နမ့်ခမ်းမြို့မှ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၆၀၀ ဖြင့် လဲလှယ်ခိုင်း

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး မြန်မာကျပ်ငွေသိန်း ၆၀၀ ဖြင့် လာရောက်လဲလှယ်ခိုင်းကြောင်း သတင်းသိရသည်။

နမ့်ခမ်းမြို့

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နမ့်ခမ်းမြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ နန်းခင်မာဦးကို မျက်နှာဖုံးစွပ် အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားပြီး ပိုက်ဆံ သိန်း ၆၀၀ ကျပ်ဖြင့် လာရောက် လဲလှယ်ရန် မိသားစုဝင်များကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။

“သူတို့အိမ်က ကုန်စုံဆိုင်လေးဖွင့်ထားပါတယ်၊ အဲ့အမျိုးသားနှစ်ယောက် ပထမအကြိမ်လာတုန်းက ဈေးဝယ် သလိုလိုနဲ့ စကားပြောပြီး ပြန်ထွက်သွားတယ်၊ ဒုတိယ တခေါက်ထပ်လာပြီးတော့ ဖမ်းသွားတာ၊ သူတို့က သူမ မိသားစုတွေဆီ ဖုန်းဆက်လာပြီး ပိုက်ဆံ သိန်း ၆၀၀ ကျပ်နဲ့ ပြန်လာရွေးဖို့ ပြောတယ်၊ ဖုန်းထဲကနေ သေနတ် ငါးချက်လည်း ပစ်ပြတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြန်ပေးဆွဲသူတို့ တောင်းဆိုသည့် ငွေကျပ် သိန်း ၆၀၀ မရှိကြောင်း မိသားစုဝင်များက ပြန်ပြောသည့်အချိန်တွင် ဖုန်းထဲမှတစ်ဆင့် သေနတ်ငါးချက် ပစ်ဖောက်မှု ရှိခဲ့သည်။

မိသားစုဝင်များက ဆွေမျိုးများ နှင့် နီးစပ်သူများထံ ငွေကြေးချေးငှားပြီး ပိုက်ဆံ သိန်း ၈၀ ကျပ် ရရှိလာသည့် အတွက် အဆိုပါ သိန်း ၈၀ ကျပ်ဖြင့်ပင် နန်းခင်မာဦးကို ပြန်လည် ရွေးယူခဲ့ရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“မိသားစုဝင်တွေကလည်း ပိုက်ဆံ သိန်း ၆၀၀ ကျပ် မပြောနဲ့ ၆၀ တောင် မရှိဘူးပြောတယ်၊ ဒါပေမဲ့ အရပ်ထဲ ရွာထဲ ဆွေမျိုးတွေကနေ ပိုက်ဆံတွေ လိုက်ချေးတော့ သိန်း ၈၀ လောက်ရလာတယ်၊ အဲ့ဒါနဲ့ ပြန်ပေးဆွဲ လုပ်တဲ့ သူတွေကို ဖုန်းပြန်ဆက်တော့ သဘောတူတယ်ဆိုပြီး ပိုက်ဆံထုပ်ကို မူဆယ် – နမ့်ခမ်း ကြားက တိုးဂိတ်နားမှာ သွားထားပေးရတယ်၊ လူကိုလည်း မနေ့က မနက်ပိုင်း အဲ့နေရာမှာပြန်လာပေးတာ” ဟု ၎င်းက ဆိုသည်။

မိသားစုဝင်များမှ ပိုက်ဆံ သိန်း ၈၀ ကို တိုးဂိတ်နား သွားထားလိုက်ပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်း တွင် နန်းခင်မာဦးကို ပြန်ပေးဆွဲသူတို့က မူဆယ် – နမ့်ခမ်းကြား တိုးဂိတ်နားတွင် ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် နန်းခင်မာဦးသည် နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ကြောက်ရွံ့တုန်လှုပ်မှုများ ရှိနေသေးကြောင်း သိရသည်။

စစ်တပ်မှနိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံ နှင့် တစ်ဝှမ်းလုံး၌ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာပြီး တရားမဝင် ငွေရှာချင်သည့် သောင်းကျန်းသူ အဖွဲ့များက ကလေးငယ်များ၊ အမျိုးသမီးများကို ပြန်ပေးဆွဲ ပြုလုပ်လာကြသည့်အတွက် ဒေသအတွင်း လုံခြုံရေးများလည်း ကင်းမဲ့နေသည်။

ထို့အပြင် နယ်စပ် ဒေသဖြစ်ကြသည့် မူဆယ်၊ နမ့်ခမ်း နှင့် တာချီလိတ်တို့လို နေရာများ၌ လူဝင်လူထွက် များပြားပြီး လက်နက်ကိုင် တပ်ဖွဲ့ ပေါင်းစုံက ဝင်ထွက်သွားလာနေသည့်အတွက် ရာဇဝတ်မှုလည်း ပိုမိုများပြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...