Tuesday, January 27, 2026

မူဆယ်ခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်နေကြောင်း သတင်းသိရသည်။

ပုံ – ဟောင်း (စစ်ကောင်စီတပ်)

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ဝန်းကျင်မှ စတင်ကာ နမ့်ဖက်ကာ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း တပ်အမှတ် (ခလရ – ၁၂၃) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ၉ နာရီကျော်ကတည်းက စပြီးတော့ ခလရ ၁၂၃ တပ်ကနေ လက်နက်ကြီးတွေ ပစ်နေတယ်၊ အသံကလည်း အကျယ်ကြီးပဲ၊ အိမ်ထဲမှာပဲနေပြီး နားစွင့်နေတယ်၊ အပြင်တော့ မထွက်ရဲဘူး၊ ၆ လုံးလောက်ရှိနေပြီ၊ သေနတ်သံတွေတော့ မကြားရဘူး” ဟု နမ့်ဖက်ကာနေ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူပင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ည ၆ နာရီကျော်တွင် အဆိုပါ ခလရ ၁၂၃ တပ် မှ လက်နက်ကြီးဖြင့် ၅ လုံး ထက်မနည်း ပစ်ခတ်မှုရှိခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“မနေ့ ည (ဖေဖော်ဝါရီလ ၁၃)နေ့ ည ကလည်း ခလရ ၁၂၃ တပ်ကနေ နမ့်ဖက်ကာ အရှေ့ဘက်ကို လက်နက်ကြီးတွေ နဲ့ လှမ်းပစ်တယ်၊ ဘာကို ဦးတည်ပြီး ပစ်မှန်းတော့ မသိဘူး၊ ပြန်ပစ်လိုက်တဲ့ အသံလည်း ကြားရတယ်၊ ဘယ်အဖွဲ့တော့ မသေချာဘူး” ဟု ၎င်းက ဆိုသည်။

နမ့်ဖက်ကာ အရှေ့ဘက်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်စခန်း တစ်ခုရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် ညက စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး တစ်လုံးသည် နမ့်ဖက်ကာ အရှေ့ဘက် ပန်ဂျရော့ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ထိခိုက် ပျက်စီးမှု ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် နမ့်အုမ်ရွာ အထက်၌ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး ထိတွေ့တိုက်ပွဲဖြစ်မည်ဟု ယူဆကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်အုမ်အထက်မှာ တိုက်ပွဲဖြစ်သံတွေ ကြားရတယ်၊ ကျနော်တို့နဲ့ အသံလာတဲ့နေရာ နည်းနည်းဝေးတယ်၊ ဘာမှန်းတော့ မသိရသေးဘူး၊ တိုက်ပွဲဖြစ်လောက်တယ်” ဟု မူဆယ်ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

မူဆယ်ခရိုင်အတွင်းသည် စစ်ကောင်စီ တပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် SSPP/SSA တပ်ဖွဲ့၊ TNLA တပ်ဖွဲ့၊ KIA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ နှင့် ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ သွားလာ လှုပ်ရှား နေကြသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထိုသို့ အပစ်ရပ်ဆိုင်းကြောင်းကို ကြေညာချက် ထုတ်ပြန်မှုရှိခဲ့သော်လည်း အာဏာမသိမ်းခင်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် ပြည်နယ်များတွင် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားသည့်အပြင် သျှမ်းပြည်၊ ကရင်ပြည် နှင့် ချင်းပြည် တို့ကို စစ်အင်အား တိုးချဲ့ခြင်း၊ စစ်ဆင်ရေးလုပ်ခြင်းများ ရပ်ဆိုင်းခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...