TNLA မှ အမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့်တိုက်၊ သေဆုံးသည့်သတင်း ဖုံးကွယ်ရန်ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာသားကို တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) စစ်ဗိုလ်တစ်ဦးက ဆိုင်ကယ်ဖြင့် တိုက်ပြီး သေဆုံးသွားကြောင်း စုံးစမ်းသိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင် ဆွေမျိုးအိမ်သို့သွားရန် နေအိမ်မှ လမ်းလျှောက် ထွက်လာသော စိုင်းအောင် အမည်ရှိ ပန်လုံရွာသားကို အရက်မူးနေသည့် TNLA စစ်ဗိုလ်က မီးမပါသည့် ဆိုင်ကယ်မောင်းလာပြီး တိုက်မိခြင်းဖြစ်သည်။

စိုင်းအောင်ကို တိုက်မိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားသည့်အပြင် ၎င်းစစ်ဗိုလ်သည် ခြေထောက်ဖြင့် ကန်ကျောက်မှုများပါ ပြုလုပ်သွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက (စိုင်းအောင်) နားမကြား၊ စကားမပြောနိုင်တဲ့သူပေါ့၊ တိုက်ပြီးပြီးချင်း ဝူးဝူးဝါးဝါးနဲ့ အော်နေချိန် အဲ့စစ်ဗိုလ်က ခြေထောက်နဲ့ ထပ်ကန်လိုက်သေးတယ်၊ ပြီးတော့ သူ့ဆိုင်ကယ်သူပြန်ထူပြီး မောင်းထွက်သွားတယ်၊ ဘေးနားကရွာသားတွေက စိုင်းအောင်ကို လာထူပြီး အိမ်ကို ပို့ပေးကြတယ်” ဟု ပန်လုံကျေးရွာ မန်ကျန်းရပ်မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်တိုက်မှုကြောင့် စိုင်းအောင်သည် ဒူးခေါင်း၊ နောက်စေ့ နှင့် နဖူးတွင် ညိုမဲဒဏ်ရာများ ရရှိသွားသည့်အပြင် TNLA စစ်ဗိုလ်၏ ခြေထောက်ဖြင့် ကန်သွားသည့်အတွက် ဝမ်းဗိုက်တစ်လျှောက်လည်း ညှိမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဗိုက်နာ၊ ခေါင်းကိုက်၊ မျက်လုံးဝေဝါးခြင်းတို့ ဖြစ်လာသဖြင့် ရွာသားများ စုပေါင်းကာ သီပေါမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

“သူ့ကို မြို့ဆေးရုံကိုပို့ပြီး X Ray ကြည့်ပြီးတော့ ဆရာဝန်တွေက အိမ်မှာပဲ ကုဖို့ အကြံပေးတယ်။ ကျနော်တို့ သူ့ကို အိမ်ပြန်သယ်လာရတယ်၊ အိမ်ပြန်ရောက်တော့ ဆိုင်ကယ်နဲ့ တိုက်သွားတဲ့ TNLA စစ်ဗိုလ်က ပိုက်ဆံနှစ်သိန်းလာပေးတယ်၊ ဆေးဖိုးလာပေးတယ်” ဟု ပန်လုံကျေးရွာ မန်ကျန်းရပ်မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA စစ်ဗိုလ်သည် နောက်လိုက်ငယ်သားများနှင့်အတူ ကျေးရွာလူကြီးကို ခေါ်ယူပြီး ပိုက်ဆံ ၂ သိန်းပေးအပ်ကာ သတင်းပေါက်ကြားမှုရှိပါက အကျိုးဆက်သိရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

စိုင်းအောင်သည် TNLA စစ်ဗိုလ် ဆိုင်ကယ်ဖြင့်တိုက်သည့် ဒဏ်ရာများကြောင့် အိပ်ရာထဲတွင် ၆ ရက် လှဲနေရပြီး မတ်လ ၄ ရက်တွင် ထိုဒဏ်ရာများဖြင့် သေဆုံးသွားရကြောင်း ၎င်းနှင့် နီးစပ်သည့် ရွာသားတစ်ဦးက ပြောသည်။

“သူ့ဒဏ်ရာက အတွင်းကြေလို့ပြောပါတယ်၊ X Ray စစ်ကတည်းက မလွတ်တော့မှန်းသိလို့ ဆရာဝန်တွေက အိမ်ကို ပြန်လာခိုင်းတာလည်းဖြစ်နိုင်တယ်၊ အိမ်ပြန်ရောက်ပြီး ၇ ရက်မြောက်နေ့မှာ သူဆုံးသွားတယ်၊ သူ့သတင်းတွေ အပြင်မရောက်ဖို့ TNLA က လာပြောထားတော့ ဘယ်သူမှ အပြင်ကို မပြောရဲဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA ပြောဆို ခြိမ်းခြောက်ထားမှုကြောင့် စိုင်းအောင် စတင်ထိခိုက်ဒဏ်ရာရှိသည့်နေ့မှ ၎င်းသေဆုံးပြီးသည် အထိ ဒေသခံများက မည်သည့် မီဒီယာနှင့် အဖွဲ့အစည်းကိုမှ တိုင်တန်းခြင်း မပြုရဲကြပဲ ရေငုံနှုတ်ပိတ်နေခဲ့ရ ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စိုင်းအောင်၏ ရုပ်အလောင်းကိုလည်း မတ်လ ၆ ရက်နေ့တွင် သဂြိုလ်ပြီးစီးခဲ့ပြီး ရက်လည် ဆွမ်းသွပ်သည့်နေ့တွင် ဆိုင်ကယ်ဖြင့် တိုက်သွားသည့် TNLA စစ်ဗိုလ်က နောက်ထပ်ပိုက်ဆံ ၈ သိန်း လာပေးခဲ့သည်။

“ရက်လည်တဲ့နေ့မှာ ပိုက်ဆံ ၈ သိန်း ထပ်လာပေးတယ်၊ သူများမေးလာရင် စိုင်းအောင် သေရတာ သူ့ကြောင့် မဟုတ်ဘူး၊ သူ့ဘာသာသူဆိုင်ကယ်မှောက်လို့ဖြစ်သွားတယ်ပဲ ပြောရမယ်တဲ့၊ စိုင်းအောင်က ဆိုင်ကယ်တောင် မစီးတတ်ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအတွင်းတွင် ပြီးခဲ့သည့်လမှာလည်း သျှမ်းအမျိုးသမီးငယ်တစ်ဦးကို TNLA တပ်သား တစ်ယောက် အလိုမတူ မတရားပြုကျင့်ခဲ့ပြီး လျော်ကြေးများဖြင့် ကြေအေးပေးရန် ပြောဆိုသည့် ဖြစ်စဥ်များ ရှိခဲ့သည်။

ပန်လုံကျေးရွာအတွင်း သွားလာလှုပ်ရှားသည့် TNLA တပ်သားများသည် ဒေသခံပြည်သူများကို မတရားဆက်ဆံ ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ အခွင့်အရေးချိုးဖောက်မှုများနှင့် လက်နက်အားကိုး နိုင်ထက်စီးနှင်းမှု များစွာပြုလုပ်နေ သော်လည်း ဒေသခံများက TNLA တို့၏ ခြိမ်းခြောက်မှုကို ကြောက်သဖြင့် တိုင်တန်းပြောဆိုမှုများ မပြုရဲကြောင်း သိရသည်။

ယင်းဖြစ်စဥ်များနှင့် ပတ်သက်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တာဝန်ရှိသူ တားအိုက်ကျော် ကို အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...