မူဆယ်ခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်နေကြောင်း သတင်းသိရသည်။

ပုံ – ဟောင်း (စစ်ကောင်စီတပ်)

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ဝန်းကျင်မှ စတင်ကာ နမ့်ဖက်ကာ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း တပ်အမှတ် (ခလရ – ၁၂၃) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ၉ နာရီကျော်ကတည်းက စပြီးတော့ ခလရ ၁၂၃ တပ်ကနေ လက်နက်ကြီးတွေ ပစ်နေတယ်၊ အသံကလည်း အကျယ်ကြီးပဲ၊ အိမ်ထဲမှာပဲနေပြီး နားစွင့်နေတယ်၊ အပြင်တော့ မထွက်ရဲဘူး၊ ၆ လုံးလောက်ရှိနေပြီ၊ သေနတ်သံတွေတော့ မကြားရဘူး” ဟု နမ့်ဖက်ကာနေ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူပင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ည ၆ နာရီကျော်တွင် အဆိုပါ ခလရ ၁၂၃ တပ် မှ လက်နက်ကြီးဖြင့် ၅ လုံး ထက်မနည်း ပစ်ခတ်မှုရှိခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“မနေ့ ည (ဖေဖော်ဝါရီလ ၁၃)နေ့ ည ကလည်း ခလရ ၁၂၃ တပ်ကနေ နမ့်ဖက်ကာ အရှေ့ဘက်ကို လက်နက်ကြီးတွေ နဲ့ လှမ်းပစ်တယ်၊ ဘာကို ဦးတည်ပြီး ပစ်မှန်းတော့ မသိဘူး၊ ပြန်ပစ်လိုက်တဲ့ အသံလည်း ကြားရတယ်၊ ဘယ်အဖွဲ့တော့ မသေချာဘူး” ဟု ၎င်းက ဆိုသည်။

နမ့်ဖက်ကာ အရှေ့ဘက်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်စခန်း တစ်ခုရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် ညက စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး တစ်လုံးသည် နမ့်ဖက်ကာ အရှေ့ဘက် ပန်ဂျရော့ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ထိခိုက် ပျက်စီးမှု ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် နမ့်အုမ်ရွာ အထက်၌ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး ထိတွေ့တိုက်ပွဲဖြစ်မည်ဟု ယူဆကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်အုမ်အထက်မှာ တိုက်ပွဲဖြစ်သံတွေ ကြားရတယ်၊ ကျနော်တို့နဲ့ အသံလာတဲ့နေရာ နည်းနည်းဝေးတယ်၊ ဘာမှန်းတော့ မသိရသေးဘူး၊ တိုက်ပွဲဖြစ်လောက်တယ်” ဟု မူဆယ်ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

မူဆယ်ခရိုင်အတွင်းသည် စစ်ကောင်စီ တပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် SSPP/SSA တပ်ဖွဲ့၊ TNLA တပ်ဖွဲ့၊ KIA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ နှင့် ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ သွားလာ လှုပ်ရှား နေကြသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထိုသို့ အပစ်ရပ်ဆိုင်းကြောင်းကို ကြေညာချက် ထုတ်ပြန်မှုရှိခဲ့သော်လည်း အာဏာမသိမ်းခင်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် ပြည်နယ်များတွင် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားသည့်အပြင် သျှမ်းပြည်၊ ကရင်ပြည် နှင့် ချင်းပြည် တို့ကို စစ်အင်အား တိုးချဲ့ခြင်း၊ စစ်ဆင်ရေးလုပ်ခြင်းများ ရပ်ဆိုင်းခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...