MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို

သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။

MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင် သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးဆောင်ဆန္ဒပြသူနှင့် နောက်ကွယ်မှ စည်းရုံးလှုံ့ဆော်သူများကို ရှာဖွေရန် ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့ကြောင်း နမ့်ပေါင်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ ကျေးရွာဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများမှ သိန္နီမြို့ရှိ MNDAA တာဝန်ရှိသူများထံ သွားရောက်ညှိနှိုင်းခဲ့ချိန်တွင် ဆန္ဒပြသူ (၂၇) ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး (၉) ဦးကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

“၉ ရက်နေ့က ၄ ယောက် ပြန်လွှတ်လာတယ်၊ ကျန်တဲ့ ၅ ယောက်ကိုတော့ လောက်ကိုင်မှာ နှစ်ချုပ်အစည်းအဝေး တက်ပြီး လူကြီးတွေ ပြန်လာမှ လွှတ်ပေးမယ်လို့ ပြောတယ်။ ဘယ်နေ့လွှတ်ပေးမလဲ သေချာမသိရဘူး၊ ကိုးကန့်ဘက်က အခုထိ ဖမ်းခံထားတဲ့ ၅ ယောက်ကို ပြန်မလွှတ်သေးလို့ သူတို့ရဲ့ ကျန်းမာရေး စိတ်ပူတယ်” ဟု နမ့်ပေါင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအတောအတွင်း ဖမ်းဆီးခံထားသည့် လားရှိုးဒေသခံများကို ပြန်လွှတ်ပေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ MNDAA ဌာနချုပ်သို့ စာပေးပို့ ညှိနှိုင်းခဲ့ပြီး သျှမ်းအရပ်ဖက် အဖွဲ့အစည်းများလည်း ကြေညာချက် အသီးသီး ထုတ်ပြန်တောင်းဆိုခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ (၉) ရက် ညနေ ၃ နာရီခန့်တွင် သိန္နီမြို့၌ ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူ (၉) ဦးထဲမှ (၄) ဦးကို MNDAA ဘက်မှ ပြန်လွှတ်ပေးခဲ့သော်လည်း လက်ရှိ သတင်းရေးသားချိန်အထိ ကျန် (၅) ဦးကို သီတင်းနှစ်ပတ်ကျော်ကြာ ဆက်လက် ဖမ်းဆီးထားကြောင်း နမ့်ပေါင်ဒေသခံများထံမှ သိရသည်။

လက်ရှိအခြေအနေတွင် မန်စယ်ရွာသား (၅) ဦးကို MNDAA ဘက်မှ ဆက်လက် ဖမ်းဆီးထားခြင်းကြောင့် ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး စိုးရိမ်ရပြီး ဒေသအကျိုးစီးပွား အလို့ငှာ ဆန္ဒဖော်ထုတ်ကြသည်ကို နှောင့်ယှက်ဟန့်တားရုံမက အဓမ္မ ရိုက်နှက် ဖမ်းဆီးချုပ်နှောင်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း သျှမ်းလူငယ်ကွန်ဂရက် အပါအဝင် သျှမ်းလူငယ်အဖွဲ့အစည်း (၁၁) ဖွဲ့မှ ဖေဖော်ဝါရီလ (၁၄) ရက်တွင် ထုတ်ပြန်ထားသည်။

သျှမ်းပြည်သားချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို မျှော်တွေး၍ ဖမ်းဆီးချုပ်နှောင် ခံထားရသော မန်စယ်ရွာသား (၅) ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ၎င်းတို့ ထိခိုက်မှု တစုံတရာ ဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ မဖြစ်သင့်သော နောက်ဆက်တွဲ လူမျိုးရေး ပဋိပက္ခများ ဆက်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

“အဓိကတော့ စစ်အာဏာရှင် တော်လှန်တယ်လို့ ပြောတဲ့ အဖွဲ့က ပြည်သူကို ဖမ်းဆီး ရိုက်နှက်တယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စလေ။ ကိုးကန့်တွေက သူတို့အလုပ် သူတို့လုပ်တယ်ဆိုပေမယ့် ကိုယ့်သျှမ်းတပ်က ပြည်သူကို ကာကွယ်တာ မလုပ်ဘဲ မျက်စိမှိတ် နားပိတ်နေတာ။ ပြည်သူတွေ ထိခိုက်ခံစားနေရတာ ကိုယ်ချင်းစာဖို့ ကိုယ့်သျှမ်းတပ်ကို တောင်းဆိုချင်တယ်” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြားတစ်ဖက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ (၁၃) ရက်တွင် SSPP/SSA ဌာနချုပ်သို့ နှစ်သစ်ကူးအထိမ်းအမှတ် လာရောက်လည်ပတ်ခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသော်လည်း သိန္နီမြို့တွင် ဖမ်းဆီးခံထားရသည့် ရွာသား(၅) ဦးကိစ္စကို ထည့်သွင်းပြောကြားခြင်း ရှိ၊ မရှိ မသိရပေ။

အလားတူ ဖေဖော်ဝါရီလ (၁၃) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ ၏ တတိယသား မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားသို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ‘ဝ’တပ်ဖွဲ့ UWSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် မိုင်းလားတပ်ဖွဲ့ NDAA ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း SSPP Info မှ ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...