အပစ်ရပ် EAOs (၅) ဖွဲ့နှင့် စစ်ကောင်စီတို့ ၂၀၀၈ ပြင်ဆင်ရေး အပါအဝင် သဘောတူညီချက် (၄) ချက်ရရှိ

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အပစ်ရပ် EAOs ၅ ဖွဲ့တို့က ၃ ရက်တိုင် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် သဘောတူညီချက် (၄) ချက် ရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်နဲ့ စကစ ငြိမ်းချမ်းရေးဆွေးနွေးစဥ်

NSPNC ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြင်ဆင်လိုသည့်အချက်များ ရှိပါက ဆွေးနွေးရန် ဆိုသည့် ဖိတ်ခေါ် မှုကြောင့် အပစ်ရပ် EAOs (၅) ဖွဲ့က နေပြည်တော်သို့ သွားရောက်ပြီး ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်း တွေ့ဆုံဆွေးနွေးမှုမှ ရရှိခဲ့သည့် သဘောတူညီချက်များ နှင့် ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ နှင့် ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အပစ်ရပ် EAOs (၅) ဖွဲ့ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်း က ၂၀၂၃ ရွေးကောက်ပွဲကို စံချိန်စံညွှန်း နှင့် အညီ ဆောင်ရွက်ရေးအတွက် အဓိက ဆွေးနွေးဖြစ်ခဲ့ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သဘောတူညီချက် အဖြစ်ကတော့ ၄ ချက် ဖြစ်ပါတယ်။ မှတ်တမ်းကတော့ ကျမတို့ ၅ ချက် ရရှိခဲ့တယ်။ ဒီ သဘောတူညီချက်တွေထဲမှာ ပါတီစုံ နိုင်ငံရေးစနစ်ကို လက်ခံရေး၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲကို ရွေးကောက် ပွဲ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ရေးဆိုတဲ့ အချက်တွေ ပါဝင်တာဖြစ်ပါတယ်၊ ကျမတို့က သဘောတူညီချက်ရဲ့ အသေးစိတ်ကို Statement မှာ ရေးထားတာ မဟုတ်ပါဘူး။ အဓိက ကတော့ ယေဘူယျကိုပဲ ပြောလို့ ရပါတယ်။ နှစ်ဦးနှစ်ဘက် သဘောတူထားတာကို media ထုတ်ပြန်ချက်အဖြစ် ပြောဖို့ မရှိပါဘူး” ဟု ဒေါ်စောမြရာဇာလင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်များ ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ခေါင်းဆောင် များ တက်ရောက်ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အပစ်ရပ် EAOs (၅) ဖွဲ့မှ ထုတ်ပြန်ကြေညာချက်လည်း ထုတ်ပြန် ထားပြီး ဖြစ်သည်။

ယင်း ထုတ်ပြန်ချက်တွင် စစ်ကောင်စီနှင့် သဘောတူညီချက် (၄) ချက်မှ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက် (၁၀) ချက် ပါဝင်ကြောင်း ထုတ်ပြန်ထားသော်လည်း အသေးစိတ် အချက်အလက်များကို မီဒီယာထံ ချပြရန် မဖြစ်နိုင်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။

“တချို့ဟာကျတော့ Statement ထဲ မပါတာရှိတယ်၊ ဒါကလည်း ကျမတို့ ချပြလို့ အဆင်မပြေတာပေါ့နော်၊ မှတ်တမ်း ၅ ရပ် ထဲမှာတော့ NCA ထိုးထားတဲ့ EAOs တွေ အားလုံး ပါဝင်တဲ့ အလွတ်သဘော ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ အမြန်ဆုံး တွေ့ဆုံရေးဆိုတာ ပါဝင်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NCA ထိုးတာရော လက်မှတ် မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော ပါဝင်ရေးကို ကြိုးပမ်းသွားမှာ” ဟု ဒေါ်စောမြရာဇာလင်း က ဆက်ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို PPST အဖွဲ့ဝင် EAOs (၅) ဖွဲ့ တက်ရောက်သော်လည်း သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခဲ့ခြင်း မရှိကြောင်းလည်း စုံစမ်းသိရှိရသည်။
ယင်း ဆွေးနွေးပွဲကို မည်သည့် အကြောင်းကြောင့် မတက်ရောက်ခဲ့ကြောင်း အသေးစိတ် မေးမြန်းနိုင်ရန် RCSS နှင့် NMSP ပြောရေးဆိုခွင့်ရှိသူတို့အား သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...