Wednesday, January 28, 2026

မူဆယ်ခရိုင် မုံးပေါ် ဒေသ လက်နက်ကြီးသံကြားရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ် ဒေသတွင် ယနေ့(စက်တင်ဘာ ၁၁)ရက် နေ့လည် ၃နာရီ ကျော်မှစတင်ကာ လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အဆိုပါ လက်နက်ကြီးသံသည် နေ့လည် ၃နာရီကျော်မှ စတင်ကြားနေရပြီး ညနေ ၄နာရီထိ ပစ်ခတ်သံတွေ ကြားနေရဆဲ ဟု မုံးပေါ် တွင်နေထိုင်သည့် ဆရာမ အက်စတာ က သျှမ်းသံတော်ဆင့် ကို ပြောသည်

“လက်နက်ကြီးသံတွေကတော့ အကျယ်ကြီးကြားနေရတယ်။ ဘယ်တပ်ဖွဲ့တွေ ဖြစ်နေလဲတော့မသိဘူး။ အခုချိန်ထိ ကြားနေရတုန်းပဲ” ဟု ဆရာမ အက်စတာ က ပြောသည်။

ထိုဒေသတွင် လှုပ်ရှားနေသည့် တပ်များမှာ အစိုးရ တပ်မတော်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ညီနောင် မဟာမိတ်တပ်ရင်းများရှိကြောင်း သိရသည်။

လက်ရှိ လက်နက်ကြီးသံသည် မုံးပေါ် ဒေသနှင့် ၅မိုင်ဝေးသည့် နေရာတွင် ပစ်ခတ်နေကြောင်း သိရသည်။

“ အဲ့လက်နက်ကြီး ပစ်နေတဲ့နေရာနဲ့ နီးတဲ့ မန့်တောင်း ကျေးရွာ ဒေသခံတွေကိုတော့ မန့်ပြိန်းကို ရွှေ့ထားတယ်။ ကျမတို့လည်း ကြောက်နေရတယ်။ အိမ်ထဲမှာပဲနေနေရတယ်” ဟု ဆရာမ အက်စတာ က ဆိုသည်။

ယနေ့မနက်ပိုင်း လက်နက်ကြီး မပစ်ခတ်ခင်တွင် အစိုးရ တပ်မတော် စစ်ကြောင်းများမှ အင်းအားဖြည့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ မုံးပေါ် ဒေသဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး (KIA) မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က “ ကျနော်ဆီကိုတော့ မြေပြင် သတင်းမတက်လာသေးဘူး။ ကျနော်လည်း လူမှု ကွန်ရက်မှာတင်တဲ့သတင်းပဲ သိရသေးတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် KIA တပ်ရင်း ၃၆ နှင့် ညီနောင် မဟာမိတ်တပ်များလည်း ရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ထို့ကြောင့် TNLA မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တာအိုက်ကျော် ကို ဆက်သွယ်မေးမြန်းရာ သတင်းအချက်အလက် မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့် ကို ပြောသည်။

သို့သော် ယမန်နေ့ (စက်တင်ဘာ ၁၀)ရက်တွင် ကွတ်ခိုင်မြို့နယ် ကောင်းလိမ်ကျေးရွာ အထက်လွိုင်လန်တောင်ပေါ်တွင် အစိုးရတပ်မတော် နှင့် TNLA တို့ တိုက်ပွဲ ၅နာရီကြာ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှူး တာအိုက်ကျော် က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...

မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အကျင့်ပျက်လာဘ်စားမှုကြောင့် အမှုသည်များ နစ်နာနေ

0
သျှမ်းပြည် မူဆယ်ခရိုင် တာဝန်ခံတရားသူကြီးအဖြစ် ဒုတိယခရိုင်တရားသူကြီးမှ တာဝန်ယူထားစဉ် အမှုကိစ္စများ ဆုံးဖြတ်ရာတွင် အကျင့်ပျက် လာဘ်စားမှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ခရိုင်တရားရုံးတွင် ၂၀၂၄ မေလပိုင်းမှ စတင်၍ မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အဖြစ် တာဝန်ယူ ထမ်းဆောင်နေသည့် ဒုတိယ ခရိုင်တရားသူကြီး ဦးသန်းထိုက်စိုးသည် ယခုနှစ်...

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စစ်လော်ဘီက ဝါဒဖြန့်

0
သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ‌ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ‌...

စစ်ကောင်စီပစ်ခတ်သည်ဟု ယူဆရသည့် လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင် မုန်လာခြံထဲကျရောက်

0
မြန်မာ-ထိုင်းနယ်စပ် ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်မှ ပစ်ခတ်သည်ဟု ယူဆရသည့် လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်ရှိ မုန်လာခြံထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ် အသုံးပြုမှုများသည့် ၁၂၀ မမ လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် နားပါပျက်ကျေးရွာရှိ မုံလာခြံ အလယ်ထဲသို့ ၂...

မိုးဗြဲမြို့ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၆)နှစ်အရွယ် မိန်ကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁ )ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ယာတွင် အလုပ်လုပ်နေသည့် ဒေသခံ ၅...