Wednesday, January 28, 2026

သျှမ်းအဆိုတော်အိမ် ကို TNLA မှ ဝင်ရောက်ဖျက်ဆီး၊ ပစ္စည်းများ ယူဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ သျှမ်းအဆိုတော် စိုင်းသျှန်ဖ ၏ နေအိမ်ကို တအောန်း ပလောင်အမျိုးသားတပ်မတော် (TNLA) က ဝင်ရောက် မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းများယူဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် နမ္မတူမြို့နယ် ပန်လုံ ကျေးရွာအုပ်စုမှ အဆိုတော် စိုင်းရှန်ဖ နေအိမ်ကို TNLA တပ်သားများက ဝင်မွှေပြီး စတူရီယို အခန်းထဲရှိ ပစ္စည်းတချို့နှင့် စက်ခေါင်း၊ ရေစုပ်စက်တို့ကို ယူဆောင်သွားကြောင်း သတင်းသိရပါသည်။

“သူတို့လာသောင်းကျန်းသွားတဲ့အချိန်မှာ ကျနော်လည်း အိမ်မှာ ရှိမနေဘူး၊ သူတို့လာတာက ရွာလူကြီးလည်း မပါဘူး၊ သူတို့စစ်သားတွေပဲ ရောက်လာတယ်၊ ကျနော့်စတူဒီယို အခန်းကို သော့ဖျက်ပြီး ဝင်မွှေသွားတာ၊ Apple i5 ကွန်ပျူတာတစ်လုံး၊ (၂၂)ကောင် အင်ဂျင်စက်တစ်လုံး၊ Studio ခန်းပစ္စည်း၊ YAMAHA Keyboard တစ်လုံးနဲ့ ရေစုပ်စက်တစ်စုံ ယူသွားတယ်” ဟု အဆိုတော် စိုင်းသျှန်ဖ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုလာရောက်အချိန်တွင် အဆိုတော် စိုင်းသျှန်ဖ ကိုယ်တိုင်နေအိမ်ထဲတွင် မရှိသည့်တွက် TNLA မှ ယူဆောင်သွားသည့် ပစ္စည်းအသေးစိတ်ကို မသိရှိရသေးကြောင်း၊ TNLA တပ်ဖွဲ့ မှ မည်သည့်အကြောင်းကြောင့်် လာရောက်မွှေနှောက်သည်ကိုလည်း မသိရှိကြောင်း စိုင်းသျှန်ဖ က ပြောသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တပ်ပေါင်းစုဖြစ်တဲ့ SSPP/SSA၊ တအာန်းပလောင် အမျိုးသားတပ်မတော်(TNLA) တို့က တိုက်ပွဲမကြာခဏ ဖြစ်ပွားသည့်နေရာဖြစ်သည်။

လက်ရှိ ပန်လုံရွာအတွင်းတပ်ပေါင်းစုတို့က နေရာယူထားကာ စိုင်းသျှမ်းဖ နေအိမ်ကို TNLA တပ်ဖွဲ့ မှ ဒုတိယအကြိမ် ဝင်ရောက်မွှေနှောက်ခြင်းဖြစ်ကြောင်းသိရသည်။

“ဘာကိုမသင်္ကာလို့ ဝင်စစ်မှန်းလည်း ကျနော်မသိဘူး၊ အရင် တစ်ခေါက်ကလည်း ဝင်စစ်ပြီးပြီ၊ ဟိုတစ်ချိန် ဝင်စစ်တုန်းကတော့ ရွာလူကြီးပါတယ်၊ အသိသက်သေတွေပါတယ်၊ ပစ္စည်းမှား တစ်ခုမှမှရှိလို့ သော့ပိတ်ပြီး ပြန်သွားတာ၊ အခုတစ်ကြိမ် ဝင်စစ်တာကတော့ အထဲက ပစ္စည်းတွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားတာ၊ ပြီးတော့ ပစ္စည်းတွေလည်း ယူသွားတယ်၊ သက်သက်လုပ်တောပေါ့” ဟု စိုင်းသျှန်ဖ က ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်ပြီး တအာင်း (ပလောင်) အမျိုးသား တပ်မတော်ကို ဆက်သွယ်မေးမြန်းရာ အဆိုတော် စိုင်းသျှန်ဖ နေအိမ်ကို ဝင်ရောက်မှုသည် မှန်ကန်ကြောင်း ဖြစ်သော်လည်း အသေးစိတ် အချက် အလက်များကို မသိရှိရသေးကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဝင်ရောက်စစ်ဆေးတာတော့ ဟုတ်ပါတယ်၊ အသေးစိတ် အချက်အလက်ကို သိရဖို့ ဒေသတွင်းက လှုပ်ရှားတဲ့အဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းထားပါတယ်၊ အခုတော့ မသိရှိရသေးဘူး” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလို အရပ်သား ပြည်သူနေအိမ်ကို ဝင်ရောက်ရှာဖွေမှုများသည် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ အုပ်ချုပ်ရေး များအရ လုပ်ပိုင်ခွင့်ရှိသော်လည်း ပစ္စည်းများကို ဖျက်ဆီခြင်း၊ မဆိုင်သည့် ပစ္စည်းများကို ယူဆောင်သွားခြင်း များကို ယူဆောင်သွားခြင်းများ ပြုလုပ်ပါက စစ်ဘက်ဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်ဖို့ ရှိကြောင်းလည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ဒေသတွင်းလှုပ်ရှားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်များလည်း ရှိနေသည့် အတွက် ဒေသခံသျှမ်းပြည်သူများက နှိပ်စက်ခံနေရသည်ကို ဝင်ရောက်ကူညီဖြေရှင်း သင့်ကြောင်း ဒေသခံ တစ်ဦးလည်းဖြစ်သည့် အပြင် နစ်နာသူလည်း ဖြစ်နေသည့် အဆိုတော် စိုင်းသျှန်ဖက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...