မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အကျင့်ပျက်လာဘ်စားမှုကြောင့် အမှုသည်များ နစ်နာနေ

သျှမ်းပြည် မူဆယ်ခရိုင် တာဝန်ခံတရားသူကြီးအဖြစ် ဒုတိယခရိုင်တရားသူကြီးမှ တာဝန်ယူထားစဉ် အမှုကိစ္စများ ဆုံးဖြတ်ရာတွင် အကျင့်ပျက် လာဘ်စားမှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့ ခရိုင်တရားရုံးတွင် ၂၀၂၄ မေလပိုင်းမှ စတင်၍ မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အဖြစ် တာဝန်ယူ ထမ်းဆောင်နေသည့် ဒုတိယ ခရိုင်တရားသူကြီး ဦးသန်းထိုက်စိုးသည် ယခုနှစ် ၂၀၂၅ ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းရှိ ဗိုလ်တစ်ထောင် ခရိုင်တရားရုံး သို့ ပြောင်းရွှေ့ရန် အမိန့်ကျခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အမိန့်ကျပြီးနောက် မူဆယ် မြို့နယ်နှင့် ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် ပြစ်မှု၊ တရားမမှု စသည့် အမှုကိစ္စများ အပေါ်တွင် တရားမျှတမှုမရှိဘဲ ဘက်လိုက်ကာ အမိန့်ချဆုံးဖြတ်၍ အကျင့်ပျက် လာဘ်စားမှုများ သိသိသာသာ လုပ်ဆောင်လာကြောင်း အမှုသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး

“သူမသွားခင်မှာ ရှိသမျှ အမှုတွေကို သိန်းပေါင်း ရာနဲ့ချီပြီးတော့ ယူသွားနိုင်အောင်လို့ အမှုတွေကို တစ်ပတ်အတွင်း ရုံးချိန်း ၂ ကြိမ် ၃ ကြိမ် ချိန်းတာအထိ လုပ်နေတာ။ အမွေဆက်ခံခွင့် ကိစ္စတွေမှာလည်း ရှေ့နေမပါဘဲနဲ့ သူ့ဟာသူ သက်သေထွက်ချက်တွေရိုက်၊ အနိုင်ပေးပြီးတော့ အမွေဆက်ခံခွင့် လက်မှတ်တွေကို သိန်းရာနဲ့ချီ တောင်းတာ။ ပြောင်းခါနီးမှာ လွန်လွန်ကျူးကျူးကို ပိုပြီး လာဘ်စားမှုက အခြေအနေ ဆိုးလာတာ”ဟု အမှုသည်တစ်ဦးက ပြောသည်။

ထို့အပြင် အချို့သော တရားမမှု ကိစ္စများတွင် ခရိုင်မှ ပြည်နယ်အဆင့်ထိ အယူခံတက်ခွင့် မရှိအောင် တစ်ဘက်သက် ဆုံးဖြတ်ချက်ဖြင့် အမိန့်ချမှတ်မှုများ ပြုလုပ်နေပြီး ရက်သတ္တပတ်အတွင်း အမှုများကို အပြီး ဆုံးဖြတ်မှုများ ပြုလုပ်ကြောင်း အမှုသည်တစ်ဦးက ဆက်ပြောသည်။

“မျှတမှုက တရားမမှု ကိစ္စမှာ ပိုအရေးကြီးတယ်။ ဥပဒေနဲ့ ပတ်သက်တဲ့ ပြဿနာဆိုတော့ ကြားထဲက အမိန့်တွေကို မကျေနပ်ရင် ပြည်နယ်၊ နေပြည်တော်အထိ တက်ခွင့်တောင် ရှိတယ်လေ။ အခုက တက်ခွင့် မပေးဘူး၊ သူကြိုက်တဲ့အမိန့်ချ အဲ့ဒီအမိန့်က အတည်ပဲ။ တချို့အမှုသည်က ရုံးရောက်ဖို့ မိနစ်အနည်းငယ် နောက်ကျတာကို တစ်ဘက်သက်နဲ့ ချက်ချင်း အမိန့်ချပြီး တစ်ပတ်၊ ၁၀ ရက်အတွင်းကို အမှု တစ်ခုပြီး တစ်ခုကို ပြီးအောင် စစ်နေတာ။ အဲ့လို လုပ်နေတော့ အမှန်တရားတွေက မပေါ်ဘူး၊ သူအနိုင်ပေးချင်တဲ့ ဘက်က အမှန်တရားပဲ”ဟု ၎င်းအမှုသည်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်ခရိုင် တရားရုံးတွင် ဒုတိယ ခရိုင်တရားသူကြီး ဦးသန်းထိုက်စိုးမှ မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အဖြစ် တာဝန်ယူ၍ ယခုကဲ့သို့ အမှုများကို တရားမျှတမှုမရှိ၊ အကျင့်ပျက် လာဘ်စားမှုများဖြင့် စီရင်ချက်ချမှတ်နေခြင်းသည် ပြည်သူများအတွက် ထိခိုက်နစ်နာစေကြောင်း ၎င်းက ဆက်ဆိုသည်။

“ဒီလို အကျင့်ပျက် လာဘ်စားမှုတွေကြောင့် လက်ရှိမှာ ပြည်သူတွေက ဉပဒေအကာအကွယ် မရဘူး၊ နောက်ပြီး‌တော့ မျှတမှု မရဘူး။ မူဆယ်မှာ အရမ်းကို နစ်နာနေကြတာ လူများစုပဲ၊ အမိန့်ကို နေ့စဉ် မှတ်တမ်းတွေမှာ ကြည့်လိုက်ရင် သိသိသာသာကြီးကို မြင်နိုင်ပါတယ်။ ထိခိုက်နစ်နာတဲ့ လူတွေကတော့ သူ ဒီခရိုင်တရားသူကြီး တာဝန်ယူတဲ့ ကာလတစ်လျှောက်ပဲ၊ တချို့ အမှုသည်တွေဆို ရှေ့နေငှားခွင့်ကို မရှိဘူး ချက်ချင်း အမိန့်ချလိုက်တာ”ဟု အမှုသည်တစ်ဦးက ပြောသည်။

တရားမမှု အမျိုးအစားများသည် ကြွေးမြီဆိုင်ရာ၊ မြေယာ/ အိမ်ခြံမြေ အငြင်းပွားမှု၊ စီးပွားရေး စာချုပ်ပျက်ကွက်မှု၊ မိသားစုဆိုင်ရာ ပြဿနာ၊ ဂုဏ်သိက္ခာဖျက်မှု စသည့် အခြားသော အမှုများဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့သည် စစ်မက်မဖြစ်ပွားသည့် ဒေသဖြစ်ပြီး၊ လက်ရှိ အချိန်ထိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများ လည်ပတ်နေဆဲမြို့ ဖြစ်သည်။

မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက ဒေသခံပြည်သူများထံ အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ ဓားပြတိုက်မှုနှင့် လူပြန်ပေးဆွဲမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်း ကြောင့် လုံခြုံမှု မရှိသည့် နယ်စပ်မြို့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...