သျှမ်းမြောက် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲ ဆက်ဖြစ်နေဆဲ

သျှမ်းပြည်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ အကြား တိုက်ပွဲများသည် နေ့စဥ်ရက်ဆက်ရှိနေကြောင်း သတင်းသိရသည်။

ယမန်နေ့ နိုဝင်လာလ ၂၈ ရက်နေ့ မနက် ၉ နာရီ အချိန်မှ နေ့လည် ၁၂ နာရီ ဝန်းကျင်အထိ မူဆယ်-မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က တိုက်ပွဲက နေ့တစ်ပိုင်းလောက် ဖြစ်သွားတယ်၊ မနက် ၉ နာရီကျော်ကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ တွေက လွိုင်ရွဲးနား လက်နက်ကြီး၊ လက်နက်ငယ်သံတွေနဲ့ ပစ်နေကြတာ၊ အသံတွေက ၁၂ နာရီကျော်မှ ငြိမ်သွားတာ” ဟု အမည်မဖော်လိုသည့် မန်ပိန်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA ပူးပေါင်းတပ်တို့ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“စစ်ကောင်စီတို့က မြောက်ပိုင်းမဟာမိတ် KIA MNDAA တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်၊ သူတို့ရဲ့ ထိခိုက်ကျဆုံးမှုတော့ မသိရသေးဘူး၊ ရွာနဲ့လည်း နည်းနည်းဝေးတယ်” ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်း မူဆယ်ခရိုင် မုံးကိုးနှင့် ပန်ဆိုင်းဒေသအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“အခုတလော တိုက်ပွဲတွေက ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွှေး အဲ့ဘက်မှာ အဖြစ်များနေတယ်၊ သူတို့ အချင်းချင်း ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ သေနတ်ကျည်တွေကတော့ ရွာပတ်ဝန်းကျင်မှာ နေ့တိုင်းနီးနီးလာကျနေတယ်” ဟု ဖောင်းဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မုံးကိုးမြို့နယ် နမ့်ဟာရွာအနီးတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးသံကို ခါတိုင်းနေ့များထက် ကြားနေရကြောင်းလည်း သတင်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာမှုများလည်း ဆက်လက်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့၏ ချင်ချိုင့်ထန်တပ်စခန်းကို စစ်ကောင်စီတို့က တနေ့တည်းဖြင့် ၃ ကြိမ် ထိုးစစ်ဆင် တိုက်ခဲ့ကြောင်း ကိုးကန့်မီဒီယာက ဖော်ပြထားတာ တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...