ပန်ဆိုင်း တောတောင်ထဲ ထွက်ပြေးနေရသည့် စစ်ရှောင်များ အခက်ခဲကြုံနေရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြိုန့ယ်ခွဲ အတွင်းရှိ ဖောင်ဆိုင်းကျေးရွာအုပ်စု ဖိုကောင်ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်မှ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောထဲ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်ပြည်သူများသည် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့သည် တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ တပ်ဖွဲ့က ပြည်သူများနေထိုင်သည့် ကျေးရွာတွေဖက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်ရွာလုံးနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“ဖောင်ဆိုင်းရွာကတချို့က ၂ ရက်နေ့ကတည်းက တောထဲကို ထွက်ပြေးလာတာရှိတယ်၊ ဒါပေမဲ့ အများစုက ၃ ရက်နေ့ကမှ ထွက်ပြေးလာတဲ့သူတွေပေါ့၊ ၄ ရက်နေ့မှာလည်း တောထဲစစ်ဘေးရှောင်တွေ ထပ်ရောက်လာ တယ်၊ မိုးရာသီ ခြင်ထောင်၊ မိုးကာတွေ ရော အစားအသောက် တွေရာ လိုအပ်ပါတယ်” ဟု စစ်ရှောင်များကို ကူညီချိတ်ဆက်ပေးနသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖောင်းဆိုင်ကျေးရွာအုပ်စုက ပြည်သူများသည် သြဂုတ်လ ၃ ရက်နေ့ မှစတင်ပြီး တရုတ်နယ်စပ်လောက်တိန့် ၁၀၂ ဖက် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အစားအသောက်၊ ခြင်ထောင်များနှင့် မိုးကာ များ အရေးတစ်ကြီး လိုအပ်နေကြောင်း ၎င်းကပြောသည်။

အဆိုပါ တောထဲတွင် စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ ၁၀၀ ကျော်ခန့်နေပြီးတိုက်ပွဲပိုမိုဆိုးရွားလာပါက အခြားရွာများမှ စစ်ဘေးတိမ်းရှောင် ပြည်သူများနှင့် ပိုများလာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“မနေ့က ကျနော်တို့ ကြားသိရသလောက်တော့ ဒီတရုတ်နယ်စပ်ဖက်က စစ်ဘေးရှောင်တွေကို တရုတ်ဖက် မိုးကာလာပေးတယ်လို့ကြားပါတယ်၊ ဒါမယ့်လုံလောက်မှုတော့ မရှိသေးဘူး၊ စစ်ရှောင်တွေ တိုးလာရင် ပိုပြီး ခက်ခဲဦးမယ်၊ ဒီ့ပြင် တခြားတောထဲ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖောင်းဆိုင်ဒေသအတွင်း ဖြစ်ပွားနေသည့် အဆိုပါ ကိုးကန့်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင် ပြည်သူများ စုစုပေါင်း ၃၀၀ ခန့်ရှိနေပြီး စစ်ကောင်စီ တပ်ဖွဲ့မှ ရွာထဲ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ဖိုင်ကောင်းကျေးရွာက လူနေအိမ်အများ အပြား ထိခိုက်ပျက်စီးရကြောင်းလည်းသိ ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...