လက်နက်ကိုင်တပ်ဖွဲ့များ ကွမ်းလုံ – သိန္နီ လမ်းပိုင်းမှာ ဆက်ကြေးကောက်မှုကြမ်းလာ

သျှမ်းပြည် ကွမ်းလုံ – သိန္နီ လမ်းပိုင်း တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ဆက်ကြေးကောက် များပြားနေကြောင်း စုံစမ်းသိရသည်။

.

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် သန္နီ နှင့် ကွမ်းလုံကြား လမ်းပိုင်းတစ်လျှောက်တွင် ဆက်ကြေးအဖြစ် ၁၀ ဘီးကား တစ်စီးလျှင် ငွေကျပ် ဆယ်သိန်းမှ သိန်း နှစ်ဆယ်ကျပ်ထိ ကောက်ယူ တောင်းခံနေကြောင်း သိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆ ) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်မှ စတင်ကာ KIA  တပ်ဖွဲ့ မှ သိန္နီ – ကွမ်းလုံလမ်းပိုင်းရှိ ဟိုနောင်ကျေးရွာ နှင့် ပိန်းကန်ကျေးရွာကြားတွင် စောင့်ဆိုင်းကာ ဆက်ကြေး ကောက်နေကြောင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားကြီး ၁၂ ဘီးကား တစ်စီးဆိုရင် ငွေကျပ် ၇ သိန်းကနေ ၁၅ သိန်းထိ တောင်းတယ်၊ ၂၂ ဘီးကား ဆိုရင် ၁၀ သိန်းကနေ သိန်း ၂၀ ထိ တောင်းခံကြတော့ ကားသမားတွေ အခက်တွေ့ပြီပေ့ါ၊ ဆက်ကြေး စောင့်ကောက်တဲ့ နေရာမှာကို KIA ယူနီဖောင်းဝတ် စစ်သား ၁၅ ယောက်လောက် တွေ့ရတယ်” ဟု မန္တလေး – ချင်းရွှေဟော် ကားမောင်းသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ TNLA တပ်ဖွဲ့မှ အခွန်ကောက် စောင့်နေသည့်အတွက် မန္တလေး ဘက်မှ တက်လာသည့် ကုန်တင်ကားသမားမျာလည်း ရှေ့ဆက်မတိုးရဲကြဘဲ သိန္နီမြို့ အဝင် ပန်လော့ဂိတ် အနီးတွင် ရပ်နားထားရကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

“ကွမ်းလုံ – ချင်းရွှေဟော်ဘက်သွားမယ့် မန္တလေးဘက်ကနေ တက်လာတဲ့ ကားတွေ အခွန်ပေးရမယ့် ပမာဏ အရမ်းများကြလို့ ရှေ့ဆက်မတိုးရဲကြတာ၊ သိန္နီအဝင်နားမှာ ရပ်နားနေကြတာ အစီး ၁၀၀ နီးနီးရှိတယ်၊ ဒီနေ့အထိပဲ” ဟု အထက်ပါ မန္တလေး – ချင်းရွှေဟော် ကားမောင်းသည့် ကားသမားက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှာလည်း TNLA တပ်ဖွဲ့မှ သိန္နီ – ကွမ်းလုံကြား လမ်းပိုင်းကို ပုံမှန်အားဖြင့် ၁၀ ရက် တစ်ကြိမ် ဆက်ကြေးကောက် လာရောက် စောင့်ဆိုင်းလျက်ရှိကြောင်းလည်း သိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များမှ ကောက်ယူတောင်းခံနေသည့် ဆက်ကြေး ပမာဏသည် ကုန်အမျိုးအစား အားဖြင့် ကွာခြား လျက်ရှိပြီး ဘိလပ်မြေ တင်ကား တစ်စီးလျှင် ငွေကျပ်နှစ်သိန်း၊ စက်သုံးဆီ တင်ကား တစ်စီးလျှင် ငွေကျပ် ငါးသိန်း စသဖြင့် ကောက်ယူ တောင်းခံကြကြောင်း ကားသမားများ ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ဒီတပတ်ထဲမှာ...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...