သီပေါမြို့နယ် ကျေးရွာသူကြီး တဦးနှင့် စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာသူကြီး တဦး နှင့် ကျေးရွာ စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ် ပန်းခါကျေးရွာ သူကြီး ဖြစ်သည့် လုံးဝိကို မတ် (၁၈)ရက်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ဖမ်းခေါ်သွားပြီး၊ ဝမ်းလိကျေးရွာအုပ်စု စာရင်းကိုင်ဖြစ်သည့် စိုင်းလှအောင် ကို ယခုရက်တပတ် အတွင်း တွင် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း အမည်မဖော်လိုသည့် သီပေါမြို့ ဒေသခံ တဦး ကပြောသည်။

“ သူတို့၂ဦးကို ဘယ်အဖွဲ့က ဖမ်းသွားလဲမသိဘူး။ ဘာအသံမှ မကြားရသေးဘူး။ ရက်က နည်းနည်းကြာလာတော့ စိုးရိမ်နေရတယ်” ဟု သီပေါမြို့ ဒေသခံတဦး ကဆိုသည်။

သီပေါမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA၊ TNLA တပ်ဖွဲ့ နှင့် RCSS/SSA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသည့် နေရာဖြစ်သည်။

ဖမ်းဆီးခံရသည့် သူ(၂)ဦး၏ မိသားစုဝင်များလည်း လက်ရှိအချိန်ထိ မည်သည့် နေရာတွင် တည်ရှိနေသည်ကို စုံစမ်းနေသော်လည်း မသိရှိရသေးသဖြင့် ထိုသူ (၂)ဦး၏ ကျန်းမာရေးကို စိုးရိမ်နေရကြောင်းလည်း သီပေါမြို့ စစ်ရှောင်များကို ကူညီပေးနေသူတဦးက ပြောသည်။

“ဒီကာလက သီပေါပြည်သူတွေအတွက် အရမ်းခက်ခဲတဲ့အချိန်ဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ပြန်လွှတ်လာစေချင်တယ်။ သူတို့ကို အိမ်ကလူတွေကလည်း အရမ်းစိတ်ပူနေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် သူ ၂ ဦးကို မည်သည့်အဖွဲ့စည်းက ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စေ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် သီပေါဒေသခံများက တောင်းဆိုလိုက်သည်။

ယခုချိန်ထိ သီပေါမြို့တွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေသေးသဖြင့် သီပေါပြည်သူများ နေရပ်သို့ မပြန်နိုင်သေးကာ သီပေါမြို့နယ်တွင် စစ်ဘေးရှောင် ၁ထောင်နီးပါးရှိနေသေးပြီး စားဝတ်နေရေးအတွက် အခက်ကြုံနေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...