Thursday, April 25, 2024

မူဆယ်ခရိုင်

မူဆယ်လဝက မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ်ကို ဈေးအဆမတန်တောင်း၊ ခိုးကြောင်ခိုးဝှက် လုပ်ပေးနေ

သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ် ပြုလုပ်ရန် ဈေးအဆမတန်တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် လဝက အရာရှိများက နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်များမကျန်ရှိတော့ဟု အကြောင်းပြကာ...

ကွတ်ခိုင်မြို့ပေါ်ရှိ နေအိမ်တစ်လုံး ဓားပြတိုက်မှုဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်ရှိ နေအိမ်သို့ အမည်မသိ လက်နက်ကိုင်တစ်စုက ဓားပြတိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် နံနက်ပိုင်း ၁ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်၌ နေထိုင်သည့် နေအိမ်တစ်လုံးထဲသို့ မျက်နှာဖုံးစွပ်...

မူဆယ်မြို့နယ် တီးမကျေးရွာထဲ စစ်သားများ ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ တီးမရွာတွင် အင်အား ၂၀၀ နီးပါးရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) က နေရာယူထားပြီး ကိုးကန့်...

မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ တစ်လမ်းမောင်း (၅သုံးလုံး) လမ်းကြားတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်၌ စစ်ကောင်စီ လက်အောက်ခံ မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ သေနတ်ပစ်သတ်ခံရသည့် မူဆယ်ခရိုင် ရဲအုပ်တစ်ဦးသည် အသက် ၃၀...

မုံးကိုးမြို့ စစ်ကောင်စီ တပ်ဖွဲ့ ကားသမားများကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းယူ

သျှမ်းပြည် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ သည် ကားသမားများကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းယူ နေကြောင်း သတင်းသိရသည်။ မုံးကိုးမြို့ အဝင်နားတွင် စစ်ကောင်စီ တပ်ဖွဲ့ ၎င်းတို့၏ လက်အောက်ခံ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ကားသမားများကို ခြိမ်းခြောက်...

မူဆယ်ခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ဝန်းကျင်မှ စတင်ကာ နမ့်ဖက်ကာ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း...

မြန်မာ – တရုတ် နယ်စပ်ဂိတ် ဖြတ်ဖို့အတွက် ဒေသခံများ နိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်ပေး

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ် ဖြတ်နိုင်ဖို့အတွက် မူဆယ်ဒေသခံများကို နိုင်ငံကူး လက်မှတ် စာအုပ်အနီ လုပ်ဆောင်ပေးနေကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၂၅) ရက်တွင် မူဆယ်မြို့နယ်ရှိ မြန်မာ - တရုတ်နယ်စပ်ဂိတ် ဖြစ်သည့် ရွှေနန်းတော် ဂိတ်ပေါက်၌...

မူဆယ် ပန်းဆေးပြည်သူ့စစ် တပ်သား နားနေဆောင် မီးလောင်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် ပန်ခမ်းရှိ ပန်းဆေးပြည်သူ့စစ် တပ်သားများ နားနေဆောင် နှင့် အိပ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးမှုများရှိကြောင်း သတင်းသိရသည်။ အဆိုပါ မီးလောင်မှုသည် ယနေ့ (ဇန်နဝါရီလ ၂၀) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် လျှပ်စစ်ဝါယာ ရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ရကြောင်း...

မူဆယ်မြို့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ စျေးရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀) ရက် နံနက် ၅ နာရီခွဲကျော်တွင် မူဆယ်မြို့ ဈေးရပ်ကွက်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦး တရုတ်ကျောင်းသွားရန်အတွက် အိမ်ရှေ့၌...

မိုင်းဝီးဒေသခံများကို TNLA မှ မူးယစ်အကြောင်းပြဖမ်းဆီး ပိုက်ဆံတောင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုအတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့မှ ဒေသခံပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြဖမ်းဆီးပြီး ပိုက်ဆံတောင်းခံနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် TNLA တပ်ဖွဲ့တို့သည် မိုင်းဝီးကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး...

Latest news