Tuesday, January 27, 2026

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်သိမ်းရန် စိုးရိမ်ထိတ်လန့်နေရပြီး၊ သွားလာရန်လည်း ခက်ခဲနေကြောင်း စစ်ရေး သတင်းရင်းမြစ် အမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“ငြိမ်တော့ ငြိမ်နေပေမယ့် သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ၊ မနေ့ကတော့ ခြံထဲမှာ ရိတ်သိမ်းနေရင်း ဒရုန်းချတာ တစ်ယောက်ထိသွားတယ်။‌ ဒေသခံတွေက ကြောက်တော့ ကြောက်နေကြပေမယ့် အခက်အခဲကြား ဆက်ပြီး ရိတ်သိမ်းနေကြရတာပါ”ဟု စစ်ရေး သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

သို့သော်လည်း တိုက်ပွဲဇုန်အတွင်း ရှိနေသည့် စပါးခင်း၊ ရွာနှင့် အနည်းငယ်ဝေးသည့် စပါးခင်းများကို ဒေသခံများက တိုက်ပွဲကြား သွားရောက်ကာ မရိတ်သိမ်းနိုင်သေးကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ PNO ပူးပေါင်းတပ်နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဆောင်းပြောင်းကျေးရွာ၊ နမ့်နိန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များလည်း လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများနှင့် အမိုးအကာများ ဆက်လက်လိုအပ်နေကြာင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရ

0
စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရနေကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ဖယ်ခုံ၊ ပင်လောင်း၊...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...