နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ လက်နက်ကိုင်တပ် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာတွင် တပ်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သည် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ် အတွင်းရှိ စခန်းချတပ်စွဲထားသည့် တအာင်း (ပလောင်) အမျိုးသားတပ်မတော် TNLA သည် ၎င်းတို့ ကင်းလှည့် သွားလာမှုအတွက် ဒေသခံပြည်သူပိုင် ကားများ၊ ယာဉ်များကို အတင်းအဓမ္မ ယူဆောင် သုံးယူကာ ဖျက်ဆီးခဲ့ပြီး ပိုင်ရှင်များကို ပြန်လည်ပေးအပ်ကြောင်း ပန်လုံရွာဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (TNLA) သွားလာလှုပ်ရှားဖို့အတွက် ရွာထဲက ရှိတဲ့ ကားတွေ ယာဉ်တွေကို အလှည့်ကျ ယူ သုံးတယ်၊ တစ်နေ့ကို နှစ်စီးပေးရတယ်၊ ပိုင်ရှင်တွေက ဘယ်ကို သွားဖို့ရှိလဲ မောင်းပြီး လိုက်ပို့ပေးမယ်ဆို တော့ မရဘူးတဲ့ ယာဉ်နဲ့ သော့ကို အပ်ထားရတယ်၊ သူတို့က အသုံးပြုပြီး ဖျက်ဆီးပြီးမှ ပြန်လာအပ်ကြတာ များတယ်၊ ပြန်လည်း မပြင်ပေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ လုပ်ဆောင်မှုများအပေါ် ရွာသားတစ်ချို့မှ နစ်နာကြေးတောင်းခံရန် ရွာလူကြီးကို တိုင်တည် ပြော ဆိုမှုများ ရှိနေသော်လည်း ရွာလူကြီးကိုယ်တိုင်က TNLA ၏ ခြိမ်းခြောက်မှုများကို ခံနေရသည့် အတွက် ပန်လုံရွာဒေသံပြည်သူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းလည်း ပန်လုံရွာခံ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ယောက်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ဘဝတော့ ကူရာကယ်ရာမဲ့ ဖြစ်နေပါပြီ၊ ရွာသားတွေက နှိပ်စက်ခံနေရတယ်၊ မတရားခံနေရတယ် ဆိုတာကို တိုင်ဖို့ ကူညီပေးဖို့ ရွာလူကြီးကိုယ်တိုင်က TNLA ရဲ့ ခြိမ်းခြောက်မှုကို ကြောက်နေရတယ်” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

လက်ရှိကာလမှာ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းတိုက်နေလို့ မပြီးနိုင်ကြောင်း၊ သျှမ်းလက်နက်ကိုင် က လူကြီးမင်းများ လည်း သျှမ်းပြည်သူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် လိုအပ်ကြောင်း ပန်လုံကျေးရွာ ဒေသခံများက တောင်းဆိုလိုက်သည်။

လက်ရှိတွင် ပန်လုံကျေးရွာဒေသအတွင်း ဒေသခံပြည်သူများက ခံစားနေကြရသည့် TNLA တပ်ဖွဲ့တို့၏ မတရားလုပ်ရပ်မှုများ နှင့် ပက်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့တပ်ဖွဲ့အနေဖြင့် ပြည်သူပိုင်ယာဉ်များကို အသုံးပြု လိုပါက ခွင့်တောင်းပြီးမှ ယူဆောင်အသုံးပြုရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့လို လုပ်ရပ်မျိုး ကျနော်တို့ တပ်သားတို့ကိုလုပ်ခွင့်မပြုပါဘူး၊ ပြည်သူပိုင်ယာဉ်တွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ယူသုံးပြီဆိုရင်လည်း အနည်းနဲ့ အများ အခကြေးငွေပြန်ပေးရမယ်၊ ပြီးတော့ အရင်ဆုံး ခွင့် တောင်းရမယ်ပေါ့နော်၊ ဒါက အခွင့်အရေးချိုးဖောက်ရာလည်း ဖြစ်သလို အနိုင်ကျင့်သလိုလည်း ဖြစ်နေလို့ ကျနော်တို့တပ်ဖွဲ့က ဒီလိုတွေ မလုပ်ပါဘူး” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် ပင်လုံကျေးရွာအုပ်စုမှ ပြည်သူများက TNLA တပ်ဖွဲ့တို့၏ မတရားမှုကို ခံစားနေရခြင်း နှင့် ပက်သက်ပြီး တခြားသော အဖွဲ့အစည်းများနှင့်ပက်သက်ဆက်နွယ်မှုမရှိပါက သျှမ်းပြည်တိုးတက် ရေး တပ်မတော် SSPP/ SSA တို့က ဝင်ရောက်ကူညီ ဖြေရှင်းပေးရန် အသင့်ရှိကြောင်း SSPP/SSA ၏ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနယ်ဖက်မှာ နဂိုကတည်းက RCSS နဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်၊ တကယ်လို့ TNLA ရဲ့ မတရားမှုကို ခံရတဲ့ ပြည်သူတွေက RCSS တပ်ဖွဲ့နဲ့ ပက်သက်ဆက်နွယ်မှုမရှိရင် ကျနော်တို့ကို လာပြောပါ၊ ကျနော်တို့ ကူညီ ဖြေရှင်းပေး ဖို့ အသင့်ရှိပါတယ်” ဟု ဗိုလ်မှူးစိုင်းသန်းအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် TNLA တို့ကြားသည် ၂၀၁၆ခုနစ်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေးတင်းမာနေကြောင်းသိရသည်။

ထိုတိုက်ပွဲများကြောင့် ပန်လုံကျေးရွာ ဒေသခံ လက်နက်ကြီးထိမှန်သေဆုံးမှုများရှိပြီး နေအိမ်များစွာ ပျက်စီးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...