မိုင်းဝီးဒေသခံများကို TNLA မှ မူးယစ်အကြောင်းပြဖမ်းဆီး ပိုက်ဆံတောင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုအတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့မှ ဒေသခံပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြဖမ်းဆီးပြီး ပိုက်ဆံတောင်းခံနေကြောင်း သတင်းသိရသည်။

မိုင်းဝီး

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် TNLA တပ်ဖွဲ့တို့သည် မိုင်းဝီးကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ရွာသားများကို မူးယစ်ဆေးဝါး သုံးစွဲမှုရှိ၊ မရှိ ဆီး စစ်ခဲ့ကြောင်း အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာထဲကို ရောက်လာတဲ့ TNLA စစ်အင်အားက ၃၀ လောက်ရှိတယ်၊ ရွာသားတွေကို မူးယစ်ဆေးဝါး သုံးမသုံး စစ်မယ်ဆိုပြီးတော့ ခွက်တစ်ခုပေးပြီး ဆီး စစ်တာ၊ အဖြေပေါ်တဲ့သူတွေက အဖမ်းခံထားရပြီးတော့ ပြန်လွတ် စေချင်ရင် ရွာလူကြီးထောက်ခံချက် နဲ့ ပိုက်ဆံ ၅ သိန်း ၆ သိန်း တောင်းတယ်” ဟု အသက် ၃၀ အရွယ်ရှိ အမျိုးသား တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရွာသားများသည် ၂၀ ဦး ထက်မနည်းရှိနေပြီး အများစုသည် သျှမ်းလူမျိုးများဖြစ်ပြီး ပြန်လွှတ်စေလိုပါက ရွာလူကြီး ထောက်ခံချက် နှင့်အတူ ပိုက်ဆံ ၆ သိန်းဖြင့် လာရွေးကြရန် ပြောဆိုခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

မိုင်းဝီးကျေးရွာ

“တချို့ပြည်သူတွေက မူးယစ်ဆေးသုံးကြတဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က သုံးတယ်ဆိုပြီးတော့ဖမ်းတာ ၊ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသားတစ်ဦးလည်း အဖမ်းခံရတယ်၊ သျှမ်းလူငယ်တွေလည်း အဖမ်းခံရတာ များတယ်၊အဖမ်းခံထားရတဲ့သူတွေ ပြန်လွှတ်စေချင်ရင် ပိုက်ဆံ ၆ သိန်းပေးရမယ်တဲ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

ထို့အပြင် ယမန်နေ့ ဇူလိုင် ၁၃ ရက်တွင်လည်း တပ်သားအင်အား ၂၀ ကျော်ရှိသည့် TNLA တပ်ဖွဲ့သည် မိုင်းဝီးကျေးရွာအုပ်စုအတွင်းသို့ ထပ်မံဝင်ရောက်လာပြီး နောက်ထပ် သျှမ်းလူမျိုး ၂ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

TNLA တပ်သားတို့မှ မူးယစ်ဆေးအကြောင်းပြကာ ရွာသားများကို ဖမ်းဆီးနေခြင်းသည် ဒေသခံရွာသားများကို စိုးရိမ်ထိတ်လန့်စေသည့် အပြင် လုပ်ငန်းဆောင်တာ များကိုပါ ထိခိုက်စေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုဝေဖန်ထားသည်။

“သူတို့ဒီလိုလာလုပ်တော့ ရွာသားတွေက ညမိုးချုပ်တာနဲ့ အပြင်မထွက်ရဲကြတော့ဘူး၊ ပြီးတော့ အခုက လယ်စိုက်ချိန်ဆိုတော့ တချို့လယ်တွေက ရွာနဲ့ဝေးရင် အိမ်ကို စောစောပြန်ရောက်ဖို့ အလုပ်ကို စောစော သိမ်းခဲ့ရတယ် ဆိုတော့ အလုပ်တွေက ပြီးသင့်သလောက်မပြီးဘူးပေါ့” ဟု ၎င်းက ပြောသည်။

TNLA တပ်သားတို့သည် မိုင်းဝီးကျေးရွာအုပ်စုအတွင်းသို့ ညစဥ်နီးပါး ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရွာခံများကို ဖမ်းဆီးခြင်း ပိုက်ဆံတောင်းခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများ များစွာ အခက်တွေ့နေရကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်များနှင့် ပက်သက်ပြီး TNLA ပြောရေးဆိုခွင့်ကို အကြိမ်ကြိမ်ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...