မူဆယ်မြို့နယ် တီးမကျေးရွာထဲ စစ်သားများ ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။

KIA

ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ တီးမရွာတွင် အင်အား ၂၀၀ နီးပါးရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) က နေရာယူထားပြီး ကိုးကန့် တပ်ဖွဲ့ (MNDAA) အင်အား ၁၀၀ ကျော်တို့သည် နောင်အင်ကျေးရွာအတွင်း နေရာယူထားကြောင်း အမည်မဖော်လို ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“မနက်ပိုင်းမှာ KIA စစ်ကြောင်း ၂၀၀ နီးပါးက တီးမဈေးထဲကို အရင်လာတယ်၊ ပြီးတော့ တီးမရွာထဲမှာ စခန်းချတာ၊ တီးမရွာက သျှမ်းလူမျိုးတွေ နေတဲ့ရွာပေါ့၊ ညနေပိုင်းလောက်တော့ ကိုးကန့်တပ်ဖွဲ့ကလည်း တီးမရွာနဲ့ ကပ်လျက် နောင်အင်ရွာထဲမှာ နေရာလာယူတယ်၊ အဲ့ဒါက ကချင်ရွာပေါ့” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တီးမရွာအတွင်း နေရာယူထားသည့် ကချင်တပ်ဖွဲ့ KIA နှင့် နောင်အင်ရွာအတွင်း နေရာယူထားသည့် ကိုးကန့် တပ်ဖွဲ့ MNDAA တို့သည် ကားသမားများ၊ ရွာအဝင်အထွက် ပြုလုပ်သူများကိုလည်း ကြုံရင် ကြုံသလို စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ လူနေကျေးရွာအတွင်း ဝင်ရောက်နေရာယူမှုကြောင့် ဒေသခံရွာသားများက ကြောက်လန့်နေကြရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“သူတို့ စခန်းချတာ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ၊ ကိုးကန့်က နောင်အင်ရွာထဲ ရောက်လာချိန်မှာ KIA က အရာရှိ တချို့ သွားဆွေးနွေးခဲ့တယ်လို့ သိရတယ်၊ နှစ်ဖက် စစ်ရေးတင်းမာလာမှာကိုတော့ ကြောက်ရတယ်၊ အခုချိန်က အလုပ်ပါးတယ်၊ တိုက်ပွဲဖြစ်လို့ စစ်ရှောင်ရရင်လည်း မလွယ်ဘူး” ဟု ၎င်းကဆိုသည်။

တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသာ လှုပ်ရှားအခြေစိုက်မှု များပြားပြီး စစ်ကောင်စီ တပ်ဖွဲ့ အနေဖြင့် လာရောက်ခြင်း မရှိသလောက် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဒေသအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ MNDAA၊ KIA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထု နှင့် အတူ ရောနှောနေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...