ကွတ်ခိုင်မြို့ပေါ်ရှိ နေအိမ်တစ်လုံး ဓားပြတိုက်မှုဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်ရှိ နေအိမ်သို့ အမည်မသိ လက်နက်ကိုင်တစ်စုက ဓားပြတိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့

ပြီးခဲ့သည့် မေလ ၈ ရက် နံနက်ပိုင်း ၁ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်၌ နေထိုင်သည့် နေအိမ်တစ်လုံးထဲသို့ မျက်နှာဖုံးစွပ် အမျိုးသား တစ်စုက လာရောက်ဓားပြတိုက်ယူသွားကြောင်း အိမ်ရှင်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ည သန်းခေါင်အချိန်မှာ အမျိုးသား ၃ ဦးက အိမ်ထဲဝင်လာပြီးတော့ အိမ်ရှင်ကို ဓားနဲ့ထောက်ပြီး ငွေတွေ ပစ္စည်း တွေကို ထုတ်ခိုင်းတယ်။ အိမ်မှာ ခေါ်ထားတဲ့ ကားဒရိုင်ဘာကိုလည်း ရိုက်နှက်ထားတာ၊ ကျောကုန်းမှာ ဒဏ်ရာ ရသွားတယ်၊ ပိုက်ဆံ ၇ သိန်း၊ ကားတစ်စီး၊ သုံးဘီး တစ်စီး ၊ ဆိုင်ကယ် ၂ စီးကို ယူသွားတယ်” ဟု အိမ်ရှင် အမျိုးသမီး နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဓားပြတိုက်ခံရသည့် နေအိမ်သည် ကြက်မွေးမြူရေးခြံပိုင်ရှင် တစ်ဦးဖြစ်ပြီး နေအိမ်၌ အလုပ်သမားများ နှင့် အိမ်ရှင်အမျိုးသမီး ရှိနေစဥ် ဓားပြတိုက်ခံရခြင်း ဖြစ်ကြောင်းလည်း အထက်ပါ နီးစပ်သူက ပြောသည်။

အဆိုပါ ဓါးပြတိုက်လာသည့် အဖွဲ့သည့် စုစုပေါင်း ၃ ယောက်ဖြစ်ပြီး၊ ၎င်းတို့သည် အိမ်ပေါ်တက်လာခြင်းဖြစ်ပြီး အိမ်ဝိုင်းတံခါးတွင် တစ်ယောက်နှင့် ကားပေါ်စောင့်နေသည့်သူလည်း ရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ဓားပြတိုက်ခံရမှုကြောင့် Crown အမျိုးအစား ကား တစ်စီး ၊ သုံးဘီး တစ်စီး၊ ဖုန်း ၂ လုံး၊ ဆိုင်ကယ် ၂ စီး နှင့် ပိုက်ဆံ ၇ သိန်းကျော် ဆုံးရှုံးရကြောင်း သိရသည်။

ဓားပြတိုက်ခံရမှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားထားသော်လည်း အရေးယူ ဆောင်ရွက်မှု ပြုလုပ်ပေးမည်ဟုသာ အကြောင်းပြန်ခဲ့ကြောင်း အထက်ပါ နီးစပ်သူက ဆက်ပြော သည်။
“ရဲစခန်းကိုတော့ တိုင်ထားပြီ၊ သူတို့လိုက်ပေးမယ်တဲ့၊ စုံစမ်းပေးမယ်ပြောတယ်၊ အခုချိန်ထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး” ဟု အိမ်ရှင်နှင့် နီးစပ်သူက ဆက်ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းသည် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုများ၊ သူခိုးဓါးပြများ ပေါ်များနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက နှိမ်နှင်းထိန်းသိမ်းခြင်း မရှိသည့် အကြောင်းလည်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖော်ထုတ်ဖမ်းဆီးအရေးယူပေးစေလိုကြောင်း ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် မကြာခဏ လုယက်မှု၊ ခိုးမှုများလည်း ရင်ဆိုင်နေရသည့် အတွက် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...