မူဆယ်ခရိုင်အတွင်း တရက်တည်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ယမန်နေ့ (မေလ ၈ )ရက် ညနေခင်း အချိန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

စစ်ကောင်စီ

ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်း ၅ နာရီကျော်ဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း သန္နီမြို့ အလွန် မန်ပိန်းကျေးရွာ အနီး၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး၊တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

“အရင်က လမ်းမကြီးအနီးမှာပဲ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့မနေ့ညက တိုက်ပွဲကတော့ လမ်းမကြီးကနေ အသံ တွေကြားရတာပါ၊ စစ်ကောင်စီ နဲ့ MNDAA၊ TNLAတို့က ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ပြောတယ်၊ တချို့ ကလည်း PDF ပါပါတယ်လို့ ပြောပါတယ်၊ အသေးစိတ်တော့ မသိရဘူး၊ ပစ်ခတ်သံတွေက နာရီဝက်နီးပါးကြာတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ထိုတိုက်ပွဲဖြစ်ပွားနှင့် ပက်သက်ပြီး ထိခိုက်ကျဆုံးမှုများ၏ အရေအတွက်နှင့် ဖြစ်ပွားရသည့် အကြောင်းအရင်း အသေးစိတ် မသိရှိရသော်လည်း ကွတ်ခိုင်မြို့နယ် နှင့် မဘိမ်းမြို့အနီးပတ်ဝန်းကျင်ရှိ ဒေသများသည် ပစ်ခတ်သံ များ မကြာခဏကြားရလေ့ရှိသည့် ဒေသဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

အလားတူပင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး မော်တောင်းကျေးရွာအနီးမှာလည်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

“မော်တောင်းကျေးရွာအနီးမှာ စစ်ကောင်စီတို့ တိုက်ပွဲထပ်မံဖြစ်ပါတယ်၊ ပြီးခဲ့သည့် တစ်ပတ်က တိုက်ပွဲဖြစ် ကတည်းက အဲ့အနီးမှာ ဆို စစ်ကောင်စီကင်းပုန်းစခန်းရှိတယ်လို့ သိရပါတယ်၊ မနေ့ညကတော့ ဘယ်အဖွဲ့ နဲ့ ပစ်ခတ်မှု ဖြစ်သလဲ ဆိုတာ မသိရဘူး၊ ညလည်းမှောင်နေတော့ ဘယ်သူမှ မထွက်ရဲကြဘူး”ဟု မော်တောင်း ကျေးရွာအနီး ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

အဆိုပါမော်တောင်းကျေးရွာအနီးသည် ပြီးခဲ့သည့် မေလ ၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA  တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတို့ ပေါ်တာဆွဲခေါ်ဆောင်လာသည့် သျှမ်းလူငယ်နှစ်ဦးလည်း ကျဆုံးခဲ့ရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီတို့သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ပိုမိုများပြားလာသည့် အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ရင်ဆိုင်တိုက်ခိုက်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...