မူဆယ်လဝက မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ်ကို ဈေးအဆမတန်တောင်း၊ ခိုးကြောင်ခိုးဝှက် လုပ်ပေးနေ

သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ် ပြုလုပ်ရန် ဈေးအဆမတန်တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

မူဆယ်စာအုပ်အနီ

ဇန်နဝါရီလ ၂ ရက်တွင် မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် လဝက အရာရှိများက နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်များမကျန်ရှိတော့ဟု အကြောင်းပြကာ စာအုပ်မလုပ်ပေးတော့ကြောင်း ကြေငြာခဲ့သော်လည်း ပွဲစားအဆက်အသွယ်များမှတဆင့် ဈေးအဆမတန် တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ်ပေးနေသည်ဟု မူဆယ်ဒေသခံများက ပြောသည်။

“နှစ်သစ်ကူးပြီးတော့ စာအုပ်ကုန်သွားလို့ မလုပ်ပေးတော့ဘူးလို့ ကြေငြာပြီးတော့ အဲ့လိုမဟုတ်ပြန်ဘူး၊ လဝကနဲ့ နီးစပ်တဲ့ ပွဲစားတွေနဲ့ လုပ်စားနေကြတယ်။ ဘာလို့ဆိုရင် စစ်ဘေးရှောင်တဲ့လူရယ်၊ တချို့က နှစ်ကုန်လို့ စာအုပ်သက်တမ်းတိုးဖို့ လဲရမယ့်သူတွေရယ် မလုပ်ပေးတော့ဘူးလို့ ပြောတယ်။ တရုတ်ငွေ များများပေးနိုင်ရင်တော့ ပွဲစားကနေတဆင့် သူတို့ဆီ စာအုပ်လုပ်ပေးဖို့ ပြောလို့ရတယ်”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ်ကို မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ မန်ဟျိုး(မန်ဟီးရိုး)နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့တွင် နေထိုင်သူများသာ သက်တမ်း(၁)နှစ်ရှိ အနီရောင်စာအုပ် ပြုလုပ်ခွင့်ရှိပြီး ယခုအခါ မူဆယ်မြို့ နန်းတော်ဂိတ်တွင် ပွဲစားများမှတဆင့် ဈေးအဆမတန် ပေးကာ ပြုလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်က ဒေသခံ စာအုပ်လုပ်ရင် မြန်မာငွေ ၅၀၀၀/ ၁၀၀၀၀ အဲ့လောက်ပဲ ပေးရတဲ့ဟာ အခုက သိန်းချီ ပေးနေရတာဆိုတော့ ပက်စပို့လုပ်တာ ဗီဇာလုပ်တာနဲ့ ခပ်ဆင်ဆင်ဖြစ်လာပြီ။ ပွဲစားတချို့ လုပ်ပေးတာက တရုတ်ယွမ်ငွေ ၉၀၀ ကနေ ၁၃၀၀/၁၅၀၀ ယွမ်အထိ ရှိတယ်။ မြန်မာငွေဆိုရင်‌တော့ ၅ သိန်းကနေ ၇ သိန်း ၈ သိန်း အထိ ပေါက်ဈေးရှိတယ်”ဟု မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုကဲ့သို့ မူဆယ်မြို့မှ လဝကအရာရှိများက နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် စာအုပ်ကို ဈေးအဆမတန် တောင်းပြီး ပြုလုပ်နေရခြင်းကြောင့် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ကုန်ပစ္စည်းဝယ်ယူ တင်သွင်းနေသည့် ဒေသခံများမှာ အခက်အခဲဖြစ်ကာ ဒေသခံပြည်သူများလည်း ကုန်ဈေးနှုန်းမြင့်မားမှုကို ကြုံတွေ့နေရကြောင်း သိရသည်။

“နေ့စဉ်နဲ့အမျှ ရှာစားနေရတဲ့လူတွေက ရောင်းလဲခက် ဝယ်လဲခက် အဲ့လိုဖြစ်နေတာ။ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း ဒီဘက်လူတွေက တရုတ်ကိုပဲ မှီခိုနေရတာလေ။ အခုက လမ်းကြောတလျှောက်လုံးက တံတားတွေလဲ ကျိုးကုန်တော့ ကုန်ဈေးနှုန်းတွေလဲ တက်တယ်။ တရုတ်ဘက်က ကုန်တွေ မဝင်တော့ရင် ပိုခက်ခဲမှာ၊ ပြည်သူတွေ ဒုက္ခရောက်တာပေါ့”ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဇန်နဝါရီ ၇ ရက်နေ့ကလည်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ရရန်အတွက် တစ်ခါသုံး နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကို တုံကင်စောင့်ဆိုင်းနေသူ ၈၀၀၀ နီးပါးအထဲမှ ၁၀ ဦးထက်မနည်း မူးလဲခဲ့ပြီး ဆေးရုံတင်လိုက်ရကြောင်း ကူညီပေးခဲ့ရသည့် မူဆယ်မြို့ရှိ ပရဟိတအသင်းများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...