မူဆယ်မြို့ ဗိုလ်ကျားနက် တပ်ဖွဲ့သစ်မှ ည ၈ နာရီ အိမ်ပြင်မထွက်ရန် ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဗိုလ်ကျားနက် လက်နက်ကိုင် တပ်ဖွဲ့အသစ်ပေါ်ပေါက်လာခဲ့ပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သစ်သည် မူဆယ်မြို့တွင် လှုပ်ရှားပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် အတွက် ယနေ့ (သြဂုတ် ၄) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလာကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရင်က ထွက်လာတာတော့ မတွေ့ဖူးဘူး။ ဒီနေ့မနက်မှ ထွက်ပေါ်လာတာတွေ့တယ်။ သူတို့ အသစ်ထင်တယ်။ လူငယ်တွေ ဖွဲ့စည်းထားတာလားမသိဘူး” ဟု ၎င်းက ဆိုသည်။

အလားတူ အဆိုပါ ဗိုလ်ကျားနက် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ရာတွင် အချိန်တစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီကို တော်လှန်ရန် နှင့် ပြည်သူများသိရှိစေရန်အတွက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“ကျနော်တို့အဖွဲ့က ဖွဲ့စည်းခဲ့တာ ၉ လ ကြာပြီ။ အခုမှ ထုတ်ပြန်ခဲ့တာက ပြည်သူတွေကို အသိပေးဖို့ ထုတ်ပြန်ခဲ့တာပါ။ ပြီးတော့ မူဆယ်မှာ ဒီအဖွဲ့စည်းရှိတယ်ဆိုတာ လူအများသိလာစေဖို့ပါ” ဟု ဗိုလ်ကျားနက်တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် ည ၈ နာရီအပြင်မထွက်ရန် နှင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် အနီးကပ်မနေထိုင်ရန် အတွက် အသိပေးကြေညာထုတ်ပြန်ခဲ့သည်။

ထိုသို့ အချိန်ကန့်သတ်ခဲ့သည့် အတွက်ကြောင့် ည ကျူရှင် တက်သည့် ကလေးများ နှင့် စီးပွားရှာသည့် သူများအတွက် ခက်ခဲမှုရှိကြောင်းသိရသည်။

“ သူတို့က အချိန်ကန့်သတ်လိုက်တယ်။ ည ၈ နာရီဆိုတော့ အရမ်းစောလွန်တယ်။ ကလေးတွေ ညကျူရှင်သွားကြိုတဲ့အခါတွေမှာလည်း စိုးရိမ်နေရပြီး။ ပြီးတော့ ညပိုင်းမှာ ဆိုင်ဖွင့် တဲ့သူတွေလည်း စီးပွားရေးထိခိုက်တာပေါ့ ။ နေ့စားတွေအတွက်လည်း ညအပြင်မှာ ဝယ်စားသွားလာဖို့ခက်ခဲလာတယ်လေ” ဟု မူဆယ်မြို့ အသက် ၃၅ အရွယ်ရှိ အမျိုးသားက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ် ၁ ရက် ညအချိန်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသည်လည်း ဗိုလ်ကျားနက် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

“ အဲ့့နေ့ညက ပစ်ခတ်မှုတွေ၊ ဗုံးထောင်ခဲ့တာလည်း ကျနော်တို့ တပ်ဖွဲ့ကနေ ပြုလုပ်ခဲ့တာပါ” ဟု ဗိုလ်ကျားနက် တပ်ဖွဲ့က ပြောသည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင် နှင့် ပြည်သူ့စစ်၊ စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားသည့် ဒေသဖြစ်ပြီး လက်နက်ကိုင် အဖွဲ့စည်းအများအပြားရှိသည့် ဒေသဖြစ်သည်။
မူဆယ်မြို့တွင် ဇူလိုင်လအတွင်း ဗုံး ၄ ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...