မူဆယ် ပန်းဆေးပြည်သူ့စစ် တပ်သား နားနေဆောင် မီးလောင်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် ပန်ခမ်းရှိ ပန်းဆေးပြည်သူ့စစ် တပ်သားများ နားနေဆောင် နှင့် အိပ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးမှုများရှိကြောင်း သတင်းသိရသည်။

မူဆယ်မြို့

အဆိုပါ မီးလောင်မှုသည် ယနေ့ (ဇန်နဝါရီလ ၂၀) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် လျှပ်စစ်ဝါယာ ရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ရကြောင်း ပန်ခမ်းဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မီးလောင်မှု ဖြစ်ခဲ့တာ တကယ်ဟုတ်ပါတယ်၊ လျှပ်စစ်ဝါယောရှော့ခ်ကြောင့် မီးလောင်မှုဖြစ်တယ်လို့ သိရတယ်၊ ပျက်စီးဆုံးရှုံးမှုတွေ ရှိပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး၊ သေဆုံးမှု ရှိမရှိတော့ မသိရဘူး၊ ၂ နာရီခွဲကျော်မှ မီးကို ငြိမ်းသွားတယ်” ဟု ပန်ခမ်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်းဆေးပြည်သူ့စစ် တပ်သား နားနေဆောင်နှင့် အိပ်ဆောင် မီးလောင်မှုကို ရပ်ကွက်နေ ပြည်သူများနှင့် မီးသတ်ကား ပူးပေါင်းပြီး နာရီဝက်ခန့်ကြာအောင် မီးငြိမ်းသတ်ခဲ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း ပန်ခမ်းမှ ပျက်စီးဆုံးရှုံးမှု များပြားသည့် ပြည်သူ့နေအိမ် တစ်လုံး မီးလောင်ပျက်စီးမှု တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ မီးလောင်မှု ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး ပန်ခမ်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက လျှပ်စစ်မီးများကို ဂရုတစိုက် အသုံးပြုစေလိုကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုအချိန်က လျှပ်စစ်မီးဆိုလည်း လာလိုက်ပျက်လိုက်နဲ့ ခဏခဏဖြစ်တော့ ဝါယာတွေ မီးထိန်းတွေ လည်း မနိုင်လောက်ဘူး၊ တခါလေဆို လျှပ်စစ်မီးပျက်ရာကနေ မီးအား ၂၀၀ ချက်ချင်းလာပြီး ပြန်ဖျက် သွားတာရှိတယ်၊ ဒါကြောင့် အိပ်ခါနီး လျှပ်စစ်မီး ပလပ်ပေါက်ဖွင့်ထားတာတို့၊ အားသွင်းထားတာတို့က မလုပ်စေချင်ဘူး၊ အန္တရာယ်များတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာ ထိန်းယူပြီးသည့် အချိန်မှ စတင်ပြီး သျှမ်းပြည် အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ပုံမှန်ရရှိမှု မရှိပဲ မကြာခဏ လျှပ်စစ်မီးဖြတ်တောက်ခံနေရသည့် အတွက် ပြည်သူများက အခက်အခဲ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

လက်ရှိတွင် လျှပ်စစ်မီးကို တစ်နေ့တာ ၃ နာရီဖြင့် အလှည့်ကျ ပေးနေပြီး တစ်ခါတရံ မီးလုံးဝ မရသည့် နေ့ရက်များလည်း ရှိကြောင်း ဒေသခံများကပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...