မုံးကိုးမြို့ စစ်ကောင်စီ တပ်ဖွဲ့ ကားသမားများကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းယူ

သျှမ်းပြည် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ သည် ကားသမားများကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းယူ နေကြောင်း သတင်းသိရသည်။

မုံးကိုးမြို့

မုံးကိုးမြို့ အဝင်နားတွင် စစ်ကောင်စီ တပ်ဖွဲ့ ၎င်းတို့၏ လက်အောက်ခံ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ကားသမားများကို ခြိမ်းခြောက် ပိုက်ဆံ ကောက်ယူနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရိုးရိုးကား တစ်စီးဆိုရင် တရုတ်ယွမ်ငွေ ၁၀ စီး ၊ ကားကြီးပြီး ကုန်ပါ ရင် ပိုက်ဆံပိုတောင်းတယ်၊ တခါတလေ တရုတ်ယွမ် ၁၀၀ ထိ တောင်းတာရှိတယ်။ အဲ့လိုခါကျတော့ ကား သမား တွေ အတွက် အဆင်မပြေဘူးလေ” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ တရုတ်ငွေ ၁၀ ယွမ်ဆိုပါက မြန်မာငွေ ကာလပေါက်စျေး (၄,၀၀၀) ကျပ် တရုတ်ငွေ ၁၀၀ ယွမ် ဆိုပါက မြန်မာငွေ ကာလပေါက်စျေး (၄၀,၀၀၀) ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သား နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သည် တောင်းသည့် ပိုက်ဆံ မပေးသည့် ကားသမားများကို ရှေ့ဆက်မသွားခိုင်းဘဲ သေနတ်ဖြင့် ချိန်ထားကြောင်း ၎င်းကဆက် ဆိုသည်။

“ကြောင်တောင်တောင်တွေ မလုပ်နဲ့နော် ဆိုပြီး သေနတ်ပြပြီးတော့ ခြိမ်းခြောက်တာ၊ တောင်းတဲ့ ပမာဏလည်း များလွန်းတော့ မလွယ်ဘူး၊ စကားအချေအတင်ပြောဆိုရတာတွေရှိတယ်၊ ဘယ်သူက တောင်းခိုင်းလဲလို့ မေးတော့ တပ်မှူးက တောင်းခိုင်းတာတဲ့၊ ဘာမှ တိတိကျကျ မဖော်ပြနိုင်ဘူး၊ ထင်တိုင်းလုပ်နေတာ” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် မုံးကိုးမြို့မှ မြန်မာ – တရုတ် နယ်စပ်အတွက် ဒေသခံ ပြည်သူများမှ တပိုင်တနိုင် အသုံးပြုနေသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားခဲ့ရပြီး ဒေသအတွင်း ကားသမားများက ဝမ်းစာအတွက် ခက်ခက်ခဲခဲ အလုပ်လုပ်ကိုင် နေကြရကြောင်းလည်း သိရသည်။

တဖက်တွင်လည်း စစ်ကောင်စီ နှင့် သျှမ်းမြောက် ဒေသအတွင်း လှုပ်ရှားနေသည့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့က မုံးကိုးမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင် ရာချီ ထွက်ပြေး တိမ်းရှောင် နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...