Tuesday, January 27, 2026

လက်နက်ကိုင်တပ်ဖွဲ့များ ကွမ်းလုံ – သိန္နီ လမ်းပိုင်းမှာ ဆက်ကြေးကောက်မှုကြမ်းလာ

သျှမ်းပြည် ကွမ်းလုံ – သိန္နီ လမ်းပိုင်း တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ဆက်ကြေးကောက် များပြားနေကြောင်း စုံစမ်းသိရသည်။

.

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် သန္နီ နှင့် ကွမ်းလုံကြား လမ်းပိုင်းတစ်လျှောက်တွင် ဆက်ကြေးအဖြစ် ၁၀ ဘီးကား တစ်စီးလျှင် ငွေကျပ် ဆယ်သိန်းမှ သိန်း နှစ်ဆယ်ကျပ်ထိ ကောက်ယူ တောင်းခံနေကြောင်း သိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆ ) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်မှ စတင်ကာ KIA  တပ်ဖွဲ့ မှ သိန္နီ – ကွမ်းလုံလမ်းပိုင်းရှိ ဟိုနောင်ကျေးရွာ နှင့် ပိန်းကန်ကျေးရွာကြားတွင် စောင့်ဆိုင်းကာ ဆက်ကြေး ကောက်နေကြောင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားကြီး ၁၂ ဘီးကား တစ်စီးဆိုရင် ငွေကျပ် ၇ သိန်းကနေ ၁၅ သိန်းထိ တောင်းတယ်၊ ၂၂ ဘီးကား ဆိုရင် ၁၀ သိန်းကနေ သိန်း ၂၀ ထိ တောင်းခံကြတော့ ကားသမားတွေ အခက်တွေ့ပြီပေ့ါ၊ ဆက်ကြေး စောင့်ကောက်တဲ့ နေရာမှာကို KIA ယူနီဖောင်းဝတ် စစ်သား ၁၅ ယောက်လောက် တွေ့ရတယ်” ဟု မန္တလေး – ချင်းရွှေဟော် ကားမောင်းသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ TNLA တပ်ဖွဲ့မှ အခွန်ကောက် စောင့်နေသည့်အတွက် မန္တလေး ဘက်မှ တက်လာသည့် ကုန်တင်ကားသမားမျာလည်း ရှေ့ဆက်မတိုးရဲကြဘဲ သိန္နီမြို့ အဝင် ပန်လော့ဂိတ် အနီးတွင် ရပ်နားထားရကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

“ကွမ်းလုံ – ချင်းရွှေဟော်ဘက်သွားမယ့် မန္တလေးဘက်ကနေ တက်လာတဲ့ ကားတွေ အခွန်ပေးရမယ့် ပမာဏ အရမ်းများကြလို့ ရှေ့ဆက်မတိုးရဲကြတာ၊ သိန္နီအဝင်နားမှာ ရပ်နားနေကြတာ အစီး ၁၀၀ နီးနီးရှိတယ်၊ ဒီနေ့အထိပဲ” ဟု အထက်ပါ မန္တလေး – ချင်းရွှေဟော် ကားမောင်းသည့် ကားသမားက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှာလည်း TNLA တပ်ဖွဲ့မှ သိန္နီ – ကွမ်းလုံကြား လမ်းပိုင်းကို ပုံမှန်အားဖြင့် ၁၀ ရက် တစ်ကြိမ် ဆက်ကြေးကောက် လာရောက် စောင့်ဆိုင်းလျက်ရှိကြောင်းလည်း သိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များမှ ကောက်ယူတောင်းခံနေသည့် ဆက်ကြေး ပမာဏသည် ကုန်အမျိုးအစား အားဖြင့် ကွာခြား လျက်ရှိပြီး ဘိလပ်မြေ တင်ကား တစ်စီးလျှင် ငွေကျပ်နှစ်သိန်း၊ စက်သုံးဆီ တင်ကား တစ်စီးလျှင် ငွေကျပ် ငါးသိန်း စသဖြင့် ကောက်ယူ တောင်းခံကြကြောင်း ကားသမားများ ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...