လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲရုံ ဖွင့်လှစ်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ နှစ်ဘက်တပ်ဖွဲ့ လုံခြုံရေးရယူပြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လားရှိုး ရွေး/ကော်က လူတွေကို စစ်တပ်နဲ့ ကိုးကန့်တပ်က လုံခြုံရေး ယူပေးပြီး မဲရုံထောင်ဖို့ စာသင်ကျောင်းတွေ လာကြည့်သွားတယ်။ မနေ့က နမ့်ပေါင်နဲ့ နမ္မဗောဒဘက်ကို ထပ်လာသွားတာ၊ ကိုးကန့်ဘက်လည်း ဘာမှ မပြောတဲ့အပြင် လုံခြုံရေးလည်း ယူပေးနေတာ တွေ့တယ်။ မဲရုံကတော့ လမ်းမကြီးဘေးက စာသင်ကျောင်းတွေပဲ ဖွင့်နိုင်လောက်တယ်” ဟု လားရှိုးမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နမ့်ပေါင်ကျေးရွာ မီးသတ်ရုံးသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ (၄) ရက်တွင် လားရှိုးမြို့ပေါ်မှ စစ်ကော်မရှင် တပ်သားများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ လာရောက်ပြီး မဲဆန္ဒရှင်စာရင်းများ ကောက်ခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့နယ်သည် လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်နေသော်လည်း စစ်ကော်မရှင်ဘက်မှ မြို့ပေါ်ရပ်ကွက် (၁၂) ခုသာ ထိန်းချုပ်ခွင့် ရရှိထားပြီး မြို့ပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၅) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းတွင် လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၆၄) အုပ်စုအထိ ပါရှိသည်။

သို့သော် လားရှိုး-သီပေါ-မိုင်းရယ် လမ်းမကြီးတစ်လျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မယ်ဟန်၊ ခေးနင်း၊ နောင်မွန်၊ ပြိန်းထွန်၊ စင့်အင်၊ နမ့်ပေါင်၊ မန်ပျဉ်၊ နမ္မဗောဒ စသည့် ကျေးရွာအုပ်စုများ မပါဝင်ဘဲ အဆိုပါ ကျေးရွာအုပ်စုများတွင် မဲပေးစက် အသိပညာပေး ပြုလုပ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

အလားတူ ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပါဝင်သည့် မိုင်းရယ်မြို့နယ်တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စု (၈) အုပ်စု ကြေညာထားပြီး MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စုရှိ ဝမ်လုံကျေးရွာတွင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများမှ ဒီဇင်ဘာလ (၁၂) ရက်နေ့က မဲပေးစက် အသိပညာပေး ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုင်းရယ် UEC က ဝမ်လုံ ခန်းမမှာ မဲပေးနည်း လာသင်ပေးတယ်။ လမ်းမကြီး ဘေးက ဝမ်လုံနဲ့ ပန်ညောင်ပဲ ခေါ်သေးတယ်၊ အထဲကျတဲ့ ရွာတွေတော့ မခေါ်သေးဘူး။ ရွာသားတွေ ကြံခုတ်နေကြလို့ သွားနားထောင်တဲ့လူလည်း နည်းနည်းပဲ ရှိတယ်။ အဲ့တာ သွားနားထောင်ဖို့ အုပ်စုဥက္ကဋ္ဌတွေကနေ တစ်ရွာချင်းစီ ဆင့်ခေါ်တာ” ဟု မိုင်းရယ်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လားရှိုးမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KDUP) တို့မှ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု UEC မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားဟု စစ်တပ်ခန့်ဒုဝန်ကြီး ရွေးတုလွှတ်တော်တွင် ဖြေကြား

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ရွေးတုလွှတ်တော်တွင် ဖြေကြားခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် ယနေ့ (ဇူလိုင်လ ၂၈ ရက်) ကျင်းပသည့် အစည်းအဝေး၌ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ တင်ပြထားသည့် သီပေါတံတားကိစ္စ...