Wednesday, January 28, 2026

၆နှစ်ကြာ တရားမျှတမှု မရသေးသည့် ကောင်းခါး ကချင်ဆရာမ (၂)ဦး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာ တွင် တာဝန်ထမ်းဆောင်သည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ(၂)ဦး မုဒိမ်ကျင့် သတ်ဖြတ်ခံရသည်မှာ (၆)နှစ်ကြားခဲ့သော်လည်း ယနေ့ထိတိုင် တရားမျှတမှု မရရှိသေးကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ၂၀၁၅ခုနစ် ဇန်နဝါရီ ၁၉ ရက်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စေလွှတ်လိုက်သည့် စေတနာဝန်ထမ်း ဆရာ မရန်လုရာ အသက်(၂၀)နှစ် နှင့် မတန်ဘောင်ခေါန်နန်းစင် (၂၁)နှစ်တို့ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်ပြီး ယနေ့ (၆နှစ်)ပြည့်ချိန်ထိ တရားမျှတမှုမရှိသေးသည့်အပေါ် ကချင်ပြည် အမျိုးသမီး အရပ်ဖက် အဖွဲ့အစည်းများက သဘောထား ထုတ်ပြန်လိုက်သည်။

“ ကျမတို့က အမှုမှန်ပေါ်ပေါက်ဖို့ ပြောမယ်ဆိုရင် ကျူးလွန်သူတွေကို အမှုမှန်ဖော်ထုတ်ဖို့၊ ပွင့်လင့်မြင်သားစွာထုတ်ပြဖို့၊ အဲဒါကတော့ အဓိကပါပဲ။ အမှုမှန်နဲ့ တရားမျှတမှု ပေါ်ပေါက်လာဖို့ပါ” ဟု ကချင်အမျိုးသမီးများကွန်ရက် အကြံပေးပုဂ္ဂိုလ် ဒေါ်နန်ပူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကချင်ဆရာမ ၂ ဦးကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှစေလွှတ်သော စေတနာဝန်ထမ်းများဖြစ်ပြီး၊ ထိုအမှုကို KBCအဖွဲ့မှ ဦးဆောင်ပြီး ဆောင်ရွက်နေကြောင်းသိရသည်။

“(KBC) အဖွဲ့ကနေ ဒီအပြစ်ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်နိုင်တဲ့ အထိ ဆက်လက်ဦးဆောင်ပေးစေလိုတယ်။ ဒီအမှုကို လည်း (KBC) ကပဲ ဆက်ပြီး လုပ်ပေးစေချင်တယ်” ဟု အမျိုးသမီးအရေး တက်ကြွဆောင်ရွက်နေသည့် ဆောင်ဝေးက ပြောသည်။

ထိုသို့ အမှုမှန်မပေါ်ပေါက်လာသေးသည့်အပေါ်တွင် နှစ်စဉ်နှစ်တိုင်း အမျိုးသမီး အဖွဲ့အစည်းများမှ ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့သော်လည်း မြန်မာ့တပ်မတော်ဘက်မှ တစုံတရာ တုန့်ပြန်မှု မရှိခဲ့ကြောင်း သိရသည်။

“ ၆ နှစ်ရှိခဲ့ပြီး တပ်မတော်ဖက်မှ ဘာမှပြန်မပြောလာသေးဘူး” ဟု ကချင်အမျိုးသမီးများကွန်ယက် အကြံပေးပုဂ္ဂိုလ် ဒေါ်နန်ပူကပြောသည်။

ထို စေတနာ့ဝန်ထမ်း ကချင်ဆရာမ(၂) မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့်နေရာ၊ အခင်းဖြစ်ပွားရာအနီးတွင် နိုင်ငံတော်ကို လုံခြုံရေးပေးနေသည့် မြန်မာ့တပ်မတော်များရှိနေသဖြင့် တပ်မတော်များအနေဖြင့် တရားမျှတမှု ရရှိရန် တာဝန်ယူဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လက်ရှိ အစိုးရ အနေဖြင့် အမှုမှန်ပေါ်ပေါက်ရန်နှင့် တရားမျှတမှု ရရှိရန် ဥပဒေအတိုင်း ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ပေးရန် ထုတ်ပြန်ချက်တွင်ရေးသားတောင်းဆိုထားသည်။

စေတနာ့ဝန်ထမ်း ကချင် ဆရာမ ၂ ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနစ် ဇွန် ၂၈ရက်တွင် နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA )၏ လက်ချက်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ(PC)တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။

သို့သော် ကချင်ဆရာမ ၂ဦး နေထိုင်သည့်နေအိမ်နှင့် ကိုက်(၁၀၀)ခန့် တွင် ကျောက်မဲအခြေစိုက်တပ်ရင်း ခမရ(၅၀၃) စစ်သားဦးရေ (၄၀) ကျော်နေထိုင်ကြောင်း ယနေ့ ကချင် အမျိုးသမီးများကွန်ရက် ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ရန် သံန္နိဌာန်ချမှတ်ထားသော်လည်း လက်နက်ကိုင်ပဋိပက္ခနယ်မြေအတွင်း အမျိုးသမီးများ ယနေ့ထိတိုင် အကြမ်းဖက်သတ်ဖြတ်ခံနေရပြီး၊ ဆင်းရဲဒုက္ခရောက်နေရသေးကြောင်း လည်းအမျိုးသမီး အရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အကျင့်ပျက်လာဘ်စားမှုကြောင့် အမှုသည်များ နစ်နာနေ

0
သျှမ်းပြည် မူဆယ်ခရိုင် တာဝန်ခံတရားသူကြီးအဖြစ် ဒုတိယခရိုင်တရားသူကြီးမှ တာဝန်ယူထားစဉ် အမှုကိစ္စများ ဆုံးဖြတ်ရာတွင် အကျင့်ပျက် လာဘ်စားမှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ခရိုင်တရားရုံးတွင် ၂၀၂၄ မေလပိုင်းမှ စတင်၍ မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အဖြစ် တာဝန်ယူ ထမ်းဆောင်နေသည့် ဒုတိယ ခရိုင်တရားသူကြီး ဦးသန်းထိုက်စိုးသည် ယခုနှစ်...

မူဆယ်လဝက မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ်ကို ဈေးအဆမတန်တောင်း၊ ခိုးကြောင်ခိုးဝှက် လုပ်ပေးနေ

0
သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ် ပြုလုပ်ရန် ဈေးအဆမတန်တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် လဝက အရာရှိများက နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်များမကျန်ရှိတော့ဟု အကြောင်းပြကာ...

ကွတ်ခိုင်မြို့ပေါ်ရှိ နေအိမ်တစ်လုံး ဓားပြတိုက်မှုဖြစ်ပွား

0
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်ရှိ နေအိမ်သို့ အမည်မသိ လက်နက်ကိုင်တစ်စုက ဓားပြတိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် နံနက်ပိုင်း ၁ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ အမှတ် (၇) ရပ်ကွက်၌ နေထိုင်သည့် နေအိမ်တစ်လုံးထဲသို့ မျက်နှာဖုံးစွပ်...

မူဆယ်မြို့နယ် တီးမကျေးရွာထဲ စစ်သားများ ဝင်ရောက်နေထိုင်

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ တီးမရွာတွင် အင်အား ၂၀၀ နီးပါးရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) က နေရာယူထားပြီး ကိုးကန့်...

မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ တစ်လမ်းမောင်း (၅သုံးလုံး) လမ်းကြားတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်၌ စစ်ကောင်စီ လက်အောက်ခံ မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ သေနတ်ပစ်သတ်ခံရသည့် မူဆယ်ခရိုင် ရဲအုပ်တစ်ဦးသည် အသက် ၃၀...