ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊ လွိုင်ဆမ်ဆစ်၊ မန်ပြိန်းနှင့် မြို့အနီးတဝိုက်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“အခုဖြစ်တဲ့ တိုက်ပွဲက ကွတ်ခိုင်တစ်မြို့လုံးကို ကိုးကန့်ဘက်က သိမ်းမယ့် အစီအစဉ်လို့ ကြားတယ်။ ကွတ်ခိုင်တကြော TNLA တပ်ချထားတဲ့ နေရာတွေကို MNDAA ဘက်က ဒရုန်းနဲ့ အရင် စ,ပစ်လို့ တိုက်ပွဲဖြစ်နေတယ်။ အခုလည်း နမ့်ဖတ်ကာဘက်ထိ တိုက်ပွဲဖြစ်နေပြီ” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် MNDAA ကြား တစ်လကျော်ကြာ ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ပြဿနာများမှာ ပြေလည်မှု မရရှိဘဲ မြေပြင်စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ရာမှ ညီနောင်မဟာမိတ် တပ်အချင်းချင်း တိုက်ခိုက်သည်အထိ စစ်ရေးပဋိပက္ခ ကြီးထွားလာသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့တွင်း TNLA တပ်စွဲထားသည့် နေရာများကို MNDAA ဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သားနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ပြည်သူထိခိုက်ဒဏ်ရာရမှု ရှိကြောင်း ကနဦး သိရသော်လည်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ထို့အပြင် ညီနောင်မဟာမိတ်(၃) ဖွဲ့ ပူးတွဲထိန်းချုပ်ထားသည့် မူဆယ်မြို့နယ်အတွင်းရှိ ကျင်ဆန်းကျော့ နယ်စပ်ကုန်သွယ်ရေးဇုန်ဘက်တွင်လည်း TNLA တပ်သားများကို MNDAA ဘက်မှ ဖမ်းဆီးချုပ်နှောင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြားတာတော့ နှစ်ဘက်ညှိနှိုင်းတာ မရတဲ့နောက်ဆုံး ကွတ်ခိုင်တစ်မြို့လုံးကို သိမ်းဖို့ ကိုးကန့်ဘက်က အရင်စတိုက်တာ။ ကျင်ဆန်းကျော့ဘက် ၁၀၅ မိုင်ဂိတ်မှာ အခွန်ကောက်တဲ့နေရာက TNLA တပ်သားတွေ အကုန်လုံးကိုလည်း ကိုးကန့်တွေ ဖမ်းချုပ်ထားတယ်” သျှမ်းပြည်မြောက်ပိုင်းမှ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လဆန်းပိုင်းတွင် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဟူးလုံကျေးရွာနှင့် လွယ်ဆိုင်ရွာကြားတွင် TNLA နှင့် MNDAA ကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်အချင်းချင်း အပြိုင်အဆိုင် စစ်အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက်တွင် မတ်လ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် စားသောက်ကုန်၊ ဖရဲသီးနှင့် နာနတ်သီးကဲ့သို့ ကုန်စိမ်းသယ်ဆောင်သည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ပြီး ခရီးသည်တင်ယာဉ်များမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေအငြင်းပွားမှု ပြဿနာကို ကူညီဖြေရှင်းပေးရန် ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ထံသို့ TNLA ဘက်မှ ဖေဖော်ဝါရီလအတွင်း စာပေးပို့ တောင်းဆိုခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရှိကြောင်း သိရသည်။

“အခြေအနေ ကြည့်ရတာတော့ ‘ဝ’တပ်ကလည်း TNLA နဲ့ ပတ်သက်ပြီး လိုက်မလုပ်ပေးချင်သလို ဖြစ်နေတယ်။ TNLA ဘက်ကလည်း FPNCC ကို ကူဖြေရှင်းပေးဖို့ စာပို့တဲ့အပြင် ဘောင်ကျော်ပြီးတော့ တရုတ်ဆီကိုလည်း လှမ်းပြောတယ် ကြားတယ်။ အဲ့တော့ ‘ဝ’ကလည်း မျက်နှာပျက်သလို ဖြစ်တော့ သိပ်အရေးမလုပ်ဘူး” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

တရုတ်နှစ်သစ်ကူးမတိုင်မီ ဖေဖော်ဝါရီ (၁၃) ရက်တွင် ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ညီနောင်မဟာမိတ်တပ် အချင်းချင်းကြား အပြန်အလှန် ဖမ်းဆီးရိုက်နှက်မှုကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခြင်း၊ တပ်ဖွဲ့ဝင်ချင်း ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခြင်းနှင့် ကုန်စီးဆင်းမှု ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ဖြစ်ပွားနေသည့် ပြဿနာများကို ပြည်သူလူထုအပေါ် ပုံချခြင်းများ မပြုလုပ်ရန် တောင်းဆိုပြီး နှစ်ဘက်တပ်ဖွဲ့ကြား အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ဖြင့် အမြန်ဆုံး ပြေလည်မှုရရှိနိုင်ရေး ဖြေရှင်းကြရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်-TCSN မှ ဖေဖော်ဝါရီလ (၂၄) ရက်တွင် တိုက်တွန်းတောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...