စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။

ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။

“ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊ ဘော်ကြိုတို့ သူတို့စစ်ကောင်စီတပ် တုံစင့်ဘက်ကို ပစ်တာထင်တယ်။ လေယာဉ်သံတော့ဝဲနေသေးတယ်” ဟု ၎င်းဒေသခံကဆိုသည်။

လက်ရှိ သီပေါမြို့အတွင်း တိတ်ဆိတ်နေပြီ ပြည်သူတွေ သွားလာမှုကလည်းမရှိဘူးလို့ ဆိုပါတယ်။

“ မြို့ထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်နေတာပဲ ။ လမ်းမှာလူသွားလူလာလည်းရှင်းနေတယ်။ ဘာမှမရှိတော့ဘူး။ မိန်းလမ်းမကြီးက အိမ်တွေအကုန်လုံးပိတ်ထားတယ်။ ဂိတ်တွေရောပိတ်ထားတယ်။ အိမ်တိုင်းအသံတိတ်ပြီး တံခါးပိတ်ပြီးနေနေကြတယ်” ဟု အထက်ပါ သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်မှု၏ ထိခိုက်ပျက်စီးမှုကိုတော့ အသေးစိတ်မသိရှိရသေးပေ။

လက်ရှိ စစ်ကော်မရှင်သည် သီပေါမြို့နှင့် ၃ မိုင်ခန့်သာကွာဝေးသည့် နားခဲကျေးရွာထိ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိသည့် ကျေးရွာ ဒေသခံများက ထွက်ပြေးတိမ်းရှောင်တိမ်းရှောင်နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ ကျနော်မိဘတွေကတော့ ခြံထဲသွားနေကြပြီ။ အခုသတင်းကြားရသလောက်တော့ စစ်ကော်မရှင်တပ်က နားခဲရွာကိုရောက်နေပြီတဲ့။ ဘော်ကြိုမှာလည်းအများကြီးရှိနေသေးတယ်။ အခုက တွန်ခေါ့ရွာ ၊ တွန်ကာရွာ ၊ နားခဲရွာကလူတွေက ခြံထဲပြောင်းနေကြတာ။ အဲရွာတွေက တစ်ဆက်ထဲပဲ ။ ပြီးတော့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိတဲ့ရွာတွေပဲ”

လာမည့် ဒီဇင်ဘာလ စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ထဲတွင် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပါဝင်သော်လည်း လက်ရှိ TNLA ထိန်းချုပ်ထားနိုင်ဆဲဒေသတွေမှာ စစ်ကော်မရှင်က စစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေသည်။

စစ်ကော်မရှင်သည် နောင်ချိုမြို့ကို ဇူလိုင်လ ၁၅ ရက်တွင် ပထမဆုံးမြို့အနေဖြင့် ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့တွင် ကျောက်မဲမြို့ကို ဆက်သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိ သီပေါမြို့ကို ဆက်လက်သိမ်းပိုက်နိုင်ရန် စစ်ကော်မရှင်က အပြင်းအထန်ပြန်ထိုးစစ်ဆင်နေကြောင်း သိရသည်။

ထိုအပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မိုးမိတ်မြို့နယ် ဝဲပေါင်းကျေးရွာထဲကို စစ်ကော်မရှင်က ပေါင် ၂၅၀ ဗုံး ၃ လုံးကြဲချခဲ့သောကြောင့် အမျိုးသမီး ၃ ဦး နဲ့ ကလေး ၂ ဦးအပါဝင် အရပ်သား ၇ ဦးသေဆုံးသွားခဲ့သည်။

အလားတူ နမ္မတူမြို့နယ်ထဲကိုလည်း စစ်ကော်မရှင်က အောက်တိုဘာလကစ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် အရပ်သား ၄ ဦးသေဆုံးပြီ ၇ ဦးဒဏ်ရာရရှိကာ ဒေသခံ ၁၀၀ ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေကြသည်။

ထိုအပြင် TNLA ဌာနချုပ်ရှိရာ နမ့်ဆန်မြို့နယ်အထိလည်း စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ကာ ယမန်နေ့ နှင့် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ စစ်ကော်မရှင် လေကြောင်း နဲ့ဗုံးကြဲခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးသေဆုံးပြီး ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...