Sunday, May 5, 2024

မူဆယ်ခရိုင်

မူဆယ်ခရိုင်အတွင်း တရက်တည်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ယမန်နေ့ (မေလ ၈ )ရက် ညနေခင်း အချိန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်း ၅ နာရီကျော်ဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း သန္နီမြို့ အလွန် မန်ပိန်းကျေးရွာ အနီး၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး၊တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုတို့...

မူဆယ်ခရိုင်အတွင်း လူငယ်အမျိုးသား(၃)ဦး KIA က ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း လူငယ်အမျိုးသား (၃)ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၉)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် တာလုံကျေးရွာအုပ်စု မိုင်းပေါကျေးရွာ၌ သျှမ်းလူငယ် (၈)ဦး စျေးဝင်ဝယ်စဉ် KIA တပ်သားများ ဖမ်းဆီးသွားရာ (၅)ဦးကို‌ ပြန်လည်လွတ်ပေးပြီး...

သျှမ်းမြောက် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲ ဆက်ဖြစ်နေဆဲ

သျှမ်းပြည်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ အကြား တိုက်ပွဲများသည် နေ့စဥ်ရက်ဆက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်လာလ ၂၈ ရက်နေ့ မနက် ၉ နာရီ အချိန်မှ နေ့လည် ၁၂ နာရီ ဝန်းကျင်အထိ မူဆယ်-မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား...

ပန်ဆိုင်း တောတောင်ထဲ ထွက်ပြေးနေရသည့် စစ်ရှောင်များ အခက်ခဲကြုံနေရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြိုန့ယ်ခွဲ အတွင်းရှိ ဖောင်ဆိုင်းကျေးရွာအုပ်စု ဖိုကောင်ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်မှ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောထဲ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်ပြည်သူများသည် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့နှင့်...

၆နှစ်ကြာ တရားမျှတမှု မရသေးသည့် ကောင်းခါး ကချင်ဆရာမ (၂)ဦး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာ တွင် တာဝန်ထမ်းဆောင်သည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ(၂)ဦး မုဒိမ်ကျင့် သတ်ဖြတ်ခံရသည်မှာ (၆)နှစ်ကြားခဲ့သော်လည်း ယနေ့ထိတိုင် တရားမျှတမှု မရရှိသေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၁၅ခုနစ် ဇန်နဝါရီ ၁၉ ရက်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စေလွှတ်လိုက်သည့် စေတနာဝန်ထမ်း ဆရာ မရန်လုရာ...

မူဆယ်ခရိုင် မုံးပေါ် ဒေသ လက်နက်ကြီးသံကြားရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ် ဒေသတွင် ယနေ့(စက်တင်ဘာ ၁၁)ရက် နေ့လည် ၃နာရီ ကျော်မှစတင်ကာ လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ အဆိုပါ လက်နက်ကြီးသံသည် နေ့လည် ၃နာရီကျော်မှ စတင်ကြားနေရပြီး ညနေ ၄နာရီထိ ပစ်ခတ်သံတွေ ကြားနေရဆဲ ဟု...

တရားမဝင် တရုတ်နိုင်ငံသား ၆၉ ဦး ရက်ဆက်တိုက် မြန်မာဘက်သို့ ခိုးဝင်လာ

ယခုရက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆၉ ဦးရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၆၉ )ဦးသည် ဇူလိုင် ၃၀ရက်မှ သြဂုတ် ၁၀ရက် အထိ ဖမ်းဆီးခံရသည့် သူများဖြစ်ကြောင်းသိရသည်။ ထိုသူများကို သြဂုတ်...

Latest news