သျှမ်းအဆိုတော်အိမ် ကို TNLA မှ ဝင်ရောက်ဖျက်ဆီး၊ ပစ္စည်းများ ယူဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ သျှမ်းအဆိုတော် စိုင်းသျှန်ဖ ၏ နေအိမ်ကို တအောန်း ပလောင်အမျိုးသားတပ်မတော် (TNLA) က ဝင်ရောက် မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းများယူဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် နမ္မတူမြို့နယ် ပန်လုံ ကျေးရွာအုပ်စုမှ အဆိုတော် စိုင်းရှန်ဖ နေအိမ်ကို TNLA တပ်သားများက ဝင်မွှေပြီး စတူရီယို အခန်းထဲရှိ ပစ္စည်းတချို့နှင့် စက်ခေါင်း၊ ရေစုပ်စက်တို့ကို ယူဆောင်သွားကြောင်း သတင်းသိရပါသည်။

“သူတို့လာသောင်းကျန်းသွားတဲ့အချိန်မှာ ကျနော်လည်း အိမ်မှာ ရှိမနေဘူး၊ သူတို့လာတာက ရွာလူကြီးလည်း မပါဘူး၊ သူတို့စစ်သားတွေပဲ ရောက်လာတယ်၊ ကျနော့်စတူဒီယို အခန်းကို သော့ဖျက်ပြီး ဝင်မွှေသွားတာ၊ Apple i5 ကွန်ပျူတာတစ်လုံး၊ (၂၂)ကောင် အင်ဂျင်စက်တစ်လုံး၊ Studio ခန်းပစ္စည်း၊ YAMAHA Keyboard တစ်လုံးနဲ့ ရေစုပ်စက်တစ်စုံ ယူသွားတယ်” ဟု အဆိုတော် စိုင်းသျှန်ဖ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုလာရောက်အချိန်တွင် အဆိုတော် စိုင်းသျှန်ဖ ကိုယ်တိုင်နေအိမ်ထဲတွင် မရှိသည့်တွက် TNLA မှ ယူဆောင်သွားသည့် ပစ္စည်းအသေးစိတ်ကို မသိရှိရသေးကြောင်း၊ TNLA တပ်ဖွဲ့ မှ မည်သည့်အကြောင်းကြောင့်် လာရောက်မွှေနှောက်သည်ကိုလည်း မသိရှိကြောင်း စိုင်းသျှန်ဖ က ပြောသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တပ်ပေါင်းစုဖြစ်တဲ့ SSPP/SSA၊ တအာန်းပလောင် အမျိုးသားတပ်မတော်(TNLA) တို့က တိုက်ပွဲမကြာခဏ ဖြစ်ပွားသည့်နေရာဖြစ်သည်။

လက်ရှိ ပန်လုံရွာအတွင်းတပ်ပေါင်းစုတို့က နေရာယူထားကာ စိုင်းသျှမ်းဖ နေအိမ်ကို TNLA တပ်ဖွဲ့ မှ ဒုတိယအကြိမ် ဝင်ရောက်မွှေနှောက်ခြင်းဖြစ်ကြောင်းသိရသည်။

“ဘာကိုမသင်္ကာလို့ ဝင်စစ်မှန်းလည်း ကျနော်မသိဘူး၊ အရင် တစ်ခေါက်ကလည်း ဝင်စစ်ပြီးပြီ၊ ဟိုတစ်ချိန် ဝင်စစ်တုန်းကတော့ ရွာလူကြီးပါတယ်၊ အသိသက်သေတွေပါတယ်၊ ပစ္စည်းမှား တစ်ခုမှမှရှိလို့ သော့ပိတ်ပြီး ပြန်သွားတာ၊ အခုတစ်ကြိမ် ဝင်စစ်တာကတော့ အထဲက ပစ္စည်းတွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားတာ၊ ပြီးတော့ ပစ္စည်းတွေလည်း ယူသွားတယ်၊ သက်သက်လုပ်တောပေါ့” ဟု စိုင်းသျှန်ဖ က ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်ပြီး တအာင်း (ပလောင်) အမျိုးသား တပ်မတော်ကို ဆက်သွယ်မေးမြန်းရာ အဆိုတော် စိုင်းသျှန်ဖ နေအိမ်ကို ဝင်ရောက်မှုသည် မှန်ကန်ကြောင်း ဖြစ်သော်လည်း အသေးစိတ် အချက် အလက်များကို မသိရှိရသေးကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဝင်ရောက်စစ်ဆေးတာတော့ ဟုတ်ပါတယ်၊ အသေးစိတ် အချက်အလက်ကို သိရဖို့ ဒေသတွင်းက လှုပ်ရှားတဲ့အဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းထားပါတယ်၊ အခုတော့ မသိရှိရသေးဘူး” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလို အရပ်သား ပြည်သူနေအိမ်ကို ဝင်ရောက်ရှာဖွေမှုများသည် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ အုပ်ချုပ်ရေး များအရ လုပ်ပိုင်ခွင့်ရှိသော်လည်း ပစ္စည်းများကို ဖျက်ဆီခြင်း၊ မဆိုင်သည့် ပစ္စည်းများကို ယူဆောင်သွားခြင်း များကို ယူဆောင်သွားခြင်းများ ပြုလုပ်ပါက စစ်ဘက်ဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်ဖို့ ရှိကြောင်းလည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ဒေသတွင်းလှုပ်ရှားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်များလည်း ရှိနေသည့် အတွက် ဒေသခံသျှမ်းပြည်သူများက နှိပ်စက်ခံနေရသည်ကို ဝင်ရောက်ကူညီဖြေရှင်း သင့်ကြောင်း ဒေသခံ တစ်ဦးလည်းဖြစ်သည့် အပြင် နစ်နာသူလည်း ဖြစ်နေသည့် အဆိုတော် စိုင်းသျှန်ဖက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...