Wednesday, January 28, 2026

တရားမဝင် တရုတ်နိုင်ငံသား ၆၉ ဦး ရက်ဆက်တိုက် မြန်မာဘက်သို့ ခိုးဝင်လာ

ယခုရက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆၉ ဦးရှိကြောင်း စုံစမ်းသိရသည်။

Photo by မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၆၉ )ဦးသည် ဇူလိုင် ၃၀ရက်မှ သြဂုတ် ၁၀ရက် အထိ ဖမ်းဆီးခံရသည့် သူများဖြစ်ကြောင်းသိရသည်။

ထိုသူများကို သြဂုတ် ၁၀ရက်တွင် မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်ကျေးရွာတွင် ၁၅ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ထိုနေ့တွင် မူဆယ်မြို့ပန်ခမ်း စက်လှေဆိပ်ခိုးပေါက်မှ တရုတ်နိုင်ငံသား (၅)ဦးထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်မြို့ မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထို့ပြင် သြဂုတ် ၈ရက်တွင် တရုတ်နိုင်ငံသား (၃)ဦး၊ သြဂုတ် ၅ရက်တွင် တရုတ်နိုင်ငံသား ၂၀ဦး၊ သြဂုတ် ၄ရ က်တွင် တရုတ်နိုင်ငံသား ၉ ဦး၊ သြဂုတ် ၁ရက်တွင် တရုတ်နိုင်ငံသား ၁ဦး၊ ဇူလိုင် ၃၁ရက် တွင် ၁ဦး နှင့် ဇူလိုင် ၃၀ရက်တွင် ၂၀ဦး တို့ဖမ်းဆီးရမိကြောင့် မူဆယ်မြို့မ ရဲစခန်းမှ စာရင်း သိရသည်။

Photo by မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

“ ဖမ်းဆီးရမိတဲ့သူ စုစုပေါင်း (၆၉ ) ဦးကို ကျနော်တို့ စစ်ဆေး ပြီး အရေးယူသွားမှာပါ” ဟု မြိုမရဲစခန်းက တာဝန်ရှိသူက ဆိုသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို ရာဇာသတ်ကြီး ပုဒ်မ ၃၆၇ နှင့် လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁)/ ၁၃(၅) တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

Photo by မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ကိုဗစ် -၁၉ ကူးစက်မြန် ရောဂါကြောင့် မြန်မာ-တရုတ်နယ်စပ်သည် ဧပြီ ၂၄ရက် မှစတင်ကာ နယ်စပ်ဂိတ်အားလုံးပိတ်ဆိုင်းပြီး လူဝင်၊ထွက်မှု မပြုလုပ်ရတော့ပေ။

ထို့နောက် မြန်မာ-တရုတ်နယ်စပ် မြန်မာပြည်ဘက်သို့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်ခဲ့ကြသလို့ တရုတ်ပြည်ဘက်သို့လည်း မြန်မာနိုင်ငံသားများ တရားမဝင် ခိုးဝင်မှုများရှိကြောင်းသိရသည်။

ထိုဖမ်းဆီးရမိသည့် တရားမဝင် တရုတ်နိုင်ငံသားများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း၊ တရုတ်နိုင်ငံသား ဟုတ်၊ မဟုတ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အကျင့်ပျက်လာဘ်စားမှုကြောင့် အမှုသည်များ နစ်နာနေ

0
သျှမ်းပြည် မူဆယ်ခရိုင် တာဝန်ခံတရားသူကြီးအဖြစ် ဒုတိယခရိုင်တရားသူကြီးမှ တာဝန်ယူထားစဉ် အမှုကိစ္စများ ဆုံးဖြတ်ရာတွင် အကျင့်ပျက် လာဘ်စားမှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ခရိုင်တရားရုံးတွင် ၂၀၂၄ မေလပိုင်းမှ စတင်၍ မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အဖြစ် တာဝန်ယူ ထမ်းဆောင်နေသည့် ဒုတိယ ခရိုင်တရားသူကြီး ဦးသန်းထိုက်စိုးသည် ယခုနှစ်...

မူဆယ်လဝက မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ်ကို ဈေးအဆမတန်တောင်း၊ ခိုးကြောင်ခိုးဝှက် လုပ်ပေးနေ

0
သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ် ပြုလုပ်ရန် ဈေးအဆမတန်တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် လဝက အရာရှိများက နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်များမကျန်ရှိတော့ဟု အကြောင်းပြကာ...

အွန်လိုင်းဂိမ်းလုပ်သူနှင့် တရားမဝင် လာရောက်သူများကို ကျိုင်းတုံမှ တဆင့် မိုင်းလားဘက်ပြန်ပို့မည်

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် စစ်ကောင်စီများ ဖမ်းဆီးထားသည့် အွန်လိုင်းဂိမ်းလုပ်သူများ နှင့် တရားမဝင်လာသည့် တရုတ်လူမျိုးများကို နေရပ်ပြန်ပို့ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ မှ တာချီလိတ်၊ မိုင်းဖြတ် တွင် အွန်လိုင်းဂိမ်းပြုလုပ်နေသူများကို ဖမ်းဆီးထားပြီး ၊ ထိုသူများကို နေရပ်ပြန်ပို့ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၇)ရက်တွင် ကျိုင်းတုံ...

ကွတ်ခိုင်မြို့ပေါ်ရှိ နေအိမ်တစ်လုံး ဓားပြတိုက်မှုဖြစ်ပွား

0
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်ရှိ နေအိမ်သို့ အမည်မသိ လက်နက်ကိုင်တစ်စုက ဓားပြတိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် နံနက်ပိုင်း ၁ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်၌ နေထိုင်သည့် နေအိမ်တစ်လုံးထဲသို့ မျက်နှာဖုံးစွပ်...

မူဆယ်မြို့နယ် တီးမကျေးရွာထဲ စစ်သားများ ဝင်ရောက်နေထိုင်

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ တီးမရွာတွင် အင်အား ၂၀၀ နီးပါးရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) က နေရာယူထားပြီး ကိုးကန့်...