မုဒိမ်းကျင့်ခံရသည့် နမ္မတူ အမျိုးသမီးငယ်တစ်ဦး သေကြောင်းကြံရန်ကြိုးစား

မုဒိမ်းကျင့်မှုခံရသည့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာက အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်သည် ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာနေ အသက် (၁၅)နှစ် အရွယ်ရှိ အမျိုးသမီးငယ် နှင့် TNLA တပ်သား တစ်ဦးသည် လူငယ်ချင်း ချစ်ကြိုက်ခဲ့ဖူးကြပြီး၊ အမျိုးသမီးငယ်၏ မိသားစုဝင်များ နေအိမ်တွင် မရှိစဉ် လာရောက်လည်ပတ်ခဲ့ကာ မုဒိမ်းကျင့်လိုက်ကြောင်း ၎င်းအမျိုးသမီးနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်ကလည်း ဒီစစ်သား (TNLA တပ်သား)က ဒီအိမ်ကို ဝင်ထွက်သွားလာမှုရှိပါတယ်၊ လူငယ်ချင်းလည်း ရင်းနှီးနေတယ်ပေါ့၊ အဲ့နေ့ (ဇန်နဝါရီလ ၂၃ ) မနက် ၉ ခွဲဝန်းကျင် အဲ့တပ်သားက အိမ်လာလည်တယ်၊ အိမ်မှာ လူကြီးတွေလည်းမရှိတော့ ကောင်မလေးကို မုဒိမ်းကျင့်သွားခဲ့တယ်” ဟု နီးစပ်သူ တစ်ဦးက ဆိုသည်။

အမျိုးသမီးငယ်နှင့် TNLA စစ်သားတို့သည် ချစ်သူဖြစ်ခဲ့ဖူးသော်လည်း အလိုမတူသဖြင့် လာရောက်အဓမ္မပြုကျင့် သည့် TNLA စစ်သားအား ကန်ကျောက်ငြင်းဆိုခဲ့ပြီး အိမ်နီးချင်းများလာရောက်ကူညီကာ TNLA တပ်သားကို ဖမ်းဆီးနိုင်ခဲ့သည်။

“ကလေးမက အလိုမပါလို့ အော်တာလေ။ အိမ်နီးချင်းတွေက အော်သံကြားလို့ လာကြည့်ကြတာ။ အဲ့ခါကျမှ မုဒိမ်းကျင့်ခံရမှန်းသိတာ။ အိမ်နီးချင်းတွေက စစ်သားကို ဝိုင်းဖမ်းလိုက်ကြတယ်” ဟု အိမ်နီးချင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အမျိုးသမီးငယ်ကို မုဒိမ်းကျင့်သည့် TNLA စစ်သားကို ရွာသားများ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး နမ္မတူမြို့နယ်အတွင်းရှိ TNLA စခန်းကို သတင်းပို့အကြောင်းကြားခဲ့ပြီး TNLA တပ်ဖွဲ့မှ ၎င်း၏ စစ်သားကို လာရောက်ခေါ်ဆောင် သွားကြောင်း၊ နောက်ဆက်တွဲများ နောက်မှရှင်းကြမယ်ဟုသာ ပြောဆိုသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထို့အပြင် ပန်လုံရွာလူကြီးကို ခေါ်ဆောင်စကားပြောပြီး ဒီဖြစ်စဥ်များနှင့် ပတ်သက်ပြီး မီဒီယာနှင့် အပြင်သို့ ပေါက်ကြားမှု မရှိအောင် ထိန်းသိမ်းနေကြပါရန် TNLA များက အမိန့်ပေးသွားကြောင်း သိရသည်။

ယင်းဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးငယ်သည် ရှက်ရွံ့တုန်လှုပ်သည့် စိတ်ဖြင့် ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကောင်မလေးက ရှက်လို့ ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ သူ့အဒေါ်က အချိန်မှီ မြင်သွားလို့ သူ့အသက်ကယ်နိုင်ခဲ့တယ်၊ အခုဆို သူ့ကို တစ်ယောက်ထဲ မထားရဲဘူး၊ အဲ့လိုမျိုး ထပ်လုပ်မှာစိုးလို့” ဟု ၎င်းအမျိုးသမီးငယ်နှင့် နီးစပ်သူ တစ်ဦးက ဆိုပြန်သည်။

ယင်းကဲ့သို့ ပန်လုံရွာမှ အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရခြင်းနှင့် ပတ်သက်ပြီး တအာန်း(ပလောင်) အမျိုးသား တပ်မတော် (TNLA) ၏ သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က ဖြစ်စဥ်အသေးစိတ် မသိရှိရသေးကြောင်းနှင့် တကယ်ပြစ်မှုမြောက်ပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဖြစ်စဥ်က ကျနော်မသိရသေးဘူး၊ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီဘက်(နမ္မတူ၊ ပန်လုံ)မှာ အဆက်အသွယ်လည်း ခက်ခဲနေတာ ရှိလို့ပါ၊ ကျနော်မြေပြင်ကို ဆက်လက်စုံစမ်းစစ်ဆေးပေးပါ့မယ်၊ တကယ်ပြစ်မှုမြောက်ရင်တော့ ကျနော်တို့ကနေ ပြင်းထန်စွာ ထိရောက်အရေးယူမှုရှိမှာပါ” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

ပန်လုံကျေးရွာအတွင်း TNLA စစ်သားများသည် ကျေးရွာတွင်း စားသောက်ဆိုင်များသို့ ဝင်ရောက်စားသောက် သည့်အခါ ပိုက်ဆံရှင်းပေးခြင်းမရှိပဲ ရွာလူကြီးများက လိုက်လံရှင်းပေးရခြင်း၊ ပြည်သူပိုင် ယာဥ်များကို အခကြေးငွေမပေးဘဲ ယူသုံးခြင်းနှင့် တခြားသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

“အခု ပန်လုံရွာမှာ TNLA တွေ စိုးမိုးချုပ်ကိုင်နေတာ၊ ပန်လုံရွာသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်၊ ပြီးတော့ ရွာသားတွေမှာလည်း ကြောက်စိတ်ရှိနေပြီ၊ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုကို မပြောရဲ မတိုင်ရဲ ဖြစ်နေလောက်အောင် အဲ့ဒေသက TNLA တွေက ရွာသားတွေကို ခြိမ်းခြောက်ထားတယ်၊ ကြောက်စိတ် သွင်းပေးတယ်” ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော်က ၎င်းတို့ တပ်ဖွဲ့မှ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ ရှိလာပါက ၎င်းတို့၏ တရားရေးဆိုင်ရာနှင့် လူထုဆက်ဆံရေးစင်တာကို လူကိုယ်တိုင် သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...