Friday, May 3, 2024

ပန်လုံကျေးရွ

TNLA မှ အမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့်တိုက်၊ သေဆုံးသည့်သတင်း ဖုံးကွယ်ရန်ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာသားကို တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) စစ်ဗိုလ်တစ်ဦးက ဆိုင်ကယ်ဖြင့် တိုက်ပြီး သေဆုံးသွားကြောင်း စုံးစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင် ဆွေမျိုးအိမ်သို့သွားရန် နေအိမ်မှ လမ်းလျှောက် ထွက်လာသော...

အသက်မပြည့်သေးသည့် မုဒိမ်းမှု လျော်ကြေး ၁၀ သိန်း နှင့် TNLA တပ်သား ထောင် ၃ နှစ် ချခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် TNLA တပ်သားမှ အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်ခံရသူကို လျော်ကြေး ၁၀ သိန်း နှင့် TNLA တပ်သားကို ထောင်ဒဏ် ၃ နှစ် ချလိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အိုက်ထွေးအမည်ရှိ...

မုဒိမ်းကျင့်ခံရသည့် နမ္မတူ အမျိုးသမီးငယ်တစ်ဦး သေကြောင်းကြံရန်ကြိုးစား

မုဒိမ်းကျင့်မှုခံရသည့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာက အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်သည် ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာနေ အသက် (၁၅)နှစ် အရွယ်ရှိ အမျိုးသမီးငယ် နှင့် TNLA...

နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ လက်နက်ကိုင်တပ် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာတွင် တပ်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သည် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ် အတွင်းရှိ စခန်းချတပ်စွဲထားသည့် တအာင်း (ပလောင်) အမျိုးသားတပ်မတော် TNLA သည် ၎င်းတို့ ကင်းလှည့် သွားလာမှုအတွက် ဒေသခံပြည်သူပိုင် ကားများ၊ ယာဉ်များကို အတင်းအဓမ္မ...

သျှမ်းအဆိုတော်အိမ် ကို TNLA မှ ဝင်ရောက်ဖျက်ဆီး၊ ပစ္စည်းများ ယူဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ သျှမ်းအဆိုတော် စိုင်းသျှန်ဖ ၏ နေအိမ်ကို တအောန်း ပလောင်အမျိုးသားတပ်မတော် (TNLA) က ဝင်ရောက် မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းများယူဆောင်သွားကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် နမ္မတူမြို့နယ် ပန်လုံ ကျေးရွာအုပ်စုမှ အဆိုတော် စိုင်းရှန်ဖ...

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တိုက်ပွဲမဖြစ်သော်လည်း စစ်ရှောင် အိမ်မပြန်ရဲသေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် တိုက်ပွဲများ မဖြစ်သော်လည်း ပြည်သူများ မိမိနေရပ်ကို လက်ရှိအချိန်ထိ မပြန်နိုင်သေးကြောင်းစုံစမ်းသိရှိရသည်။ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မတ်လပိုင်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ထိ နေရပ်ကို မပြန်နိုင်သေးကြောင်းသိရသည်။ “တိုက်ပွဲမဖြစ်ပေ့မဲ့...

Latest news