အသက်မပြည့်သေးသည့် မုဒိမ်းမှု လျော်ကြေး ၁၀ သိန်း နှင့် TNLA တပ်သား ထောင် ၃ နှစ် ချခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် TNLA တပ်သားမှ အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်ခံရသူကို လျော်ကြေး ၁၀ သိန်း နှင့် TNLA တပ်သားကို ထောင်ဒဏ် ၃ နှစ် ချလိုက်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အိုက်ထွေးအမည်ရှိ TNLA တပ်သားမှ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် နေထိုင်သည့် အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်ခံရသူကို TNLA ဘက်မှ လျော်ကြေးငွေ ၁၀ သိန်း ပေးကာ ကျူးလွန်သူ TNLA တပ်သားကို ထောင် ၃ နှစ် ချလိုက်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဓမ္မပြုကျင့်မှု စတင်ဖြစ်ပွားစဉ်တွင် TNLA ဘက်မှ လျော်ကြေးငွေ ၃ သိန်းသာ ကျေအေးခိုင်းကြောင်း၊ သို့သော် ရွာလူကြီးနှင့် ကာယကံရှင်မှ လက်မခံသဖြင့် နမ္မတူမြို့ အတွင်းမှ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ကို တိုင်တန်းပြောဆိုပြီး လျော်ကြေးငွေ ၁၀ သိန်းနှင့် အဆိုပါ စစ်သားကို ထောင်ဒဏ်သုံးနှစ် ချမှတ်အပြစ်ပေးခံမည်ဟု TNLA က အကြောင်း ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်က “ကျနော်တို့လူက သူတို့ အမှု ဆုံးဖြတ်တဲ့နေ့မှာ တက်ရောက်ခဲ့ပါတယ်၊ ကျူးလွန်သူကို ဒဏ်ငွေ ၁၀ သိန်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီး ကာယကံရှင်ဘက်ကလည်း ကျေအေးသွားပါပြီ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အဓမ္မပြုကျင့်သည့် TNLA တပ်သားကို တပ်တွင်းအကျဥ်းထောင်တွင် ထားရှိပြီး နှစ်ဦးနှစ်ဘက်ကလည်း ကျေအေးမှုများရှိပြီးဖြစ်သည့်အတွက် စိတ်ပူစရာများမရှိကြောင်း ဗိုလ်မှူး စိုင်းသန်းအောင်က ပြောသည်။

သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်း များပြားနေပြီး စစ်ပဋိပက္ခနှင့် တိုက်ပွဲများလည်း ဖြစ်ပွားနေသည့်အတွက် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့် လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း သျှမ်းအမျိုးသမီး လှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့် ပြောသည်။

“သျှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် အင်မတန် စိုးရိမ်ရတယ်။ ဘာလို့ လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တပ်သားတွေလည်း တိုးများလာတယ်။ ဒီစစ်ပဋိပက္ခတွေ တိုက်ပွဲတွေဖြစ်နေသေးသရွေ့တော့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေက ပိုပြီး ဆိုးရွားလာတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမိုများပြားလာမှာကို စိုးရိမ်ရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်ပဋိပက္ခများနှင့် တိုက်ပွဲများဖြစ်ပွားသည့်နေရာများတွင် ဖြစ်ပွားသည့် လက်နက်ကိုင်တပ်ဖွဲ့တို့၏ အတင်း အဓမ္မ ပြုကျင့်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဥ်များသည် တရားမျှတမှုရရှိဖို့ထက် ကျူးလွန်ခံရသူ လုံခြုံရေးကို ပြန်လည်စိုးရိမ်နေရကြောင်းလည်း ၎င်းကထပ်လောင်း ပြောသည်။

“လက်ရှိအခြေအနေမျိုးမှာ တရာမျှတမှုရဖို့ မပြောနဲ့ ကိုယ်က ကျူးလွန်ခံရတယ် ဆိုတာတောင်မှ လုံခြုံရေးအရ စိုးရိမ်ရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းထဲက အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မုဒိမ်းမှုတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းက Code of Conduct တွေ လိုက်ကို လိုက်နာရမယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိစီရင်ဆုံးဖြတ်သွားသည့် နမ္မတူ ပန်လုံကျေးရွာ ဖြစ်စဥ်များနှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူနှင့် တာဝန်ရှိသူများကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်နိုင်ခြင်းမရှိပါ။

အဓမ္မပြုကျင့်မှုနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်သည့်နေရာမှာ ထောင်ဒဏ် ဘယ်နှစ်နှစ် စသည်တို့ မရှိကြောင်း၊ အဓမ္မမှု ကျူးလွန်သည့်သူကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးသင့်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO ) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပဋိပက္ခတွေကြားတွင် ပြည်သူလူထုများ အဘက်ဘက်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခံနေရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းသွားစေရန် အတတ်နိုင်ဆုံး သတင်းများ ကောက်ယူခြင်းနှင့် တခြားမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း TWO အဖွဲ့က ပြောဆိုလိုက်သည်။

ဆက်လက်ပြီး TWO မှ တာဝန်ရှိသူတစ်ဦးက “ကျမတို့အနေနဲ့ ပြောချင်တာက မည်သည့် လက်နက်ကိုင်မဆို မည်သည့်အဖွဲ့အစည်းမဆို လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် အမျိုးသမီးတွေအပေါ် ကျူးလွန်မှုတွေကို ရပ်တန့်ပေးပါ၊ မည်သည့်အဖွဲ့အစည်းမဆို အမျိုးသမီးအပေါ် ကျူးလွန်တာကို ကျမတို့အနေနဲ့ လက်မခံဘူး” ဟု တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...