လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး MNDAA ၏ မြို့နယ်မှူးဆိုသူများမှ လားရှိုးမြို့နယ် အရှေ့တောင်ဘက်ရှိ မိုင်းပိုင်၊ နားနန်း၊ မန်စယ်၊ နမ့်ပေါင် စသည့် ကျေးရွာအုပ်စုများတွင် တစ်ရွာလျှင် တစ်ဦးကျ တပ်သားသစ် စုဆောင်းပြီး ဇွန်လ ၂၅ ရက် နောက်ဆုံးထား ပို့ဆောင်ပေးရန် ဆင့်ခေါ်ထားကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်ပေါင်ဘက်က ကိုးကန့်မြို့နယ်မှူးလုပ်တဲ့လူက စစ်သားလုပ်ဖို့ လူလာကောက်တာ။ တစ်ရွာကို လူတစ်ယောက် ရအောင် ရှာပေးရမယ်၊ ၂၅ ရက်နေ့ မအပ်ပေးနိုင်ရင် ရွာလူကြီးကို အစားထိုး ခေါ်သွားမယ် ပြောတယ်။ မန်စယ်အုပ်စုကတော့ လူစားထိုးဖို့ ရှာတာ သိန်း (၆၀) နဲ့ ရတယ်လို့ ကြားတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လားရှိုးမြို့နယ် MNDAA တပ်ဖွဲ့ထံ ဇွန်လ (၂၅) ရက် နောက်ဆုံးထား၍ တပ်သားသစ် ပို့ဆောင်ပေးရမည့် ကျေးရွာများမှာ မိုင်းပိုင်အုပ်စု၊ ကြူတီးအုပ်စုနှင့် တောနေအုပ်စုတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း (၉) ရွာလည်း တစ်ရွာလျှင် တစ်ဦးကျ လူသစ်စုဆောင်းပြီး ပို့ဆောင်ပေးရန် MNDAA ၏ ဒုတိယမြို့နယ်မှူးဆိုသူ ဦးစိုးမြင့်နှင့် စိုင်းကျော်ဟန်တို့က ဦးဆောင်ကာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း နမ့်ပေါင်ဒေသခံများက ပြောသည်။

“ကိုးကန့်က အပြောတစ်မျိုး၊ အလုပ်တစ်မျိုး အဲ့လိုဖြစ်နေတာ။ အထက်လူကြီးတွေ ဘယ်လိုပဲ ဆွေးနွေးတယ်ပြောလည်း အောက်ခြေက လုပ်ချင်တာ လုပ်တာပဲ။ အရင်တစ်ပတ်က SSPP နဲ့ ဆွေးနွေးတုန်းက ဒီဘက်မှာ လူမကောက်တော့ဘူးလို့ သဘောတူထားတာ၊ သူတို့ကတိ မတည်ဘူးလားပေါ့”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၅) ရက်ကလည်း လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လောင်ခိုင် ဆိုသူ ဦးဆောင်သည့် အဖွဲ့သည် ဟန်နားကျေးရွာ ဥက္ကဋ္ဌ ဦးဆန်ကြာကို စဉ့်အင်ဘက်ရှိ နားလန်းရွာသို့ တစ်ညအိပ် ဖမ်းဆီးသွားပြီး ဟန်နားကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုစာရင်းများကို ပြည်သူ(၁၀) ဦးမှ သွားရောက်ပေးပို့မှသာ ဇွန်လ (၆) ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုရှိ မန်မိုင်မိုက်နင်(မႆႉၼိမ်)ရွာမှ ကျေးရွာဥက္ကဋ္ဌနှင့် ရှေ့မီနောက်မီ လူကြီး (၂) ဦးတို့ကိုလည်း အိမ်ထောင်စုစာရင်း အကြောင်းပြကာ ကိုးကန့်တပ်ဖွဲ့မှ ဇွန်လပထမပတ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ (၆) ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီးရှိ သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA နှစ်ဘက်အရာရှိများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး SSPP ထိန်းချုပ် မိုင်းရယ်၊ နမ့်ပေါင်နှင့် ဆင်ကျော့အနီးတဝိုက်တွင် MNDAA မှ တပ်သားစုဆောင်းခြင်း၊ အုပ်ချုပ်ရေးချမှတ်ခြင်းနှင့် အခွန်(ဆတ်ကြေး) ကောက်ခံခြင်း မပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...