာရီ အိမ်ပြင်မထွက်ရန် ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဗိုလ်ကျားနက် လက်နက်ကိုင် တပ်ဖွဲ့အသစ်ပေါ်ပေါက်လာခဲ့ပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သစ်သည် မူဆယ်မြို့တွင် လှုပ်ရှားပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် အတွက် ယနေ့ (သြဂုတ်...

နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ လက်နက်ကိုင်တပ် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာတွင် တပ်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သည် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ် အတွင်းရှိ စခန်းချတပ်စွဲထားသည့် တအာင်း (ပလောင်) အမျိုးသားတပ်မတော် TNLA သည် ၎င်းတို့ ကင်းလှည့် သွားလာမှုအတွက် ဒေသခံပြည်သူပိုင် ကားများ၊ ယာဉ်များကို အတင်းအဓမ္မ...

သီပေါမြို့နယ် ကျေးရွာသူကြီး တဦးနှင့် စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာသူကြီး တဦး နှင့် ကျေးရွာ စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် ပန်းခါကျေးရွာ သူကြီး ဖြစ်သည့် လုံးဝိကို မတ် (၁၈)ရက်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ဖမ်းခေါ်သွားပြီး၊ ဝမ်းလိကျေးရွာအုပ်စု...

သျှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး တဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့ (မတ် ၂၈ ရက်) ညနေ ၃ နာရီတွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး မြောက်ပိုင်းမဟာမိတ်တ် တပ်ပေါင်းစု ဖြစ်သည့်...

Latest news