မူဆယ်မြို့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ စျေးရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယမန်နေ့ (ဇန်နဝါရီလ ၁၀) ရက် နံနက် ၅ နာရီခွဲကျော်တွင် မူဆယ်မြို့ ဈေးရပ်ကွက်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦး တရုတ်ကျောင်းသွားရန်အတွက် အိမ်ရှေ့၌ ထွက်ရပ်စောင့်စဥ် အမည်မသိ လူတစ်စုက ကားဖြင့် လာရောက် ဖမ်းခေါ်သွား ကြောင်း သတင်းသိရသည်။

ထိုသို့ လာရောက် ဖမ်းဆီးပြီးနောက် ၎င်း၏ မိဘများထံ တရုတ်ငွေ တစ်သိန်းခွဲ (၁၅၀,၀၀၀) မြန်မာငွေကာလပေါက်စျေး ကျပ်သိန်း (၆၀၀) ကျော်ဖြင့် ပြန်လည်လာရွေးရန် ဖုန်းဆက်တောင်းဆိုခဲ့သည်။

“ကလေးမက တရုတ်ကျောင်းတက်နေတယ်၊ ကျောင်းသွားဖို့ အိမ်ရှေ့မှာ သူ့အမေကို ထွက်ရပ်စောင့်နေတဲ့ အချိန် ဖမ်းခေါ်သွားခံရတာ၊ သူ့အမေက ကလေးကို ကျောင်းပို့ဖို့ အိမ်ထဲကနေ ဆိုင်ကယ်တွန်းထုတ်လာတဲ့အချိန် လူတစ်စုက သူ့ကလေးကို ကားထဲကို ဖမ်းခေါ်နေတာတွေ့လို့ အော်လည်းအော်နဲ့ မဖမ်းဖို့ ပြောလည်း ဖမ်းခေါ် သွားတာ” ဟု နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းခံရသည့် ကလေးငယ်သည် အသက် ၁၀ နှစ်ကျော်အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး လာရောက်ဖမ်းခေါ် သူများက တရုတ်ငွေ ၁ သိန်းခွဲပေးမှ လွတ်ပေးမည်ဟု ပြောဆိုဆက်သွယ်လာသည့်အတွက် မိဘများက တောင်းပန်ပြောဆိုရာ တရုတ်ငွေ တစ်သိန်းငါးသောင်းဖြင့် ကလေးငယ်ကို ပြန်လွတ်ပေးခြင်း ဖြစ်ကြောင်း အထက်ပါ နီးစပ်သူက ဆက်ပြောသည်။

“ကလေးကို ဖမ်းခေါ်သွားပြီး လူတစ်ယောက်က သူ့မိဘဆီ ဖုန်းဆက်ပြီး ပိုက်ဆံ ယူလာပေးဆိုပြီးတော့ ပြောတယ်၊ ကလေးက တစ်နေရာ ၊ ပိုက်ဆံကို သွားပေးရတာ တစ်နေရာ အဲ့လိုလုပ်တာ၊ စုစုပေါင်းတရုတ်ယွမ်ငွေ တစ်သိန်းခွဲပေးရတယ်၊ ပိုက်ဆံပေးရတဲ့ နေရာကိုတော့ မသိရဘူး” ဟု ၎င်းက ဆက်ပြောသည်။

မူဆယ်မြို့နယ်အတွင်း ကလေးပြန်ပေးဆွဲမှုများ နှင့် ဖမ်းဆီးခေါ်ဆောင်မှုများ များပြားလာသည့်အတွက် ကလေး အုပ်ထိန်းသူများ ဖြစ်သည့် မိဘကိုယ်တိုင်များကလည်း ကလေး၏ လုံခြုံရေးအတွက် မပေါ့ဆသင့် ကြောင်းလည်း မူဆယ်မြို့နေ ကလေး ဖခင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“များသောအားဖြင့် ပိုက်ဆံရှိတဲ့ အသိုင်းဝိုင်းက ကလေးတွေ ပိုဖမ်းဆီးခံရတာ များတယ်၊ ဒါပေမဲ့ ကလေးအားလုံး အတွက် လုံခြုံရေးကို အထူးဂရုစိုက်ပေးရမယ့် အချိန်ဖြစ်နေပါတယ်၊ ကျောင်းထားရင်လည်း ကျောင်းဝင်းထဲမှာရော ကျောင်းကြို ကျောင်းပို့ရမယ့် နေရာတွေရာ အစစအရာရာ သတိထားရမယ်၊ အမျိုးသမီးနဲ့ ကလေးချည်း အပြင် ထွက်လို့မကောင်းတော့တဲ့ အခြေအနေပါ” ဟု အထက်ပါ ဖခင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်စာသင်ကျောင်း သွားတက်သည့် ၉ နှစ်အရွယ်ရှိ ကလေးငယ် တစ်ဦး ရပ်ကွက်လမ်းထဲ လမ်းလျှောက်သွားနေစဉ် ကားတစ်စီး နှင့် လူ ၄ ယောက်က လာရောက် ဖမ်းဆီးပြီး တရုတ်ယွမ်ငွေ ၅ သိန်းဖြင့် ပြန်လည်ရွှေးခိုင်းသည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...