မြန်မာ – တရုတ် နယ်စပ်ဂိတ် ဖြတ်ဖို့အတွက် ဒေသခံများ နိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်ပေး

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ မြန်မာ – တရုတ် နယ်စပ်ဂိတ် ဖြတ်နိုင်ဖို့အတွက် မူဆယ်ဒေသခံများကို နိုင်ငံကူး လက်မှတ် စာအုပ်အနီ လုပ်ဆောင်ပေးနေကြောင်း သတင်းသိရသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ် နိုင်ငံကူးလက်မှတ် စာအုပ်အနီ

ယနေ့ (ဇန်နဝါရီ ၂၅) ရက်တွင် မူဆယ်မြို့နယ်ရှိ မြန်မာ – တရုတ်နယ်စပ်ဂိတ် ဖြစ်သည့် ရွှေနန်းတော် ဂိတ်ပေါက်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံကူးလက်မှတ် စာအုပ်အနီကို လုပ်ဆောင်ပေးနေကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။

အဆိုပါ စာအုပ်အနီကို စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ ဝာာဝန်ရှိသူများက လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ရွှေနန်းတော်ဂိတ်ပေါက်မှ တာဝန်ရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့မှ စလုပ်ပေးတာပါ၊ ရွှေနန်းတော် ဂိတ်ပေါက်မှာ လုပ်ပေးနေတာ၊ ပထမဆုံးအနေနဲ့ ဒီ ၁၃/ ကိုင်တဲ့ မူဆယ် နမ့်ခမ်းက ပြည်သူတွေကို အရင်ဆုံး လုပ်ပေးမယ်လို့ ပြောတယ်၊ နိုင်ငံကူး လက်မှတ် စာအုပ်အနီရဖို့အတွက် မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စု မိတ္တူရယ် Passport ပုံ ၃ ပုံ လိုအပ်မယ်” ဟု ရွှေနန်းတော်ဂိတ်ပေါက်မှ တာဝန်ရှိသူ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ် စာအုပ်အနီကို လုပ်ဆောင်ပေးနေသော်လည်း နှစ်နိုင်ငံ ဖြတ်သန်းမှုအတွက် ရနိုင်မရနိုင်ကြောင်းကို မသေချာသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာ – တရုတ် နှစ်နိုင်ငံ ဖြတ်သန်းခွင့် နှစ်နိုင်ငံကူး လက်မှတ်အတွက် ကုန်ကျစရိတ်လည်း တိတိကျကျ မသိရသေးကြောင်း မူဆယ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ် နိုင်ငံကူးလက်မှတ် စာအုပ်အနီ

“အခု သူတို့လုပ်ပေးတဲ့ စာအုပ်အနီက နှစ်နိုင်ငံ ဖြတ်လို့ရတယ်ဆိုပေမဲ့ ဘယ်အချိန်မှာ စတင်အသုံးပြုနိုင်မလဲတော့ မသိသေးဘူး၊ အရင်နှစ်က စာအုပ်အနီဖိုးကို ၅၀၀ ကျပ်ပဲ ပေးခဲ့ရပေမယ့် ဒီနှစ်မှာ ဈေးနှုန်းအပြောင်းအလဲ ဖြစ်မယ်ထင်တယ်၊ ရုံးပိုင်းအချိန်မှာပဲ လုပ်ပေးဖြစ်မှာလို့ ကြားတယ်” ဟု မူဆယ်မြို့ခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နိုင်ငံကူး လက်မှတ် စာအုပ်အနီသည် သက်တမ်း ၁ နှစ်ရှိပြီး သက်တမ်းအားဖြင့် ၁ နှစ်အထိ အသုံးပြုနိုင် မည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက်များသည် ကိုဗစ် – ၁၉ နှင့် နိုင်ငံရေး အခြေအနေများကြောင့် ၃ နှစ်ကျော်ကြာအောင် ပိတ်ထားခဲ့ရပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် တရုတ်ဘက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း မြန်မာပြည်ဘက်မှ သွားလာခွင့်ကို ပိတ်ပင်ထားနေဆဲ ဖြစ်သည်။

လက်ရှိ အချိန်တွင် နယ်စပ်ဂိတ်၏ နှစ်ဘက်ဂိတ် တံခါးပေါက်များ၌ ကူးသန်းသွားလာရေးအတွက် စောင့်မျှော်နေသူများ နှင့် အခြေအနေကို စောင့်ကြည့်နေသည့် ကားသမားများ၊ ကုန်သွယ်များ၊ ဒေသခံများ များပြား နေကြောင်း သိရသည်။

ယင်းကဲ့သို့ နယ်စပ်ဂိတ်ပေါက်များ ပြန်လည် ဖွင့်လှစ်လာခြင်း နှင့် ပတ်သက်ပြီး မူဆယ်ဒေသခံများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်မြှင့် တက်လာမည်ကို စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...