သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို လာရောက်ချထားပြီး ကားလမ်းဖောက်လုပ်ခြင်းဖြင့် လုပ်ငန်းစတင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများက ၎င်းတို့၏ စိုက်ပျိုးရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ပစ္စည်းတွေ လာချသွားတာ နှစ်ပတ်လောက်ရှိပြီ။ လမ်းတွေလည် လာဖောက်နေတယ်။ ကျနော်တို့ကိုတော့ လာတူးမယ်လို့ပဲ ပြောတာ။ ခွင့်ပြုလား၊ မပြုဘူးလားဆိုတာ မမေးဘူး။ လက်နက်ကိုင် ထားတဲ့သူတွေဆိုတော့ ကျနော်တို့လည်း ဘာမှမတုံ့ပြန်ရဲဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက ပြောသည်။

ရွှေတူးဖော်ရန် ပြင်ဆင်နေသည့် နေရာသည် နောင်နွေးကျေးရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး အိမ်ခြေ ၉၀ ကျော်ရှိသည့် အဆိုပါကျေးရွာတွင် ကမ္ဘလာခြံနှင့် ပြောင်းစိုက်ပျိုးရေကို အဓိထား လုပ်ကိုင်နေကြကြောင်း သိရသည်။

“အကယ်လို့ ရွှေတူးဖော်လာရင် ဒေသခံတွေရဲ့ လယ်ယာစိုက်ပျိုးရေးတွေ ထိခိုက်မှာ သေချာတယ်။ အခုရာသီက ပြောင်းစိုက်တဲ့ရာသီ၊ ဝါထွက်ရင် ပြောင်းချိုးမှာ။ ရေထုညစ်ညမ်းတာနဲ့ မြေယာပျက်စီးမှာကို အစိုးရိမ်ဆုံးပဲ” ဟု အထက်ပါဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းတွင်လည်း လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုရှိ ဒေသခံလယ်မြေတွင် ကိုးကန့်တပ် (MNDAA) ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဦးဆောင်ဆန္ဒပြသူနှင့် နောက်ကွယ်မှ စည်းရုံးလှုံ့ဆော်သူများကို ရှာဖွေရန် ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့ကြောင်း နမ့်ပေါင်ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် နမ္မတံတားအနီးတွင် အခြေချနေထိုင်လျက်ရှိပြီး ဒေသတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အဆိုပါလုပ်ငန်းအပေါ် မည်သို့ ညှိနှိုင်းထားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒေသခံအချို့ကမူ ၎င်းတို့၏ စိုးရိမ်မှုများကို SSPP ထံသို့ အကြောင်းကြားထားမှုများ ရှိကြောင်း သိရသည်။

အာလားတူ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ကိုးကန့်တပ် (MNDAA) နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ဘက်ဖိုးစက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က တူးဖော်ခွင့်ပြုပေးကာ အခွန်ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...