နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တိုက်ပွဲမဖြစ်သော်လည်း စစ်ရှောင် အိမ်မပြန်ရဲသေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် တိုက်ပွဲများ မဖြစ်သော်လည်း ပြည်သူများ မိမိနေရပ်ကို လက်ရှိအချိန်ထိ မပြန်နိုင်သေးကြောင်းစုံစမ်းသိရှိရသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မတ်လပိုင်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ထိ နေရပ်ကို မပြန်နိုင်သေးကြောင်းသိရသည်။

“တိုက်ပွဲမဖြစ်ပေ့မဲ့ ခုချိန်ထိမပြန်သေးဘူး။ သူတို့ကတော့ တိုက်ပွဲထပ်ဖြစ်မှာဆို့လိုဆိုပြီး မပြန်သေးဘူး” ဟု သီပေါမြို့က စစ်ဘေးရှောင်ကူညီးပေးနေသည့် အမျိုးသမီးကပြောသည်။

ပြည်သူများက ကျေးရွာကို မပြန်နိုင်သေးပါက စားဝတ်နေရေးအတွက် အခက်ခဲများ၊ လယ်ယာ လုပ်ငန်းများကို ရပ်ဆိုင်ထားရပြီး နောက်နှစ်များအတွက် ဆင်းရဲပြီး အကြွေးပိုများလာနိုင်ကြောင်း ပန်လုံကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ အခြေနေစောင့်ကြည့်ရတာပေါ့။ စစ်ပြေးရှောင်းအားလုံးက ဒုက္ခရောက်နေပြီး ရွာလည်းအရမ်းပြန်ချင်နေကြပြီ။ လချီကြာတော့မတောင့်ခံနိုင်တော့ဘူး။ မိုးကျတော့ မြေလယ်ယာ လုပ်ချိန်ဆို တော့ ဒီနှစ်မလုပ်ဖြစ်ရင် နောက်နှစ်ကြရင် ဆင်းရဲမွဲသေ အကြွေးတွေတင်ပြီးနေရလိမ့်မယ်” ဟု ပန်လုံကျေးရွာ အမျိုးသား တဦး က ပြောသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအတွင်း ( RCSS/SSA) တပ်သားများ ကျေးရွာအတွင်းတည်ရှိနေကြောင်း၊ တပ်သားများ ကျေးရွာအတွင်း ရှိနေသမျှ တိုက်ပွဲထပ်မံဖြစ်လာနိုင်ကြောင်း လည်း ပန်လုံကျေးရွာ ပြည်သူများက ပြောသည်။

ယခုရက်ပိုင်း တိုက်ပွဲများ ငြိမ်နေသဖြင့် ဒေသခံများက ကျေးရွာသို့ ခေတ္တပြန်သွားချိန် RCSS/SSA က ကျေးရွာအတွင်းနေထိုင်ပြီး ရွာသားများကို ကျေးရွာအတွင်း မနေထိုင်ရန် တိမ်းရှောင်ရန် လာရောက် ပြောဆိုသဖြင့် ပန်လုံပြည်သူများက သီပေါမြို့ နှင့်လားရှုှိးမြို့သို့ ထပ်မံရှောင်တိမ်းလာရကြောင်း ပန်လုံကျေးရွာ တွင်နေထိုင်သည့် သျှမ်းလူငယ် တဦးက ပြောသည်။

“ ကျနော်တို့ရွာကိုပြန်သေးတယ်။ ရွာထဲမှာ RCSS တို့ကရောက်နေတာ။ သူတို့က ကျနော်တို့ကို ရွာထဲမနေနဲ့ တိမ်းရှောင်နေလို့ပြောတယ်။ ပြီးတော့ ဘုန်းကြီးတွေ၊ ဦးဇင်တွေကိုလည်း ရွာထဲမနေဖို့ပြောထားသေးတယ်။ ဘုန်ကြီးတွေလည်း လာရှိုးကျောင်းမှာသွားနေကြတယ်” အထက်ပါ သျှမ်းလူငယ်က ပြောပြသည်။

ပန်လုံကျေးရွာတွင် သျှမ်းလူမျိုးသာမက တအာင်း (ပလောင်) လူမျိုးများ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာသည့် ကျေးရွာတခုဖြစ်သည်။

ပန်လုံကျေးရွာ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူနေအိမ် ၄၅ အိမ် မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

အလားတူ နမ္မတူမြို့နယ် မန်းလီကျေးရွာတွင် လည်း တရွာလုံးနီးပါး မီးရှို့ခံရပြီး ပြာကျခဲ့ရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး စစ်ကောင်စီမှ အာဏာလုယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲများ မကြာခဏဖြစ်ပွားနေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...